getEdu

getEdu

Share

19/04/2022

စာအုပ်ဝယ်ရင်း တီထွင်ကိုလှူပါ 📢📢

တီထွင်ဆိုတာက မငြိမ်းချမ်းဘဲ စစ်ဖြစ်ပွားနေတဲ့ဒေသတွေ၊ ချို့တဲ့တဲ့ ဒေသတွေမှာရှိတဲ့ ကျောင်းသားတွေအတွက် အဆင့်မြင့် STEAM ကျောင်းပြင်ပ ပညာရေး ကို မြေပြင်မှာ အခကြေးငွေမယူဘဲ သင်ကြားပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းသစ် တစ်ခု ဖြစ်ပါတယ်။
တီထွင်အဖွဲ့အစည်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ရက်၊ နှစ်ဆန်းတစ်ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယခု လောလောဆယ် ဆရာ၊ ဆရာမ အယောက် ၃၀၀ ကျော်ကို Google Workspace Training သင်ကြားပေးနေပါတယ်။

ကျွန်တော်တို့ တီထွင်ရဲ့ အဓိက ရည်မှန်းချက်ကတော့ ခက်ခဲ့တဲ့ ဒေသက ကျောင်းသားတွေအတွက် အင်တာနက် ဘေဖိုး ထောက်ပံ့ဖို့၊ STEAM camp တွေ ပြုလုပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ဖို့၊ ကျောင်းသားလေးတွေ အဆင့်မြင့်ပညာရေးနဲ့ ထိတွေ့ခွင့်ရဖို့ ရန်ပုံငွေ လိုအပ်ပါတယ်။
အခုဒီစာကို ဖတ်နေတဲ့ လူကြီးမင်းဟာ ကျွန်တော်တို့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ပါရမီဖြည့် ကူညီလှူဒါန်းနိုင်ပါတယ်။
လှူတဲ့အခါမှာ အလွတ်လှူတာမဟုတ်ဘဲ စာအုပ်ဝယ်ရင်း လှူဖို့ အစီအစဉ်လေး လုပ်ထား ပါတယ်ဗျ။

ဘာစာအုပ်လဲဆိုတော့ "Digital Literacy for Everyone - လူတိုင်းအတွက် ဒစ်ဂျစ်တယ်တတ်မြောက်မှု" ဆိုတဲ့ E-book စာအုပ်လေးဖြစ်ပါတယ်။
ဒီစာအုပ်ကို getEdu Education ကနေ ၂၀၂၂ခုနှစ်၊ မတ်လမှာ E-Book, Printed Book အနေနဲ့ ဖြန့်ချိ ခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်မှာ ပထမဆုံးသော ဒစ်ဂျစ်တယ် တတ်မြောက်မှု၊ ကျင့်ဝတ်တွေနဲ့ ပတ်သက်တဲ့ စာအုပ်ဖြစ်ပြီး လူကြိုက်များခဲ့တဲ့ စာအုပ်တစ်အုပ်လဲ ဖြစ်ပါတယ်။

လူကြီးမင်းက "၁၂၀၀ ကျပ်" တီထွင်ကို လှူဒါန်းပြီး အဲဒီစာအုပ်ကို လက်ဆောင်ပြန်ရရှိမှာပါနော်။ အဲ့ကနေ ရရှိတဲ့ ငွေတွေအားလုံးဟာ ရန်ပုံငွေထဲ ရောက်ရှိမှာ ဖြစ်ပါတယ်။

၁၂၀၀ ကျပ်လို့ သက်မှတ်ထားပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို မြန်မြန် အကောင်အတည် ပေါ်စေချင်ရင် ဒီထက်လဲ ပိုလှူနိုင်ပါတယ်ဗျ။

လှူချင်တယ်ဆိုရင်တော့ page chatbox ကို ငွေလွှဲရမဲ့ account လေး လာရောက်တောင်းယူနိုင်ပါတယ်။

စာအုပ်မာတိကာ၊ စာအုပ်အကြောင်းနဲ့ အခြားသိချင်တာတွေကိုလဲ ကျွန်တော်တို့ရဲ့ Chatbox ကို အားမနာတမ်းလာရောက်မေးမြန်းနိုင်ပါတယ်။



#စာအုပ်ဝယ်ရင်းလှူ

18/03/2022

getEdu Platform ကိုအသုံးပြုနေသူ ဆရာများ၊ ကျောင်းသားများ အမေးများတဲ့ မေးခွန်းတွေ
(FAQ)

၁။
Q : ကျောင်းသားတွေက website ထဲက ကိုယ့် course ကို နှိပ်ပြီး ဝင်တဲ့အခါ ဘာမှမပေါ်လာဘူး။
A : Course ထဲမှာ video မတင်ရသေးလို့ပါ။ တစ်ပုဒ်တင်ပြီးတာနဲ့ ဝင်ရသွားပါမယ်။

၂။
Q : ဗီဒီယိုတွေ တင်လိုက်ပေမဲ့ မရောက်သွားဘူး။
A : Form တစ်ခုထဲမှာ ဆက်တိုက်တင်လို့ဖြစ်ပါတယ်။
တစ်ပုဒ်ပြီးတိုင်း form အသစ်ယူပါ။
နောက်ပြီး တစ်ပုဒ်နဲ့တစ်ပုဒ်ကြား ၅မိနစ်လောက် နားပါ။

၃။
Q : ကျောင်းသားက code နဲ့ဝင်လာပြီ၊ ကိုယ်ကလဲ admit လုပ်ပြီးပြီ၊ ဒါပေမဲ့ ကျောင်းသားဆီ မပေါ်လာဘူး။
A : Reload လုပ်ကြည့်ပါ။

အခြားသိချင်တာများရှိပါက getEdu ရဲ့ chatbox ကို
အချိန်မရွေးလာမေးနိုင်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address


Yangon