Hnin April Books

Hnin April Books

Share

26/03/2022

"ဘဝ မှောင်နေတယ်ထင် ရင် စာဖတ်ပါ "

" အလင်းမြင်ရပါလိမ့်မယ်"

💎 လင်းလက်စမ်းပါ အခရာ💎

ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
မှီခိုခယမှုမရှိဘဲ
မင့်ခြေ မင့်လက်နဲ့ လောကထဲ ထွက်ကြည့်တဲ့အခါ
မင်း ဘယ်လောက်အစွမ်းအစရှိသလဲဆိုတာ
ပိုပိုပြီး သိသိလာလိမ့်မယ် အခရာ....

🌟သုတေသန ရလာဒ်တွေအရ...
မိဘဆွေမျိုး အသိုင်းအဝိုင်းနဲ့ ခွဲနေသူတွေက
လောကမှာ အောင်နိုင်ချေ ပိုမိုများပြားသတဲ့။

ငါ့ခြေငါ့လက်နဲ့ ခရီးထွက်မယ်
ငါ့အတွက် ငါကိုယ်တိုင်ဦးဆောင်ရမယ်
ငါဘဝကို ငါ့မိဘ စိတ်မချမှု မဖြစ်စေရ
ငါအခုပျင်းရင် မကြာခင် ငါဖျင်းသွားလိမ့်မယ်
ငါမတတ်ရင် တစ်လျှောက်လုံး ငါငတ်သွားမယ်
ငါနားရင် ငါမှားပြီး ကျန်ခဲ့ရလိမ့်မယ်
ငါ့ သတ္တိ ၊ ငါ့ယုံကြည်ချက် ၊ ငါ့အားထုတ်မှုနဲ့
ငါ့အပေါ်ပြုစုခဲ့ကြသူတို့ရဲ့ ကျေးဇူးအကြွေး
ငါသမိုင်း ငါရေးပြီး ပြန်ဆပ်ပေးမယ်
ငါ့အတွေးတွေ ငါပြင်မယ်
ငါ့နေထိုင်မှုတွေ ငါပြင်မယ်
ငါ့ရင်ဘတ်ထဲက နှလုံးသွေးစက်
ငါဆုံတွေ့သမျှသော လောကဓံအတွက်
ငါပီသတဲ့ စိန်ခေါ်ချက်ကြောင့်ပဲ စီးကျစေရမယ်လို့
ခံယူချက် စိတ်အလံလွှင့်ပြီး အပြင်ထွက်လိုက်ပါ အခရာ။

🌿အစိမ်းသက်သက် ပတ်ဝန်းကျင်မှာ
သင်ယူချင် တော်ချင် တတ်ချင်စိတ်နဲ့ ရှင်ဘုရင်ဖြစ်မှ " ငါက ငါပီပြင်တဲ့ လူသားဖြစ်မယ်" လေ....။

#ဇေယျာထွန်း
& Life Coach

📖 အခရာဖတ်ဖို့ (ဒုတိယအကြိမ်)
✍️ ဇေယျာထွန်း (Business & Life Coach)
💰 3000

စာချစ်သူတို့ ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
Hnin April စာပေ
09428559494

25/03/2022

📖 တစ်နေ့နေ့မှာ
✍️ Win Ko Ko Aung (PJW)
💰 ၄၀၀၀
📃 စာမျက်နှာ - ၁၆၁ မျက်နှာ

အချစ်နဲ့ဖွဲ့တည်တဲ့ အင်အားတွေက အခြားအခြားသောအင်အားတွေထက် စွမ်းအင်ကြီးမား တတ်ပါတယ်ဆိုတာကို ယုံကြည်သင့်ပါတယ်။ အချစ်ဆိုတဲ့အရာက တစ်ခါတစ်ရံ မမျှော်လင့်ပဲ ရောက်လာတတ်ပြီး ဘဝမှာအမှတ်တရမျိုးစေ့တွေစိုက်ပျိုးသွားပေးသေးတယ်။ ဒါပေမယ့် အချစ်နဲ့ကင်းဖို့ကြိုးစားတဲ့စိတ်က လူသားမဆန်တဲ့စိတ်ပါ။ တကယ်တော့လည်း လောကမှာ တွေ့ဆုံခြင်းဆိုတာ ခွဲခါဖို့လမ်းစပဲလေ။ အနှေးနဲ့ အမြန်တော့ကွာတာပေါ့။

လူတိုင်းငယ်ရွယ်တဲ့အချိန်အပိုင်းလေးကိုဖြတ်သန်းချိန်မှာ အချစ်ဇာတ်လမ်းလေးကိုယ်စီကြုံဖူးကြမှာပါ။ အချစ်ရဲ့ နူးညံ့မှုတွေ၊ ကြင်နာမှုတွေ၊ အလွမ်းဒဏ်တွေကို ခံစားမိကြမှာပါ။ လူငယ်တိုင်းမှာ အချစ်ဇာတ်လမ်းတွေ ရှိဖူးပါတယ်။ မရှိဖူးတဲ့ FA တွေလည်း ဒီစာအုပ်ကို ခံစားလို့ ရမှာပါလို့ (PJW) ကဆိုထားပါတယ်နော်။

စာချစ်သူတို့ ကျန်းမာ ပျော်ရွှင်သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
Hnin April စာပေ
09428559494

25/03/2022

📖 ငြိမ်းချမ်းမှုကို ရှာဖွေခြင်း
✍️ မောင်သန်း
💰 ၄၀၀၀
📃 စာမျက်နှာ 184

▪️ ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဟေမန်ဆူနမ် (Haemin Sunim) ရေးသားတဲ့ The Things You Can See Only When You Slow Down စာအုပ်ကို ဆရာမောင်သန်းမှ မြန်မာဘာသာပြန်ဆိုထားသည့် စာအုပ်ဖြစ်ပါတယ်။ မူရင်းစာအုပ်ဟာ နိုင်ငံခြားဘာသာပေါင်း ၃၀ ကျော်ထိ ဘာသာပြန်ထားပြီး အုပ်ရေသုံးသန်းကျော်ရောင်းချထားပြီးဖြစ်တဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

▪️ စာအုပ်မှာ အခန်း(၈)ခန်းပါဝင်ပြီး ဘ၀မှာ ကြုံတွေ့လာရနိုင်တဲ့ ရှုထောင့်ပေါင်းစုံကို တစ်ခုချင်းစီ ရေးပြထားပါတယ်။ အဲဒီအထဲမှာ အချစ်အကြောင်း၊ ခင်မင်မှုအကြောင်းတွေပါသလို အလုပ်အကြောင်း၊ စိတ်ခွန်အားဖြစ်စရာတွေလည်း ပါပါတယ်။ ကိုယ့်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အသေချာ မရေရာဖြစ်နေရင်၊ ကိုယ့်ရဲ့ဝါသနာကိုမသိရင်၊ ကိုယ့်အကြောင်းကို ပို နားလည်လာဖို့နဲ့ ကိုယ့်ရဲ့ဝါသနာပါရာကို ရှာဖွေတွေ့ရှိဖို့ နည်းလမ်းတွေကို အကြံပေးထားပါတယ်။

▪️ အခန်းတစ်ခန်းစီကို အက်ဆေးတစ်ပုဒ်နဲ့စထားပြီး မှတ်သားဖွယ် အကြောင်းအရာခပ်တိုတိုလေးတွေကို နောက်ဆက်တွဲ ရေးပြထားပါတယ်။ အဲဒီ အကြံဉာဏ်တိုတိုလေးတွေဟာ သင့်ကို ရည်ရွယ်ပြီး ရေးထားပါတယ်။ အဲဒီ အကြံဉာဏ်တိုတိုလေးတွေဟာ သင့်ကိုရည်ရွယ်ပြီး ရေးထားပါတယ်။ ဒါမှသာ ဘ၀မှာ အခက်အခဲစိတ်ညစ်စရာတွေ ကြုံရတဲ့အခါ အဲဒီမက်ဆေ့စ် တိုတိုလေးတွေကို မှတ်မိပြီး ရှေ့ဆက်ဖို့ ခွန်အားရနိုင်မှာဖြစ်ပါတယ်။

▪️ စိတ်အာရုံစူးစိုက်မှု ပိုကောင်းလာဖို့၊ တရားမှတ်ဖို့အတွက် မှတ်ချက်တိုလေးတွေ ထည့်ရေးထားပါတယ်။ တချို့စာဖတ်သူတွေကတော့ ၀တ္ထုစာအုပ်ဖတ်သလို မြန်မြန်ဖတ်လိုက်ကြမှာပါ။ ဒါပေမယ့် စာရေးသူ အကြံပြုလိုတာကတော့ အချိန်ယူပြီး အေးအေးဆေးဆေး ဖတ်ဖို့ပါ။ အခန်းတစ်ခန်းပြီးတိုင်း ကိုယ်ဖတ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားပါ။ ပြီးမှ နောက်တစ်ခန်းကို ဆက်ဖတ်ပါလို့ အကြံပြုထားပါတယ်။

စာချစ်သူတို့ ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုက်ဆိုင်နိုင်ကြပါစေ။
Hnin April စာပေ
09428559494

21/03/2022

📖 ဂျက်မားနှင့်အလီဘာဘာ
✍️ ဗန်းမော်သိန်းဖေ
💰 3000
📃 စာမျက်နှာ 215

ဒီစာအုပ်ကို ရေးရတဲ့ရည်ရွယ်ချက်က မြန်မာလူငယ်တွေ အင်တာနက်ကုမ္ပဏီတစ်ခု ထူထောင်ပြီး ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ရင် ဘီလျံနာတစ်ယောက်ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာကို သိစေချင်လို့ပါ။ ဂျက်မားဟာ သူ့ခေါင်းထဲမှာပေါ်လာတဲ့ အကြံတစ်ခုကို ၁၅ နှစ်တိုင်တိုင် အကောင်အထည်ဖော် ကြိုးစားခဲ့ပြီးမှ အောင်မြင်မှုရသွားခဲ့တာမို့ သူ့ရဲ့အရှုံးမပေးစိတ်ဓာတ်ကို အတုယူစေချင်ပါတယ်။ ဒီစာအုပ်မှာဂျက်မားရဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှု၊ အရှုံးမပေးစိတ်ဓာတ်၊ ဇွဲမလျှော့ဘဲ ရုန်းကန်ကြိုးစားမှု၊ ခေါင်းဆောင်အရည်အချင်း စီးပွားရေအကွက်မြင်မှုတွေကို ဖတ်ရမည့်အပြင် အလီဘာဘာရဲ့ စီးပွားရေးမဟာဗျူဟာ၊ နည်းဗျူဟာတွေကိုလည်း ဖတ်ရမှာဖြစ်ပါတယ်။ အခုချိန်ကစပြီး ဂျက်မားနဲ့ အလီဘာဘာတို့ရဲ့ အတွေ့အကြုံတွေ၊ အတုယူစရာတွေကို အနီးကပ်လေ့လာကြပါစို့….

✅ စာချစ်သူတို့ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
Hnin April စာပေ
09428559494

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon