Burma Academy

Burma Academy

Share

05/12/2025

📃 ဂျီနီဗာ သဘောတူစာချုပ်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law - IHL) ကို သိရှိနားလည်ပြီး မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာလူသားချင်းစာနာမှု ထောက်ထားမှုဥပဒေဆိုင်ရာအခြေအနေများကို လေ့လာသုံးသပ်လာနိုင်စေရန်အတွက် "International Humanitarian Law Training" သင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ။

ဒီသုံးရက်တာ သင်တန်းမှာ ပဋိပက္ခများအတွင်း လိုက်နာရမယ့် ဥပဒေ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောတရား၊ စစ်ရေးပစ်မှတ်သတ်မှတ်ချက် စတဲ့ အကြောင်းအရာတွေကို ပို့ချပေးသွားမှာ ဖြစ်လို့ နိုင်ငံတကာ ဥပဒေအကြောင်း စိတ်ဝင်စားသူတွေ တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။

အဓိက အကြောင်းအရာတွေအနေနဲ့
• လူ့အခွင့်အရေး အယူအဆနှင့် အခြေခံ သဘောတရားများ
• ဂျီနီဗာ သဘောတူစာချုပ် ပေါ်ပေါက်လာပုံနှင့် ပါဝင်သည့် အချက်များ
• နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ပါ အခြေခံမူများ
• စစ်သည်တော်ကျင့်ဝတ်များ နှင့် စစ်ရေးပစ်မှတ် သတ်မှတ်ချက်များ
• မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် IHL ဆိုင်ရာ လေ့လာသုံးသပ်ချက်များ တို့ကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

International Humanitarian Law Trainingကို ဒီဇင်ဘာ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ၃ရက် ကာလတို သင်ကြားပေးသွားမှာ ဖြစ်ပြီး နေ့စဉ် နေ့လယ် ၁ နာရီခွဲကနေ ၄ နာရီအချိန်အတွင်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်ရှိတာမို့ တက်ရောက်လိုတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ အောက်ပါ Registration Link ကို ဝင်ရောက်ပြီး လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

Registration Link - https://tinyurl.com/BA-IntHumanLaw

Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။

12/10/2025

🖥️ Information Technology Passport Examination (IP) ဖြေဆိုချင်သူတွေအတွက် သင်တန်းဖွင့်လှစ်လိုက်ပါပြီ 📌

IT ပညာရပ်နဲ့ ပြည်တွင်းပြည်ပမှာ အသက်မွေးဝမ်းကြောင်း လမ်းခရီးကို စတင်ချင်တဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ဂျပန်နိုင်ငံနဲ့ အာဆီယံ ၇ နိုင်ငံက အသိအမှတ်ပြုထားတဲ့ ITPEC (သတင်းအချက်အလက်နည်းပညာ ကျွမ်းကျင်စာမေးပွဲ) ကို ဖြေဆိုကြရမှာဖြစ်ပါတယ်။ ဒီစာမေးပွဲမှာ အဆင့် ၃ ဆင့်ရှိပြီးတော့ Information Technology Passport Examination (IP), Fundamental Information Technology Engineer Examination (FE) နဲ့ Applied Information Technology Engineer Examination (AP) တို့ကို အဆင့်ဆင့် ဖြေဆိုရမှာဖြစ်ပါတယ်။

🎉 အခုဆိုရင် ITPEC စာမေးပွဲမှာ အခြေခံအကျဆုံးဖြစ်တဲ့ IP စာမေးပွဲအတွက် သင်တန်းသစ်ကို ဘားမားအကယ်ဒမီမှာ တက်ရောက်နိုင်ပြီဖြစ်ပါတယ် 🎉

ဒီသင်တန်းမှာ အခြေခံ IT knowledge တွေဖြစ်တဲ့

📌Information security and network
📌Basic knowledge of business activity/strategy, accounting, and legal affairs
📌Basic knowledge and skills of problem solving such as problem analysis, logical/systems thinking, and problem-solving strategies
📌Proficiency with IT office tools and ability to use to improve business efficiency
📌Knowledge and skills to avoid information security risks တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီသင်တန်းကို လုပ်ငန်းခွင်မှာ IT ကို အသုံးပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေ၊ IT နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေကို ရှာဖွေနေဆဲ ကျောင်းသူကျောင်းသားတွေ တက်ရောက်သင့်ပါတယ်။

✴️ IP Exam သင်တန်းက Live သင်ကြားပေးသွားမှာဖြစ်ပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ စတင် ပို့ချပေးသွားမှာဖြစ်ပါတယ်။ အတန်းရဲ့ တက်ရောက်ရမယ့် နေ့တွေနဲ့ အချိန်စာရင်းကိုတော့ https://tinyurl.com/BA-ITPEC-Cal3ndar မှာ ကြည့်ရှုနိုင်ပါတယ်။

တက်ရောက်လိုတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ အောက်ပါ Registration Link ကို ဝင်ရောက်ပြီး လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

Registration Link - https://tinyurl.com/BA-ITPECRegForm

Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။

01/09/2025

🩹 စိတ်ဒဏ်ရာတွေကို အရေးပေါ် ကုစားပေးဖို့အတွက် Psychological First Aid ❤️‍🩹

ဘေးအန္တရာယ်တစ်ခုခုနဲ့ ကြုံရပြီးတဲ့အချိန်မှာ ဒါမှမဟုတ် အချိုးအကွေ့တစ်ခုမှာ စိတ်ခံစားချက်တွေ ပြင်းပြင်းထန်ထန် ခံစားရတဲ့အခါမှာ စိတ်အဆင်ပြေနိုင်ဖို့အတွက် ကုစားပေးဖို့ လိုအပ်လာပါတယ်။ အနီးအနားမှာ စိတ်ကျန်းမာရေးဆွေးနွေးပေးနိုင်မယ့်သူ မရှိတဲ့အခါမှာ ကိုယ့်အတွက်ပဲဖြစ်ဖြစ် တခြားကိုယ်ချစ်ရတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် အရေးပေါ် စိတ်ကျန်းမာရေး အကူအညီ ဘယ်လိုပေးရမလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ဘားမားအကယ်ဒမီကနေပြီးတော့ Psychological First Aid အရေးပေါ် စိတ်ကျန်းမာရေး အကူအညီပေးနည်း သင်တန်းလေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ။
ဒီသင်တန်းမှာတော့ RAPID model ကို အသုံးပြုပြီး Psychological First Aid အကူအညီဘယ်လိုပေးရမလဲဆိုတာကို လေ့လာရမှာဖြစ်ပြီးတော့ တစ်ဘက်လူ ရင်ဖွင့်ပြောဆိုလာတာကို ဘယ်လိုနားထောင်ရမလဲ၊ အခြေအနေကို ဘယ်လိုသုံးသပ်ရမလဲ၊ ဆက်ပြီး စိတ်ပိုင်းဆိုင်ရာအတွက် ဘယ်လို ဂရုစိုက်ရမလဲဆိုတာတွေကို လေ့လာရမှာဖြစ်ပါတယ်။

သင်တန်းကတော့ ကိုယ်အားလပ်တဲ့အချိန်မှာ လေ့လာနိုင်တဲ့ Self-paced အမျိုးအစားသင်တန်းဖြစ်ပြီး အောက်ဖော်ပြပါ Link မှာ ဝင်ရောက် စာရင်းပေးသွင်းပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Registration Link – https://tinyurl.com/BA-Psy1stAid

Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပိုချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။

19/07/2025

၁၉ ဇူလိုင် မမေ့နိုင် - ၇၈ ကြိမ်မြောက် အာဇာနည်နေ့

ဒီကနေ့ဟာ ၇၈ ကြိမ်မြောက် အာဇာနည်နေ့ဖြစ်ပြီး တိုင်းပြည်အတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြတဲ့ အာဇာနည် ၉ ဦး လုပ်ကြံခံခဲ့ရတဲ့နေ့ဖြစ်ပါတယ်။ ဒီလုပ်ကြံမှုမှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ ဦးအဗ္ဗဒူရာဇတ်၊ မန်းဘခိုင်၊ မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးစတဲ့ အာဇာနည် ၉ ဦးဟာ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည် ၉ ဦး အပြင် တော်လှန်ရေးကာလ ၄ နှစ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကို တော်လှန်တွန်းလှန်ရင်း အသက်စွန့်ခဲ့ကြရတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ဆက်လက် တော်လှန်တိုက်ပွဲ ဝင်နေကြတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီတိုင်းကို ဘားမားအကယ်ဒမီမှ လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Address


No. 14, Inya Road
Yangon
11041

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00