Hay Mon Books
30/10/2024
ကာတွန်းသန်းကြွယ်၏ ကာတွန်းများ (၃)
ဦးလောဘနှင့် မောင်အ
ရောင်းဈေး ၂၀၀၀ ကျပ်
***
မြည်းကလေးငနီ
ရောင်းဈေး ၂၅၀၀ ကျပ်
***
ဖိုးထောင်နဲ့ မယ်လှ
ရောင်းဈေး ၂၅၀၀ ကျပ်
***
ဘိုးတော်
ရောင်းဈေး ၂၀၀၀ ကျပ်
စာမျက်နှာ ၄၀ မျက်နှာ
၁၈.၅ x ၂၅.၅ စင်တီမီတာ
(မဂ္ဂဇင်းစာအုပ်အရွယ်)
ယခင် တေဇရုပ်စုံတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ကာတွန်းဆရာကြီး ဦးသန်းကြွယ်ရဲ့ ကာတွန်းဇာတ်လမ်းတွေကို စုစည်းပြီး စာမျက်နှာ ၄၀ ပါ စာအုပ်ပါးလေးတွေ အနေနဲ့ ပြန်လည် ထုတ်ဝေထားပါတယ်။
******
စာအုပ်မှာယူလိုလျှင် messenger မှတဆင့်
အမည်နှင့် လိပ်စာပေးပြီး မှာယူနိုင်ပါသည်။
http://m.me/haymonbooks
30/10/2024
ကာတွန်းသန်းကြွယ်၏ ကာတွန်းများ (၁)
ရေနဂါးကြီး
ရောင်းဈေး ၂၀၀၀ ကျပ်
***
အငယ်ဆုံးသားထွေး
ရောင်းဈေး ၂၀၀၀ ကျပ်
***
ဇော်ဂျီဦးထုပ်နှင့် ဆေးတောင်ဝှေး
ရောင်းဈေး ၂၀၀၀ ကျပ်
***
အလှရတနာ
ရောင်းဈေး ၂၀၀၀ ကျပ်
***
မင်းနှင့် ပညာရှိ
ရောင်းဈေး ၂၀၀၀ ကျပ်
***
ဘားဝိဇ္ဇာထင်ပေါ်
ရောင်းဈေး ၁၅၀၀ ကျပ်
စာမျက်နှာ ၃၂ မျက်နှာစီ
၁၈.၅ x ၂၅.၅ စင်တီမီတာ
(မဂ္ဂဇင်းစာအုပ်အရွယ်)
ယခင် တေဇရုပ်စုံတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ကာတွန်းဆရာကြီး ဦးသန်းကြွယ်ရဲ့ ကာတွန်းဇာတ်လမ်းတွေကို စုစည်းပြီး စာမျက်နှာ ၃၂ ပါ စာအုပ်ပါးလေးတွေ အနေနဲ့ ပြန်လည် ထုတ်ဝေထားပါတယ်။
******
စာအုပ်မှာယူလိုလျှင် messenger မှတဆင့်
အမည်နှင့် လိပ်စာပေးပြီး မှာယူနိုင်ပါသည်။
http://m.me/haymonbooks
13/10/2024
မြန်မာ့ရိုးရာ ကစားနည်းများ
ရွှေစွန်ညို၊ ဘီး ဘီး ဘာဘီလဲ၊ ဝိုင်းကြိးပတ်ကပတ်၊ မအေးခြင်းထောင်၊ မစာအု၊ ဖန်ခုန်တမ်း စတဲ့ ချစ်စဖွယ် မြန်မာ့ရိုးရာ ကစားနည်းပေါင်း ၃၀ ကျော်ကို သရုပ်ဖော်ပုံတွေနဲ့ ရှင်းလင်း ဖော်ပြထားပါတယ်။ စာမျက်နှာ ၇၂ ပါပြီး ရောင်းဈေး ၈၀၀၀ ကျပ်ပါ။
***
မြန်မာ့ရိုးရာ စကားပုံနှင့် ဆိုရိုးစကား
ကျောင်းသူကျောင်းသားတွေ သိထားသင့်တဲ့ နေ့စဉ်သုံး မြန်မာ့ရိုးရာ စကားပုံနှင် ဆိုရိုးစကား ၂၀၀ ကျော်ကို ချစ်စဖွယ် ကာတွန်းသရုပ်ဖော်ပုံတွေနဲ့ ရှင်းလင်း ဖော်ပြထားပါတယ်။ စာမျက်နှာ ၆၄ ပါပြီး ရောင်းဈေး ၈၀၀၀ ကျပ်ပါ။
***
ပျော်ရွှင်စရာ ဉာဏ်စမ်းစကားထာ
အားလပ်ချိန်မှာ ကလေးတွေ သူငယ်ချင်းတွေနဲ့ အတူတူ ဉာဏ်စမ်းကစားနိုင်တဲ့ ဉာဏ်စမ်းစကားထာ ၂၀၀ ကျော်ကို ချစ်စဖွယ် ကာတွန်းပုံတွေနဲ့ ဖော်ပြထားပါတယ်။ စာမျက်နှာ ၈၀ ပါပြီး ရောင်းဈေး ၈၀၀၀ ကျပ်ပါ။
******
စာအုပ်မှာယူလိုလျှင် messenger မှတဆင့်
အမည်နှင့် လိပ်စာပေးပြီး မှာယူနိုင်ပါသည်။
http://m.me/haymonbooks
04/06/2024
“စိတ်ကို အသိဉာဏ်က အုပ်စိုး၏
အသိဉာဏ်ကို ဗဟုသုတက အုပ်စိုး၏
ဗဟုသုတကို စာပေက အုပ်စိုး၏”
ဆရာကြီးပီမိုးနင်း
စာအုပ်ဆိုတာ ဉာဏ်တံခါးပေါက်ပါပဲ။ စာဖတ်ခြင်းက ဘဝတစ်လျှောက်လုံးအတွက် အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဦးနှောက်အသိကို ရရှိစေပြီး နှလုံးသားအတွက် အကြင်နာမေတ္တာကို ပေးတယ်။
ကိုယ့်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလေးတွေအတွက် ဘဝတစ်လျှောက်လုံး အကျိုးရှိမယ့် စာဖတ်အလေ့အကျင့်ကို ဖေဖေ မေမေတို့က ပျိုးထောင်ပေးဖို့လိုတယ်နော်။
ကလေးတစ်ဦးချင်းရဲ့ စွမ်းရည်တွေက မတူကြပါဘူး။ တစ်ချို့က မြန်မြန်နဲ့ လွယ်လွယ်ဖတ်နိုင်တယ်။ တစ်ချို့ကြတော့ အချိန်ယူရတယ်။ ဘယ်လိုပဲ မတူကွဲပြားပါစေ နည်းလမ်းလေးတွေက ရှိပြီးသားပါ။ ဒီနေ့တော့ မင်မင်က ကလေးတွေကို စာဖတ်ဝါသနာလာစေဖို့ နည်းလမ်းအချို့ကို ဝေမျှပေးသွားမှာပါ။
၁။ သားသားမီးမီးတို့ကို နေ့စဉ်စာဖတ်တဲ့ အကျင့်လေးတွေ လုပ်ပေးပါ။
၂။ ဖေဖေမေမေတို့ကိုယ်တိုင် ကလေးလေးတွေရှေ့မှာ စာဖတ်ပြပါ။
၃။ စာဖတ်ဖို့ နေရာလေး ဖန်တီးပေးပါ။ ( ကျယ်စရာမလိုပါဘူး။ စာအုပ်တွေ အများကြီးရှိဖို့ မလိုပါဘူး။ သက်တောင့်သက်သာဖတ်လို့ ရရင် ရပါပြီ။)
၄။ စာကြည့်တိုက်လေးကို ပို့ပေးပါ။
၅။ ကလေးဖတ်ချင်တဲ့စာအုပ်ကို ရွေးချယ်ခွင့်ပေးပါ။
၆။ နေ့စဉ်ဘဝမှာတွေ့မြင်နေရတဲ့ အရာတွေထဲကနေရှာဖွေပါစေ။ ( စာအုပ်ဖတ်နေမှ မဟုတ်ပါဘူး။ သွားရင်းလာရင်း လမ်းညွန်ဆိုင်းဘုတ်၊ စျေးစာရင်း၊ ဆိုင်နာမည်တွေကနေ လေ့လာနိုင်ပါတယ်။)
၇။ ကလေးတွေ သဘောကျနှစ်သက်တဲ့ စာအုပ်ဆို ပြန်ပြန်ဖတ်ပါစေ။ ( လူကြီးတွေ အနေနဲ့ စာအုပ်တစ်အုပ်ကို ထပ်ခါထပ်ခါ ဖတ်ရတာ တစ်ခါတလေ ပျင်းတတ်ပါတယ်။ ကလေးတွေက မတူပါဘူး။ သူတို့ကြိုက်တဲ့ စာအုပ်ကို ထပ်ခါထပ်ခါဖတ်ပြီး လွတ်သွားတဲ့ အကြောင်းအရာကို ပြန်မှတ်သားရတာကို ကြိုက်ကြတယ်။)
၈။ ကလေးတွေ ဘာတွေဖတ်နေလဲ၊ ဘယ်လိုအကြောင်းရာတွေစိတ်ဝင်စားလဲဆိုတာကို အကဲခတ်ပါ။
ဒီအချက်လေးတွေက ကလေးတွေ စာဖတ်ဝါသနာပါလာအောင် ပျိုးထောင်ပေးနိုင်တဲ့ အခြေခံအချက်အချို့ပဲ ဖြစ်ပါတယ်။ လေ့လာရင်း သင်ယူ၊ သင်ယူရင်း လေ့လာ ဆိုတဲ့ အတိုင်း ကလေးလေးတွေအတွက် ဗဟုသုတ၊ ရသစာပေတွေကို Hay Mon Books မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။
သိချင်တာလေးရှိရင် comment (သို့) chat box မှာ hello လိုက်ပါနော်...
http://m.me/haymonbooks
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pinlon Road, North Dagon
Yangon
11421