TF Printing

TF Printing

Share

16/07/2024

“ပေါ့ပေါ့ပါးပါး မန္တလေး”

🔳 မန္တလေးသူ မန္တလေးသားတွေဆိုတာ ဘယ်လို လောကဓံပဲကြုံ…ကြုံ၊ ဘယ်လောက် အခက်အခဲတွေပဲ တွေ့..တွေ့၊ ထိုင်ပြီး စိတ်ညစ်မနေတတ်ဘဲ လာမယ့်ဘေးပြေးတွေ့ ဆိုသလို “ပေါ့ပေါ့ပါးပါး”ရင်ဆိုင်ဖြေရှင်းလိုက်ကြတာပါပဲ

ချစ်စွာသော စာဖတ်ပရိသတ်ကြီးရဲ့ အားပေးတောင်းဆိုမှုကြောင့် စံတော်ချိန်စာပေက “ဒုတိယအကြိမ်” ရိုက်နှိပ်ဖြန့်ချိလိုက်ပါပြီ။

မန္တလေးက စာရေးဆရာသုံးဦးရဲ့ စုစည်းမှုလက်ရာ။
စာအုပ်နာမည်က “ပေါ့ပေါ့ပါးပါး မန္တလေး”တဲ့..။

🔳 ဆရာ ညိုထွန်းလူက ‘ပေါ့ပေါ့ပါးပါး မန္တလေး’

“မန္တလေးရဲ့ မိုးကောင်းကင်ကြီးထဲမှာ တစ်ချိန်က ကျွန်တော်တို့ရဲ့ မန္တလေးပုံရိပ်တွေ၊ အရောင်တွေ၊ အငွေ့အသက်တွေ၊ အသံတွေ၊ ရနံ့တွေ ထင်ဟပ်နေမယ်လို့ ယုံကြည်နေမိတယ်။ ကျွန်တော်ဟာ မန္တလေးမှာ နေထိုင်ရင်း ဟိုတုန်းက မန္တလေးအကြောင်းကို ပေါ့ပေါ့ပါးပါး ပြောချင်နေမိတယ်။ မန္တလေးတော့ မန္တလေး၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မန္တလေးဟာ အတိတ်ကာလမှာပဲ ရှိနေခဲ့တယ်။ အဲသည်အကြောင်းတွေ ပြောမယ်ဆိုရင် ချစ်ခင်မြတ်နိုးစိတ်၊ လွမ်းစိတ်နဲ့ ပြောချင်နေမိတယ်။ စိတ်ကူးရရင် ပြည်တော်ဝင်သီချင်းလေးဆိုမယ်၊ နှလုံးသားထဲက မန္တလေးရေ ဘယ်မှမသွားပါနဲ့၊ ကျွန်တော့်အနားမှာပဲနေပါ။ အလွမ်းတွေ ထပ်ဆင့်ခြင်းနှင့်အတူ မန္တလေးရေ…သိပ်သိပ်ကို ချစ်တယ်နော်…”
ညိုထွန်းလူ

🔳 ဆရာ ဆူးငှက်က ‘ကကြီး ခခွေး မန္တလေး’

“ဘာပဲပြောပြော မန္တလေးသည် မြန်မာပြည်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ အထူးသဖြင့် ယဉ်ကျေးမှုမြို့တော်ဟုလည်း အစဉ်အဆက် သတ်မှတ်ခဲ့ကြသည်။ ပို၍ ထူးခြားသည်မှာ မန္တလေးသည် မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းနေပြည်တော်လည်း ဖြစ်ခဲ့ကာ မင်းနေပြည်တော်မှသည် ယခုတိုင် မယွင်းမပျက် ဆက်လက်တည်တံ့ နေထိုင်ရှင်သန် တိုးတက်ဆဲမြို့တော်လည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသားမှန်လျှင် မန္တလေးအကြောင်း ကကြီး ခခွေးလောက်တော့ သိထားဖို့လိုသည်”
ဆူးငှက်

🔳 ဆရာ သင့်နော်က ‘အေးအေးဆေးဆေး မန္တလေး’တဲ့

“အဲသည်မှာ မန္တလေးရဲ့ အားသာချက်တစ်ခုကို ထင်ထင်ရှားရှားတွေ့ရတာက အချိန်နည်းနည်းပေးနိုင်ရင်၊ ငွေနည်းနည်းလောက်သုံးနိုင်ရင် လက်ရှိ ရင်ဆိုင်နေရတဲ့ မွန်းမွန်းကြပ်ကြပ် ပတ်ဝန်းကျင်အနေအထားကို ချက်ချင်း ပြောင်းပစ်လို့ ရနိုင်ခြင်းပါပဲဗျာ…။ ကြည့်လေ နာရီပိုင်းအတွင်းမှာပဲ ပေ ၃၀၀၀ကျော်မြင့်တဲ့ မေမြို့ကို ရောက်ခွင့်ရှိတယ်ဗျာ။ သဘာဝပတ်ဝန်းကျင် အသစ်တစ်ခုနဲ့ မွေ့လျော်နိုင်တယ်ဗျာ…။ ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ကျော်မြင့်တဲ့ နေရာတစ်နေရာကို ဖျတ်ကနဲ အရောက်သွားနိုင်တဲ့ အနေအထား…။ စိတ်ကူးပေါက်တာနဲ့တစ်ပြိုင်နက် ရုတ်ချည်း ထသွားနိုင်တဲ့ အခွင့်အရေးဆိုတာ မန္တလေးသားတွေမှာသာ ရှိနေတာပါကလား...။ ”
သင့်နော်

မန္တလေး စာရေးဆရာတွေရေးတဲ့
“ပေါ့ပေါ့ပါးပါး မန္တလေး”က မန္တလေးသားတွေသာမကဘဲ မန္တလေးနဲ့ ပတ်သက်သူ၊ သက်ဆိုင်သူတိုင်း လက်ကိုင်ထားရမယ့် စာအုပ်ကောင်းတစ်အုပ်လို့ ညွှန်းဆိုချင်ပါတယ်။

“ပေါ့ပေါ့ပါးပါး မန္တလေး”ကို မန္တလေး-စံတော်ချိန်နေ့စဉ်က ၂၀၂၃ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် ထုတ်ဝေဖြန့်ချိခြင်းဖြစ်ပြီး တန်ဖိုးက ကျပ် ၈၅၀၀ ဖြစ်ပါတယ်။
အခုက “ဒုတိယအကြိမ်” ရိုက်နှိပ်ဖြန်ချိခြင်းဖြစ်ပါတယ်။

“ပေါ့ပေါ့ပါးပါး မန္တလေး”ကို ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့…

ဒီဆိုင်တွေမှာ ဝယ်လို့ရပါတယ်

မန္တလေး- စိတ်ကူးချိုချိုစာပေ၊ ညိုစာပေ၊ မိုးကောင်းကင်စာပေ၊ ထွန်းဦးစာပေ၊ Mandalay Read IT

ရန်ကုန်- ရာပြည့်စာပေ၊ အင်းဝစာပေ၊ Book Tree စာပေ၊ ဝန်ဇင်းစာပေ

မန္တလေး-စံတော်ချိန်နေ့စဉ်
အမှတ်(ဂျီ-၅ဘီ)၊ ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ယောမင်းကြီးလမ်းထောင့်၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး၊ ဖုန်း-၀၂- ၅၁၅၃၄၅၂၊ ၀၉-၉၇၁၀၀၀၁၄၂၊ ၀၉-၄၅၀၀၃၂၇၁၆

ရန်ကုန်- စံတော်ချိန်နေ့စဉ်
အမှတ်(၅၅)၊ မြေညီထပ်၊ ကျီတော်အိမ်ရာ၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်၊ ဖုန်း- ၀၉- ၄၂၁၁၀၅၀၈၅၊ ၀၁- ၈၆၁၀၅၈၁ကို ဆက်သွယ်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။

Photos from TF Printing's post 29/06/2024

ပန်းဆိုးတန်းလမ်း
Book Tree စာပေ
📲 09-426491024

“ပွဲကြိုက်သူတွေ” …ဆက်သွယ် ဝယ်ယူလို့ရပါပြီ

ချစ်စရာ၊ ဂျိုဇော်၊ စိုးဘားဒိုင်၊ ညိုထွန်းလူ၊ ဆူးငှက်၊ ရဲသျှမ်း၊ သင့်နော်

📚 မန္တလေးသူ၊ မန္တလေးသားများသာမက တစ်နိုင်ငံလုံးက ပွဲငတ်နေကြသူများ အားလုံး “ပွဲခင်းတွေကို ပြန်လည်ခံစားတမ်းတ” ရမည့် စာအုပ်

🔳 ချစ်စရာ - ပွဲကကြသူများနဲ့ ပွဲကြိုက်ကြသူများ
🔳 ဂျိုဇော် - ထက်ဖြိုးလျှံဝေ
🔳 စိုးဘားဒိုင် - ရုပ်မြင်သံကြားနှင့် ပွဲစပွဲဆုံး ပွဲတစ်ခင်း
🔳 ညိုထွန်းလူ - လာလေ စောစောသွားလိုက်ကြရအောင်
🔳 ဆူးငှက် - သွားကြဦးမည် ပွဲခင်းများဆီ
🔳 ရဲသျှမ်း - မနီးမဝေး မန္တလေး
🔳 သင့်နော် - ပွဲနဲ့ လမ်းနဲ့ သာသာယာယာ

😍 ရန်ကုန်၊ မန္တလေးမြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် “ဝယ်ယူရရှိနိုင်ပါသည်”

📚 စာအုပ်တန်ဘိုး- ကျပ် (၁၀၀၀၀/-)

ဖြန့်ချိရေး
======
မန္တလေး-စံတော်ချိန်နေ့စဉ်
အမှတ်(ဂျီ-၅ဘီ)၊ ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ယောမင်းကြီးလမ်းထောင့်၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး၊ ဖုန်း-၀၂- ၅၁၅၃၄၅၂၊ ၀၉-၉၇၁၀၀၀၁၄၂၊ ၀၉-၄၅၀၀၃၂၇၁၆

ရန်ကုန်- စံတော်ချိန်နေ့စဉ်
အမှတ်(၅၅)၊ မြေညီထပ်၊ ကျီတော်အိမ်ရာ၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်၊ ဖုန်း- ၀၉- ၄၂၁၁၀၅၀၈၅၊ ၀၁- ၈၆၁၀၅၈၁ တို့ကို

ဆက်သွယ် မှာယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။

Photos from TF Printing's post 17/06/2024

“ပွဲကြိုက်သူတွေ”

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

အမှတ်-၁၉၊ ပုဂံဝန်ထောက်ဉီးတင်လမ်း၊ (၁၄၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်။
Yangon
11181