Teacher Zune

Teacher Zune

Share

05/05/2023

မှော်ဘီက မူကြိုအရွယ်ကလေးလေးတစ်ယောက် ကားထဲမှာ ကျန်ခဲ့ ပိတ်မိပြီးတော့ ဆုံးသွားတယ်ဆိုတဲ့ သတင်းဖတ်မိတော့ ကိုယ့်သားသမီးလေးသာဆိုရင်လို့တွေးမိပြီး စိတ်မကောင်းဖြစ်လိုက်တာ။

မဖြစ်သင့်ပဲ ဖြစ်သွားရတဲ့ ဆုံးရှုံးမှုမို့လို့
ကလေးလေးတွေနဲ့အလုပ်လုပ်ရတဲ့သူတွေ
အများကြီး ပိုသတိထားပြီး
ပိုဂရုစိုက်ကြရမှာပါ။

မူကြိုကျောင်းအလုပ်ဆိုတာ ငယ်လွန်းတဲ့အရွယ် ကလေးလေးတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အလုပ်ဖြစ်တာကြောင့် အသေးစိတ်တာဝန်ယူရလို့ ပိုပြီးတာဝန်ကြီးပါတယ်။

တကယ်ကို မလွယ်ကူတဲ့အလုပ််
ပေါ့ပေါ့ဆဆလုပ်လို့မရတဲ့အလုပ်ပါ။

အဲ့ဒါကြောင့် ကလေးတွေကို အမြဲမပြတ် သတိထားစောင့်ကြည့်ဖို့ စစ်ဆေးဖို့ အထူးလိုအပ်ပါတယ်။

စာသင်ချိန်တွေမစခင် ကလေးတွေရဲ့ Attendance လုပ်တာ ၊ တကယ်လို့ ကျောင်းသားဘက်က ပျက်ကွက်ခဲ့ရင်လည်း ဖုန်းဆက်ပြီး အကျိုးအကြောင်းလှမ်းမေးတာမျိုးတွေ မဖြစ်မနေကို လုပ်ရပါမယ်။

မိဘတွေအနေနဲ့လည်း ငယ်လွန်းတဲ့ အရွယ်ကလေးလေးတွေပဲဆိုပေမယ့် ဘယ်လိုအခြေအနေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို အရင်က သင်ကြားမပေးထားမိရင်တောင် အခုကစပြီးကြိုတင်သင်ကြားထားပေးဖို့ လိုပါတယ် ရှင်။

ဥပမာ - တစ်နေရာရာကို သွားခါနီးတိုင်း ဆရာ၊ ဆရာမ သို့မဟုတ် လူကြီးတစ်ယောက်ယောက်ကို အသိပေးပြောပြတတ်ဖို့

ကားဟွန်းတီးတတ်ဖို့ စတဲ့ သင်ကြားပေးထားမှုတွေကိုရုတ်တရက်ကြည့်ရင် ဘာမှမဟုတ်ဘူးထင်ရပေမယ့် အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကနေ ကာကွယ်နိုင်ပါတယ်။

တန်ဖိုးရှိပြီး အစားထိုးမရတဲ့ မိဘတွေရဲ့
သားသမီးရတနာ ရင်သွေးလေးတွေ
အခုလိုပေါ့ဆမိလို့ ဖြစ်ရတဲ့
အဖြစ်ဆိုးတွေမှ ကင်းဝေးကြပါစေ ရှင်🍀

28/04/2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်အောက်ပါဝန်ထမ်းများ
အားထပ်မံ​ခေါ်ယူအပ်ပါသည် 📣

လာမည့်ပညာသင်နှစ်တွင်ထူးထက်ကျော် ကိုယ်ပိုင်မူလတန်းကျောင်း၌ တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့်
ပြည့်စုံသူများအလိုရှိပါသည်။

📍မူလတန်းပြဆရာမ (Main Teacher)

-ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
-မူလတန်းသင်ကြားရေးလက်မှတ် Green Card ရှိရမည်။
-စာသင်ကြားရေးအတွေ့အကြုံရှိပြီး မူလတန်း စနစ်သစ်သင်ရိုးကိုပိုင်နိုင်စွာသင်ကြားနိုင်ရမည်။
-ကလေးချစ်တတ်ပြီး စိတ်ရှည်ရမည်။
🍀🍀🍀🍀🍀🍀🍀

📍မူလတန်းပြဆရာမ (Assistant Teacher)

-စာသင်ကြားခြင်းကိုစိတ်ပါဝင်စားပြီး သင်ယူလိုစိတ်ရှိရမည်။
- မူလတန်းသင်ကြားခြင်းအ​တွေ့အကြုံရှိရမည်။
-ကျောင်းမှအခါအားလျော်စွာပြုလုပ်
သည့်Trainingများကိုတက်ရောက်နိုင်သူဖြစ်မည်။
-ကလေးချစ်တတ်ပြီး စိတ်ရှည်ရမည်။
🍀🍀🍀🍀🍀🍀🍀

📍English 4 Skills Teacher

-young learners သင်ကြားရေးအတွေ့အကြုံရှိရမည်။
-MA(Eng)/BA(Eng)/TKT/ELT ဦးစားပေးမည်။
-စာသင်ကြားစဥ် Eng ဘာသာစကားဖြင့်သာကလေးများနှင့် communicate လုပ်ရမည်။
-ကလေးများအတွက်ထိရောက်သောသင်ခန်းစာပြင်ဆင်မှုများရေးဆွဲနိုင်ရမည်။
-ကလေးချစ်တတ်ပြီးစိတ်ရှည်ရမည်။

🍀🍀🍀🍀🍀🍀🍀
📍International Science /STEM education & International Maths Teacher

- International curriculum များနှင့်ရင်းနှီးပြီး ကလေးများနှင့်သင့်လျော်သော သင်ရိုးများပြင်ဆင်ရေးဆွဲနိုင်ရမည်။
- International ကျောင်းများတွင် ဖော်ပြပါဘာသာရပ်များကို သင်ကြားဖူးသူဖြစ်ရမည်။
- ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။
-ကလေးချစ်တတ်ပြီးစိတ်ရှည်ရမည်။
🍀🍀🍀🍀🍀🍀🍀

🔺️ အထက်ပါအရည်အချင်းများနှင့်ပြည့်စုံသူများအနေဖြင့်
မိမိတို့၏CV form နှင့်အတူ လိုအပ်သောစာရွက်စာတမ်းအပြည့်အစုံဖြင့် (29.4.2023) စ​နေ​နေ့ နံနက်(၁၁)နာရီတွင်
လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
(interview တစ်ခါတည်းရှိပါမည်)🔺️

အမှတ် 24/25/26/27 ရာဇဓိရာဇ်လမ်း၊ ၉ ရပ်ကွက်၊ အရှေ့ဒဂုံ (၇/၈ လမ်းဆုံ အနီး)

09887689774
09887689775
09887689776

♦️ Teacher Zune Page မှ Job Vacancy တွေကိုအခကြေးငွေယူပြီး ချိတ်ဆက် လုပ်ဆောင်ပေးခြင်းမဟုတ်ဘဲ မေတ္တာဖြင့် ကူညီပေးခြင်းဖြစ်ပါတယ်ဆိုတာလေးကို အသိပေး ပြောပြချင်ပါတယ် ရှင်။ ♦️



.

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon