Computer Knowledge Bank
31/10/2022
Computer မှာ cleaning software တင်စရာမလိုဘဲ runbox history ကို ရှင်းလင်းနည်း။
ပထမအဆင့်အနေနှင့် Windows registry editor ကို ဖွင့်ရန် runbox ကို win+r ဖြင့်ခေါ်ပါ။ runbox ပေါ်လာပါက regedit ဟုရိုက်ထည့်ပြီး enter ခေါက်ပါ။
ဒုတိယအဆင့်အနေဖြင့်အောက်တွင်ဖော်ပြထားသည့် လမ်းကြောင်းအတိုင်း အဆင့်ဆင့်သွားပါ။
HKEY_CURRENT_USER> SOFTWARE> Microsoft> Windows> CurrentVersion> Explorer> RunMRU အထိသွားပါ။
တတိယအဆင့်အနေဖြင့် RunMRU အပေါ်သို့ရောက်ပါက tab key ကို တစ်ချက်နှိပ်၍ list ကိုသွားပါ။
List တွင် မိမိရိုက်ခဲ့သော run commands များကို အက္ခရာစဉ်အလိုက် ဖော်ပြနေပါလိမ့်မည်။ ထိုနေရာတွင် မိမိဖြတ်လိုသော run commands အက္ခရာစဉ်ပေါ်သို့သွား၍ delete key ဖြင့် ဖြတ်နိုင်ပါသည်။
ဥပမာ run box တွင် ရိုက်၍ အသုံးပြုခဲ့သော recent ကို ဖြတ်လိုပါက r ဖြင့်စထားသော အက္ခရာဆဉ်ပေါ်သို့သွား၍ delete key နှိပ်၍ ဖြတ်ပါ။
Run commands အားလုံးကို ဖြတ်လိုပါက RunMRU ပေါ်သို့ ရောက်လျှင် tab key အသုံးပြုစရာမလိုတော့ဘဲ RunMRU ပေါ်တွင် right click (သို့မဟုတ်) application key နှိပ်၍
Delete ကို down arrow အသုံးပြုပြီး ရှာပါ။
Delete d ကို တွေ့ပါက enter ခေါက်၍ ဖြတ်နိုင်ပါသည်။
ကျွန်တော်တို့ CKB computer knowledge bank မှ အမြင်အာရုံမသန်စွမ်းသူများအတွက်သာမက
ဤpost အားဖတ်ရှူ့သူများအားလုံးအတွက် computer နည်းပညာ နှင့်ပတ်သပ်သောအသိပညာၑဗဟုသုတများကို မျှဝေသွားမှာ ဖြစ်တဲ့အတွက် like, share and follow လေးလုပ်သွားဖို့ မမေ့ပါနဲ့နော် ။ မိမိတို့ သိချင်သော အကြောင်းအရာများကိုလည်း comment box မှ တစ်ဆင့် မေးမြန်းနိုင်ပါတယ်။ မေးမြန်းသော အကြောင်းအရာများနှင့်ပတ်သပ်၍လည်း အလျင်းသ့်သလို ပြန်လည် ဖြေကြားပေးသွားမှာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |