Shwe Pyi Thar Information
📻 Breaking news
သမ္မတကြီး ဦးဝင်းမြင့် ပြန်လွတ်လာခဲ့ပြီဖြစ်သလို အမေစုကိုလည်း နေအိမ်အကျယ်ချုပ်နဲ့ ထားတော့မယ်လို့ သတင်းတွေတက်နေပါတယ်။
အမေစုကိုအကျွတ်အလွတ်လွှတ်ပေးဖို့တော့ မအလ လုပ်ရဲအုံးမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ကြတာပေါ့။
📻ပြည်သူ့အသံအစီအစဉ်📻
=====================
အက်ဒမင်ရေ… အစ်မက ၂၄ ရပ်ကွက်၊ ဇီးကုန်းကျေးရွာကပါ။ အခုအစ်မတို့ဘက်မှာ ရေမလာတာ ၁ပတ်ကျော်ကြာနေပါပြီ၊ အခြားလိုင်းအသစ်တွေ ပြန်ရနေပေမဲ့ အစ်မတို့လိုင်းအဟောင်းတွေ မလာသေးလို့ပါ။ လိုင်းအသစ်ပြောင်းပြီး အဟောင်းပိတ်ထားတယ်ဆိုရအောင်ကလည်း အခြား လိုင်းအဟောင်းတွေကလာနေပါတယ်။
အခုက ဘယ်ကိုဆက်သွယ်မေးမြန်းရမလဲမသိတာနဲ့ အက်ဒမင်တို့ဆီအကူအညီတောင်းကြည့်တာပါ။ ရေမလာတာရက်ကြာနေပြီဆိုတော့ ဒုက္ခအရမ်းရောက်နေပါတယ် ကူညီပြီး တင်ပြပေးပါဟု ပြည်သူတစ်ဦးက ပြောကြားထားပါတယ်။
15/04/2026
📞☎️လူပျောက်ကြော်ငြာ☎️📞
======================
ရွှေပြည်သာမြို့နယ်၊အမှတ်(၁၉)ရပ်ကွက်၊စွယ်တော်၃ လမ်း၊အိမ်အမှတ် ၁၇၁ တွင်နေထိုင်သူ အသက်၅၀ အရွယ်၊ ပုံပါဦးသက်ပြင်းဆိုသူသည် ယမန်နေ့ကတည်းက အိမ်မှထွက်သွားရာ ယခုအချိန်ထိ အဆက်အသွယ်မရသေးပါသဖြင့် တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက်_ ကျန်းမာရေးမကောင်းမွန်သူဖြစ်ပြီး လက်မောင်းမှာ ဦးသက်ပြင်းဆိုသည့်အမည်တက်တူးထိုးထားသည်ဟုသိရပါသည်။
ဆက်သွယ်ရန်_ 09698503105
08/04/2026
☎️ပြည်သူ့အသံအစီအစဉ်📞
=======================
မင်္ဂလာပါအစ်ကိုရေ ကျွန်တော်တို့ရွှေပြည်သာမြို့နယ်၊ ထ/၁၆ ရပ်ကွက် ရာအိမ်စု (၃)ဘက်မှာ အိမ်ရှေ့ရေမြောင်းပေါ် ရေချိူးခြင်း၊ အိုးခွက်ပန်းကန်ဆေးခြင်းနှင့် စားကြွင်းစားကျန်တွေပစ်ခြင်းကြောင့် ရေမြောင်းတွေပိတ်ပြီး အခြားပတ်ဝန်းကျင်နေအိမ်တွေမှာ ရေခပ်ထုတ်နေရပါတယ်၊ ရာအိမ်မှူးကိုယ်တိုင်ပြောတော့လည်း အကြောင်းမထူးဘဲ ဆက်လက်ပြီး လုပ်ဆောင်နေတာကြောင့် နွေရာသီကြီးကို အိမ်ထဲရေဝင်တဲ့အထိဖြစ်နေလို့ ပြည်သူ့အသံအစီစဉ်ကနေဖော်ပြပေးစေချင်ပါတယ်ဗျ " ဟု ၁၆ ရပ်ကွက်နေပြည်သူတစ်ဦးက သတင်းစကားပြောကြားထားပါသည်။
ဆက်လက်ပြီး…
“တ ၁၅ ပန်းခြံ ၃၁ မီးသတ်ရေကန်အနီး ရေမြောင်းမလုပ်ဘဲ လမ်းပေါ်မှာ
ကျောက်လုံးကြီးခင်းထားတာ အရင်ကဆိုရင်ကားဟိုဘက်တစ်စီးဒီဘက်တစ်စီးသွားလို့ရတဲ့လမ်းဟာ ခဲလုံးတွေခင်းထားတော့ ကားတစ်စီး ရပ်ထားရင်နောက်တစ်စီးကသွားလို့အဆင်မပြေ ခဲလုံးအကြီးေတွ ခင်းထားတော့
အန္တရာယ်ဖြစ်စေပါတယ်
မိုးတွင်းရေတက်တော့ရေမြောင်းမ
ဖောက်ထားတဲ့အတွက် အဲလို့ခဲလုံးကြီးခင်းထားတော့ ရေဆင်းမယ့် အပေါက်မရှိပါ လမ်းပေါ်တက်ပြီအဲလို့ခင်းလို့ရလား လမ်းသွားအများပြည်သူများ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ခုလိုပုံပါ ပုံစံမျိုးလုပ်လို့ရပါသလားရှင့်။အကြံပြုပေးစေလိုပါတယ်ရှင့်” ဟု ၁၅ ရပ်ကွက်နေပြည်သူတစ်ဦးကလည်းမေးမြန်းထားပါသည်။
#
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon