Happy Trio

Happy Trio

Share

10/05/2026

အမေများနေ့မှာ အမေတွေအတွက်ဂုဏ်ပြုရင်း

အမေဆိုတာ
သားသမီးတွေအတွက်တော့
လုံခြုံမှုအရှိဆုံး
အနွေးထွေးဆုံး လူသားတစ်ဦးပါ…💖

အမေ့မေတ္တာဟာ
သားသမီးတွေအနက်ရှိုင်းဆုံးပါ❤️

နေ့တိုင်း မောပန်းနေပေမယ့်
သားသမီးအတွက်တော့ အားအင်အပြည့်နဲ့
နွေးထွေးလုံခြုံမှုပေးနေတဲ့
အမေတိုင်းကို ဒီနေ့မှာ အထူးဂုဏ်ပြုချင်ပါတယ်။ 💝

အမေဆိုတာ အတော်ဆုံး၊ အပြည့်စုံဆုံး
လူတစ်ယောက်ဖြစ်စရာမလိုပါဘူး…
ချစ်ခြင်းမေတ္တာနဲ့ သားသမီးကို
နွေးထွေးတဲ့မေတ္တာပေးရုံနဲ့
လုံလောက်ပြီးသားပါ။

Happy Mother’s Day to all amazing moms! 💖

Thae Mu Mu Kyi
Heart Bridge Parenting

09/04/2026

မတ်လထဲမှာ Thesis defens စာမေးပွဲရော၊ thesis ကိုအပြီးအပ်ရတာရောကြောင့် ဒီပေ့ချ်ရော၊ parenting page ရော ဘာမှမတင်ဖြစ်ခဲ့ဘူး follwerတို့ရေ။

မွေးဂဏန်း 4 ကြောင့်အရေးကြီးကိစ္စတခုခုဆို အဲ့ဒီထဲဘဲမပြီးမချင်းအာရုံစူးစိုက်ပြီးဇွဲနဘဲနဲ့လုပ်လေ့ရှိပေမဲ့ success number 5 ကြောင့် လုပ်ချင်တဲ့အရာတွေ၊ သွားနေတဲ့direction တွေကလည်းများတယ်။

ဒီနှစ်ပိုင်းတွေမှာ ကျွန်မ လေ့လာသင်ယူခဲ့တဲ့ ပညာရပ်တွေဖြစ်တဲ့ tarot, numerology, destiny matrix စတာတွေကနေတဆင့်မိမိကိုယ်တိုင်၊ရယ်၊ မိသားစုရယ် client တွေရယ်ကို ဖတ်ပေးပြီးတိုင်း “အော် ငါကဒီနေရာမှာ ဒီလိုဖြစ်နေတာ ဒါကြောင့် ကိုး၊ သူကဒီလိုလူပါလား၊ သူ့မှာ ဒီ talent တွေပါလာတာကိုး”လို့ မှတ်ချက်ချမိနေရင်း အဲ့ဒီပညာတွေကိုလည်း ပိုပြီးနက်နက်ရှိုင်းရှိုင်း သိချင်လာရင်းပါပဲ။

မကြာခင်မှာ အဲ့ဒီပညာရပ်ဆိုင်ရာ ဗဟုသုတလေးတွေထပ်လာပြီးမျှဝေပေးပါအုန်းမယ် ရှင်။

Happy Trio
9 April 2026

06/03/2026

စိတ်ဝင်စားမှုကောင်းတဲ့ transit များဖြစ်ပေါ်ရာ ကာလအကြောင်း...သေချာလေး ရှင်းပြပေးလို့ ကျေးဇူးပါ တီချယ် 🥰🥰🥰

ဒီနေ့ astrology energy ကိုကြည့်လိုက်ရင် story တစ်ခုလို တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဒီနေ့ Venus က Aries ထဲကို Pisces ကနေစတင်‌ေရွှ့လာပါတယ်။ ဝင်လာတာနဲ့တင် Neptune နဲ့ Saturn ကို Aries ရဲ့ အစပိုင်း degrees မှာတစ်ခါတည်း conjunction ဖြစ်နေပါတယ် 0°, 1°, 2° ဆိုတော့ energy က အရမ်း concentrated လည်းဖြစ်၊ initiatry ဖြစ်နေပါတယ်။ New beginnings in love and money ဆိုကြပါစို့။

Venus ဆိုတာက ကျွန်မတို့ရဲ့ love, relationship, money, beauty, creativity နဲ့ personal values ကို ကိုယ်စားပြုတဲ့ planet ပါ။ Aries ကတော့ courage, action, beginning ဆိုတဲ့ energy ဖြစ်ပါတယ်။

ဒါကြောင့် ဒီ transit ကိုကြည့်လိုက်ရင် message တစ်ခု ထင်ရှားပါတယ်။
တချို့အရာတွေမှာ heart ကို follow လုပ်ပြီး စတင်ရမယ့် moment ရောက်လာတတ်ပါတယ်။
ဒါပေမယ့် ဒီ story မှာ interesting twist လေးရှိပါတယ်။

Venus က Neptune နဲ့လည်း conjunction ဖြစ်နေပါတယ်။ Neptune ဆိုတာ dream, imagination, spiritual love နဲ့ intuition ကို ကိုယ်စားပြုပါတယ်။ တချို့ကတော့ အချစ်နဲ့ငွေကြေးက romantic fantasy လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
ဒါနဲ့အတူ Saturn ကလည်း ရှိနေပါတယ်။ Saturn ကတော့ reality, structure, commitment နဲ့ long-term responsibility ကို ကိုယ်စားပြုပါတယ်။

ဒါကြောင့် ဒီ energy ကိုခံစားကြည့်လိုက်ရင်
Neptune က dream အတွက်ပံ့ပိုးပေးတယ်။
Saturn က reality တည်ဆောက်ပေးတယ်။
Venus ကတော့ heart ဘယ်ကိုသွားချင်လဲဆိုတာ ပြောတယ်။
အဲဒါကြောင့် ဒီ transit က တစ်ခါတလေ dream တစ်ခုကို real life မှာ build လုပ်ဖို့ အချိန်ရောက်လာတဲ့ moment ဖြစ်နိုင်ပါတယ်။
Love အတွက်ဆိုရင် ဒီ energy က အရမ်း interesting ဖြစ်ပါတယ်။ တချို့လူတွေမှာ sudden attraction ဖြစ်လာနိုင်တယ်။

တချို့ relationship တွေမှာတော့ romantic feeling က deeper level တစ်ခုကို shift ဖြစ်နိုင်ပါတယ်။ Neptune ရှိတာကြောင့် soulmate feeling တစ်ခုလို ဖြစ်နိုင်ပေမယ့် Saturn ရှိနေတဲ့အတွက် ဒီ connection က serious direction တစ်ခုကို ဦးတည်နိုင်တဲ့ energy ဖြစ်ပါတယ်။

Money နဲ့ business အတွက်လည်း message ကရှင်းပါတယ်။ တချို့ passion project တွေကို အရင်က dream လောက်ပဲ ထင်ခဲ့ရင် အခုအချိန်မှာ structure တည်ဆောက်ပြီး long-term income source ဖြစ်နိုင်တဲ့ direction တစ်ခုကို မြင်လာနိုင်ပါတယ်။ Saturn ပါတဲ့ Venus transit တွေမှာ relationship တင်မကပဲ financial stability အတွက် decision တွေလည်း မကြာခဏ ဖြစ်တတ်ပါတယ်။ သတိချပ်ဖို့ကတော့ Mercury retrograde နေတုန်းမို့ ဆုံးဖြတ်ချက် ယတိပြတ်ချစရာမလိုသေးရင် မလောပါနဲ့။
ဒီ story မှာ နောက်ထပ် interesting piece တစ်ခုလည်းရှိပါတယ်။

တစ်ချိန်တည်းမှာပဲ Mercury Pisces က Jupiter retrograde Cancer နဲ့ beautiful trine aspect ဖြစ်နေပါတယ်။ Mercury က mind နဲ့ communication ကို ကိုယ်စားပြုတယ်၊ Pisces မှာဆိုတော့ intuition နဲ့ subtle understanding ပိုပြီး strong ဖြစ်တတ်ပါတယ်။

Jupiter က expansion နဲ့ luck ကို ကိုယ်စားပြုတဲ့ planet ဖြစ်ပြီး အခု Cancer မှာ retrograde ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခင်မှာ direct ဖြစ်တော့မယ် ဆိုတော့ ဒီအချိန်က reflection နဲ့ realization တွေ ရလာနိုင်တဲ့ moment ဖြစ်ပါတယ်။
တချို့လူတွေမှာ suddenly clarity တစ်ခုရလာနိုင်တယ်။ အဖြေတစ်ခုရသွားတာမျိုးပေါ့။
တချို့ opportunity တွေကို suddenly မြင်လာနိုင်တယ်။ 'Ah-ha!' moment လိုမျိုး။

တချို့ conversation တစ်ခုက future direction ကို open လုပ်ပေးနိုင်ပါတယ်။
ဒါကြောင့် ဒီ astrology alignment ကို ကြည့်လိုက်ရင် intuition action long-term building ဆိုတဲ့ energy သုံးခု ပေါင်းနေတဲ့ period လို့ ပြောလို့ရပါတယ်။
သုံးတတ်ရင် so powerful ပါပဲ။

Astrology အရ ဒီ transit ရဲ့ luckiest signs တွေကိုကြည့်မယ်ဆိုရင်

အထူးသဖြင့် Aries, Leo, Sagittarius လို fire signs တွေက အရမ်း activate ဖြစ်ပါတယ်။ Aries အတွက်တော့ Venus ကိုယ်တိုင် sign ထဲကို ဝင်လာတာဆိုတော့ love, confidence နဲ့ opportunity အတွက် new beginning ဖြစ်နိုင်ပါတယ်။ Venus ruling လုပ်တဲ့ Libra and Ta**us လည်းတမျိုး ကံကောင်းနိုင်တယ်။
Leo နဲ့ Sagittarius အတွက်တော့ creative ideas နဲ့ leadership energy တွေ activate ဖြစ်နိုင်ပါတယ်။
တစ်ဖက်မှာ Cancer နဲ့ Pisces လို water signs တွေအတွက်လည်း Mercury-Jupiter trine က intuition blessing နဲ့ emotional support ပေးနိုင်ပါတယ်။ ဒီ signs တွေအတွက် good news, supportive conversation ဒါမှမဟုတ် money opportunity တစ်ခု လာနိုင်တဲ့ energy လည်း ဖြစ်ပါတယ်။
တချို့အရာတွေကို ကျွန်မတို့ အများကြီး push မလုပ်ပဲ…
အချိန်တန်လာတဲ့အခါ naturally unfold ဖြစ်သလို experience လုပ်ရတဲ့ moment တွေလည်းရှိပါတယ်။

heart ကို follow လုပ်ပြီး dream ကို reality ဖြစ်အောင် build လုပ်ဖို့ universe က subtle push ပေးနေတဲ့ moment တစ်ခုလိုပါပဲ။

ဒါကြောင့် နောက် zodiac podcast episode မှာတော့ ဒီ transit က rising sign တစ်ခုချင်းစီအတွက် ဘယ်နေရာမှာ luck, love နဲ့ money opportunity တွေ activate ဖြစ်နိုင်မလဲ ဆိုတာကို deeper dive လုပ်ပါမယ်။

Aries rising ကနေ Pisces rising အထိ sign တစ်ခုချင်းစီအတွက် career, relationship နဲ့ spiritual growth ဘယ်လို unfold ဖြစ်မလဲဆိုတာကို တစ်ခုချင်းစီရှင်းပြပေးပါမယ်။

Astrology ကို life strategy အဖြစ် အသုံးချချင်တဲ့သူတွေ အတွက် အရမ်း useful ဖြစ်မယ့် podcast ဖြစ်မယ်ထင်ပါတယ်။

ခုတော့မောဝါးဘီမို့၊ ဒီ weekend မှ ပို့မယ်နော့

25/02/2026

တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မှာ တီချယ်နဲ့ friend ဖြစ်တာ 5နှစ်ပြည့်တဲ့နေ့။ Tarot reading တွေနဲ့တီချယ့်ကိုစသိပြီး တီချယ့်ဆီမှာ ဒုတိယအကြိမ် free session October 2021မှာ tarot ကိုစလေ့လာခွင့်ရခဲ့တယ်။ အဲ့ဒီအတန်းပြီးတော့ကိုယ့်မိသားစုနဲ့အနီးနားကလိုအပ်သူတွေကိုကူချင်လို့ ဖတ်ပေးဖြစ်ခဲ့တယ်။

၂၀၂၃မှာ Tarot ကိုပိုသိချင်လာလို့ Basic + Advanced နှစ်တန်းလုံးထပ်တက်
ဖြစ်တယ်။ အဲ့ဒီနှစ်မှာတီချယ်နဲ့ Elite sessionလည်းယူဖြစ်ခဲ့တယ်။၂၀၂၄ တီချယ့်မွေးနေ့မှာ ပညာဒါနဟောပေးချင်လို့ ဆိုပြီး အရင်ရှိပြီးပေ့ချ်အဟောင်းကို “ Happy Trio” လို့နာမည်ပြောင်းပြီး public ကိုပါ ဖတ်ပေးဖြစ်ခဲ့တယ်။ ၂၀၂၅မှာ Destiny Matrix နဲ့ astroကိုသင်ယူဖြစ်ခဲ့တယ်။ တီချယ်ကသင်ပေးပြီးရင် apply လုပ်မှကြိုက်တာနဲ့ ကျွန်မကလည်း သင်ယူပြီးရင်ချက်ချင်း apply လုပ်ချင်တဲ့သူဆိုတော့ connection မိတယ်။ Longlife learningနဲ့ teaching passion ရှိတာချင်းလည်းတူပြန်တယ်။

24/02/2026

Astro class level-2

15 March 2026
ညမှာ ကျွန်မကိုယ်တိုင်သင်ကြားပေးမယ့်
2026 ရဲ့ Astrology Level 2
(Intermediate Level ) အတွက်
စတင် register လုပ်နိုင်ပါပြီ။
Form link ရယူရန် [email protected]ကိုစာပို့ပေးပါ။
Astrology Level 1 ( Beginner Level ) e-lecture များ ဝယ်ယူနားထောင်ပြီးသူများဖြစ်ရပါမည်။
နှစ်စတည်းက ကြိုတင် register ထားသူများက March လဆန်းမှာ email စစ်ပေးပါ။
Register လုပ်ပြီးလျင်
15th March 2026 3-hour zoom session အပြင်
2026 အတွင်း နောက်ထပ်တစ်ကြိမ်ထပ်မံ zoom ဖြင့် ၃နာရီ debrief လုပ်ဖို့ ရှိပါမည်။
သင်ယူလေ့လာထားသည်များအတွက်မေးမြန်းနိုင်ရန်ဖြစ်ပါသည်။
သင်တန်းကို လူကိုယ်တိုင်မတက်ရောက်နိုင်လျင် zoom video ကို telegram link မှာပြန်ကြည့်နိုင်ပါသည်။

Certificate ကို ကတော့ natal chart တစ်ခုကို guidelines နဲ့အညီ အိမ်စာတင်နိုင်မှပေးမည်ဖြစ်ပါသည်။

Registration will close on
11th March 2026

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Soi Winittchai, Sutthisan
Yangon
10310