Everyday WITCH

Everyday WITCH

Share

26/05/2026

May 26 to May 31
Card Reading

7 of Cups Card 🪐✨

✨Fantasy နဲ့ Reality ကြား Balance ရှာပါ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။✨

Money & Job 💰🧳✨

ဒီကာလမှာ ငွေရေးကြေးရေးပိုင်းကို
စိတ်ကူးယဉ်ပြီး မျှော်လင့်ချက်ကြီးကြီးထားတာထက် လက်တွေ့ကျကျ စီမံဖို့လိုပါတယ်။

opportunities အများကြီးပေါ်လာနိုင်ပေမယ့် အားလုံးက profit မဖြစ်နိုင်ဘူးလို့ ပြနေပါတယ်။

အချိန်တိုတိုနဲ့ လွယ်လွယ်ကူကူ ငွေဝင်မယ်ဆိုတဲ့ကမ်းလှမ်းချက်တွေ ကို သတိထားပါ။

အလုပ်ကိစ္စတွေမှာ အလျင်လိုဆုံးဖြတ်ခြင်းကို
ရှောင်ပါ။

Offer, Partnership, Project အသစ်တွေ ရလာရင် အသေးစိတ် စစ်ပါ။

လူတချို့က စကားလှလှနဲ့ ဆွဲဆောင်နိုင်ပေမယ့် လက်တွေ့ မှာတော့ မတည်ငြိမ်နိုင်ပါ။100%မဟုတ်ပါ။

ရွေးချယ်ရခက်နေသော ကိစ္စတွေအတွက်
တစ်ခုကိုအရင် Focus ထားပြီး လုပ်
ရင် Result ပိုမြန်လာပါမယ်။

စိတ်လိုက်မာန်ပါ ငွေကြေးသုံးစွဲလိုက်ခြင်း၊
မလိုအပ်ပဲ စျေးကြီးပေးဝယ်ခြင်းများ လုပ်မိတတ်
ပါတယ်။

Love & Relationship /Partnership💌✨

လူတစ်ယောက်ကို ဖြစ်ချင်တဲ့ပုံစံ နဲ့မဟုတ်ဘဲတကယ်ဖြစ်နေတဲ့ပုံစံ နဲ့ မြင်အောင်ကြည့်ပါ။

လူတစ်ယောက်ရဲ့ အပြောထက်
သူထပ်ခါထပ်ခါ လုပ်တတ်တဲ့ အမူအကျင့်ကိုပဲ
လေ့လာကြည့်ပါ။

Red flags 🚩 သေးသေးလေးတွေကစ
သတိထားပါ။

Communication မှာ နှစ်ဖက်ပွင့်လင်း
မြင်သာမှု ရှိဖို့ အရေးကြီးပါတယ်။

ကိုယ်လိုချင်တဲ့ စံနှုန်းအပြည့် နဲ့ အချစ်ကို
ရဖို့အတွက် ကြိုးစားရင်း နဲ့ ကိုယ့်ရဲ့ ငြိမ်းချမ်းမှု
အရင် ပျောက်ဆုံးသွား တတ်ပါတယ်။

Everyday W I T C H 🌙✨
Tarot Reading

21/05/2026

May 21 🌹💐🐶😽🤩☘️✨
Oracle Card Reading & Quick Messages

✨JOY & DELIGHT ✨

ရုတ်တရက် စိတ်ပျော်ရွှင်လာခြင်း

လေးလံနေတဲ့စိတ်တွေကနေ ဖျတ်ခနဲပေါ့ပါး
လာခြင်း

မျှော်လင့်နေတဲ့ သတင်း တခု မထင်မှတ်ချိန် မှာကြားလိုက်ရခြင်း

အကြံတစ်ခု အဖြေတစ်ခုလင်းခနဲရလိုက်ခြင်း

စတဲ့ မသိစိတ်က သိနေတဲ့ ကိုယ့်ရဲ့ကံကောင်းမှုကို

ပြန်လည်ရရှိမဲ့နေ့လေးပဲဖြစ်ပါတယ်။

ဒီနေ့ခဏတာတော့

စိတ်ဖိစီးစေတဲ့ အရာတွေနဲ့ ဝေးဝေးနေပြီး

ကံကောင်းခြင်းတွေ လက်ခံရယူပြီး

ပျော်ရွှင်ပေါ့ပါးသော စိတ်လေးနဲ့ ဖြတ်သန်း

လိုက်ပါ။

အားလုံး နှလုံး စိတ်ဝမ်း အေးချမ်း

ပျော်ရွှင်ကြပါစေရှင်။😇♥️

Everyday W I T C H 🌙✨

Photos from Everyday WITCH 's post 20/05/2026

Edited- Reading Answers ရေးပေးထားပါ။တယ်။

LOVE Reading 🧚‍♀️🪄✨💘
(May 21 ~ May 31)

😇♥️✨

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon