Hanuman Foot Patch

Hanuman Foot Patch

Share

Photos from Hanuman Foot Patch's post 30/04/2025

ဘယ်ဘက်နံကြားထဲကဆိုးဆိုးရွားရွားအောင့်လာလို့ သန်းခေါင်ယံလောက်ကြီးနိုးလာတယ် ။ အဆုပ်ထဲရေဝင်တုန်းကလိုအောင့်တာ စူးပြီးတဆစ်ဆစ်နဲ့ကိုက်ပြီးအောင့်တာ ။ အသက်ကိုအဆုံးအထိဆွဲပြီးရှူကြည့်တော့ရတယ် ရေဝင်တာမဟုတ်ပြန်ဘူး ။ ဘယ်ဘက်ရင်ဘတ် ရင်အုံတဝှိုက်ဆို ကျိန်းပြီးစပ်နေတာ ။ နှလုံးအားနည်းလို့လား ဒီရက်ပိုင်းစိတ်ဖိစီးမှု့တွေများလို့လားထင်လို့ ခြံထဲလမ်းဆင်းလျှောက်ပြီး တရားခွေဖွင့်ပြီးပြန်အိပ်တယ် ။ အိပ်လဲမရပါဘူး မှေးလိုက် နာလွန်းလို့ပြန်နိုးလိုက်နဲ့မိုးလင်းရောပဲ ။

ဒုတိယနေ့ညကျ ပထမနေ့ထက်ပိုအောင့်လာတယ် ။ တသက်နဲ့တကိုယ် ခနခန ရောဂါ ဒဏ်ရာတွေနဲ့ နာခဲ့ဘူးပါတယ် အခုဖြစ်တာနဲ့ယှဉ်ရင် အရင်နာခဲ့ဘူးတယ်ဆိုတာ မပြောပလောက်ဘူး ။ တညလုံးအိပ်မရ နဲနဲလှုပ်တာနဲ့နာ အသက်ဆိုဖြေးဖြေးလေးရှူရတယ် ။ ချက်ခြင်းဆေးခန်းပြဖို့ကလဲ တောထဲရောက်နေတော့အဆင်မပြေတော့ တညလုံး မိုးအလင်းပဲ ငုပ်တုပ်ထိုင်လိုက် လမ်းထလျှောက်လိုက်ပဲ ။ နာတာထက်ပိုပြီး ကျိန်းစပ်နေတာဖြင့် အပေါ်ယံအရေပြားလေးတောင်အထိမခံနိုင်ဘူး စပ်ဖျင်းဖျင်းကြီး ။

တတိယနေ့ ဆေးခန်းရောက်မှ ရောဂါသိတယ် ခန္တာ ကိုယ်ထဲ အကောင်ဝင်နေတာ ( Hookworm infection) ချိတ်သံကောင် ကူးစက်ခံရတာပေါ့ ။ သံကောင်ဆိုလို့ ကျွန်တော်သိတာ ဗိုက်ထဲရှိတာလောက်သိတာ အခုက အရေပြားအလွှာထဲမှာတဲ့ ။

ကျွန်တော်က စောစောရောက်လို့တော်ပါသေးတယ် ဒါမျိုးက ကမ်းစပ် နယ်ဘက်မှာအဖြစ်များတော့ ဆေးမီးတိုနဲ့ကုပြီး တကိုယ်လုံးပွထနေမှရောက်လာကြတာများတယ်တဲ့ ။ ဒါက ဒီစာရေးရတဲ့အကြောင်းအရင်းပါ ကိုယ်ခံစားရတဲ့နာကျင်မှု့မျိုးနဲ့ တခြားလူထပ်မခံစားစေချင်ဘူး အဓိကနယ်ဘက်ကလူတွေ ခရီးသွားတဲ့လူတွေကို သတိထားစေချင်တာ ။

မြေကြီးက အပင်ကနေ ခွေး/ကြောင်တွေကိုင်တွယ်ရာက မစင်ကပါကူးတယ် ။ ပါးစပ်ကမှဝင်တာမဟုတ်ဘူး ခြေထောက်က မွှေးညှင်းပေါက်ကပါ ဝင်တာတဲ့ ။

အထဲရောက်ရင် အပေါ်ယံအရေပြားလွှာထဲကနေ လှည့်ပတ်သွားနေ စားသောက်နေတာ ပွဲစျေးပတ်နေသလိုပဲ ။ သူသွားသမျှ သူရွှေ့သမျှကိုယ်ကဒုက္ခခံရတာက သေမလိုခံရတာ ။ တကောင်ထဲလားဆိုမဟုတ် ဥချမယ် မျိုးပွားမယ်လုပ်သေးတာ ။

ဒီရောဂါရဲ့သိသာတဲ့အချက်က တနေရာထဲမအောင့် မနာဘူး အကောင်ရွှေ့သွားတဲ့နေရာလိုက်နာနေတာ ။ ကျွန်တော်ဆို ပထမရက်က ဘယ်ဘက်နံကြား နောက်ရက်ကျ ကျောချမ်း ရင်အုပ်အုပ်ပိုင်းတဝှိုက်ရောက်နေပြီ တတိယရက်ကျ ကျောကုန်းအလည်ဘက် ။

နောက်တခုက သူသွားလေရာ လမ်းကြောင်းလေးကျန်ခဲ့တယ် ။ တချို့လူတွေရက်ကြာလာရင် အကောင်ပုံစံလေးထင်းထင်းဖောင်းနေတယ် ။

အဆိုးဆုံးအခြေအနေက အာရုံကြောထဲဝင်မယ် ဦးနှောက်ထိရောက်မယ် မျက်စိထဲပါရောက်မယ်တဲ့ ။

ခရီးသွားများတဲ့ တောတိုး တောင်တက်နေတဲ့လူတွေ ကမ်းခြေသွားမယ်ဆိုသူတွေဂရုစိုက်ရမှာပဲ ။

မြက်ခင်းလေးစိမ်းနေတာပဲဆိုပြေးမလှဲနဲ့ (me)
သောင်ပြင်ပေါ်ပက်လက်အိပ်မယ်ဆိုလဲ စဉ်းစားပါဦး
ဘယ်သွားသွားဖိနပ်စီးတာအကောင်းဆုံးပဲ
ခွေး/ကြောင်တွေနဲ့ ပါးယက်နားယက်မနေနဲ့
လက်နဲ့ ခြေထောက်စင်အောင်ဆေးပါ
ညစ်ပတ်တဲ့အစားအစာတွေမစားပါနဲ့
ဆူရှီ အသားစိမ်း ငါးချဉ်ထုပ်တွေဂရုစိုက်ပါ

ကျွန်တော့လို ခံစားရလာရင် ဆေးခန်းသာပြေးပါ
တချို့က ယာနာလိုလိုဘာလိုလိုထင်ပြီး ယားနာဆေးပဲလိမ်းကြတယ်တဲ့ ။ ဒါနဲ့ပဲ နောက်ကျမှရောက်လာတော့ သောက်ဆေးနဲ့မနိုင်တဲ့အခြေအနေရောက်ကုန်တာပေါ့ ။

အခုလို စောစောသိခဲ့တာတောင် ဒီလောက်ခံရခက်တာ ။ နောက်ကျမှ ကိုယ်ထဲပွားနေမှသိရင်ဘယ်လောက်ခံစားနေရမလဲမသိပါဘူးဗျာ ။ ကျွန်တော် အခုတော့ ဆေးငါးရက်စာနဲ့သက်သာနေပါပြီ ။

ကိုယ်ဖြစ်တာ ပြန်ပြောပြတဲ့ Sharing သက်သက်ဖြစ်လို့ အမှားရှိရင်ထောက်ပြပါနော် ။ မေးသမျှဖြေပေးတဲ့ ဆရာဝိရေ ကျေးဇူးပါ ။

28/04/2025

သုံးနေကြ လိမ်းဆေးဆီတွေနဲ့လုံးဝမတူတဲ့ ရနံ့နဲ့အာနိသင်က herbal Oil မှာဘဲရှိတာပါ.

အရိုး/အကြော/အရွတ်တွေနာကျင်ယောင်ယမ်းနေသူများ..အတွက်. #တစ်စက်ဆီလို့တောင်..တင်စားခေါ်နေကြပြီး..လူကြိုက်အရမ်းများနေတဲ့..
#ဟာန်နုမာန်(ထိုင်း)တိုင်းရင်းဆေး လိမ်း​ဆေးဆီလေးသုံးကြည့်ပါ..ဆေးဖက်ဝင် အပင်အမြစ် (၁၃မျိုး)ကျော် ပါဝင်တာမို့..အရမ်းကိုကောင်းလွန်းပါတယ်

တစ်ဗူး- 23500 ks(20ml)

☎09-795294160
☎09-973085834
(or) cb သို့.အခုဘဲ မှာယူနိုင်ပါပြီ



#တိုင်းရင်းဆေ
#လိမ်းဆေးဆီ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ဒေါပုံ
Yangon