The Movement Institute - TMI
10/12/2022
၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့မှစတင်ကာ ခွဲခြားဆက်ဆံခံရမှု၊ မတရားဖိနှိပ်ခံရမှုတိုင်းအတွက် တရားမျှတမှုနဲ့လူ့အခွင့်အရေးရရှိဖို့အတွက် "International Human Rights Day- အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးများနေ့"ကို United Nations(UN) က သတ်မှတ်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း- Universal Declaration of Human Rights (UDHR) မှာဆိုရင် လူသားတိုင်း လူမျိုးမရွေး၊အသားအရောင်မရွေး ၊လိင်အမျိုးအစားမရွေး၊
ဘာသာစကားမရွေး တန်းတူညီမျှ အခွင့်အရေးရပိုင်ခွင့်တို့ကိုဦးတည်ထားပါတယ်။
၂၀၂၂ခုနှစ်အတွက်အပြည်ပြည်ဆိုင်ရာဆောင်ပုဒ်လေးဖြစ်တဲ့ "Dignity,Freedom and Justice for All - လူသားတိုင်းအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှု၊ တရားမျှတမှု" ဆိုတဲ့ဆောင်ပုဒ်လေးဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း လူသန်းပေါင်းများစွာဟာ နေ့စဥ်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရပါတယ်။ နိုင်ငံတွင်းရက်စက်ကြမ်းကြုတ်တဲ့စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ၊ ဖိနှိပ်ခံလူတန်းစားတွေရဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက မရေမတွက်နိုင်အောင်များပြားလှပါတယ်။ လူ့အခွင့်အရေးနဲ့လွတ်လပ်မှုပြန်လည်ရရှိဖို့ကို အားလုံးတိုက်ပွဲဝင်နေကြရပြီး ဖိနှိပ်ခံရသောလူတန်းစားများအတွက် မိမိတို့အနေနဲ့တရားမျှတမှုရရှိဖို့ကို ဝိုင်းဝန်းစုပေါင်းတော်လှန်ကာ မဝေးတော့တဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ အားလုံးအတူတကွအရောက် သွားကြဖို့ကို တိုက်တွန်းလိုက်ရပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon