Success Vocational Training Center
28/05/2025
Anime နဲ့ Manga တွေကို ကြိုက်နှစ်သက်တဲ့သူလား?
ဒါဆိုရင် အစီအစဥ်ကောင်းလေး တစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်။
အပတ်စဥ် ဗုဒ္ဓဟူးနေ့ နဲ့ သောကြာနေ့တိုင်းမှာ ဂျပန်နိုင်ငံက လူကြိုက်များတဲ့ manga တွေကို အသုံးပြုပီး ဂျပန်စာလေ့လာလို့ရမယ့် အတန်းလေးတစ်ခု ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
Manga တွေထဲက လက်တွေ့ကျတဲ့ စကားလုံးအသုံးအနှုန်းတွေကို လေ့လာရင်း ဂျပန်စကားကို လက်တွေ့ကျကျ ပြောတတ်အောင် လေ့လာလို့ရမယ်။ ကြိုက်နှစ်သက်တဲ့ manga တွေကို တဝကြီးဖတ်လို့ရမယ်။
ပြီးတော့ ဂျပန်လူမျိုးတွေနဲ့ လက်တွေ့စကားပြောလို့ရမှာ ဖြစ်တဲ့အတွက် မိမိရဲ့ စကားပြောဟန်ကိုလဲ တိုးတက်လာအောင် လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေဆီကနေ ဖတ်စာအုပ်ထဲမှာ မပါတဲ့ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှု၊ လက်တွေ့ဘဝ နဲ့ပတ်သတ်နဲ့ အသိပညာတွေကိုလဲ ပြောပြပေးသွားမှာမို့ မိမိက ဂျပန်နိုင်ငံကို သွားဖို့ စဥ်းစားထားတဲ့သူတစ်ယောက်ဆို အခုပဲလာစာရင်းပေးထားလိုက်တော့နော်။ မိမိသိချင်တဲ့ ဂျပန်နိုင်ငံရဲ့ အကြောင်းအရာတွေကိုလဲ လွတ်လွတ်လပ်လပ် မေးမြန်းလို့ရပါတယ်။
အခုလို အတန်းကောင်းလေးတစ်ခုကို တစ်လမှ တစ်သောင်းခွဲကျပ် နဲ့တက်နိုင်မှာဖြစ်ပါတယ်။ June လ 4 ရက်နေ့မှာ အတန်းလေး စတင်တော့မှာဖြစ်လို့ မြန်မြန်လေးစာရင်း ပေးထားဖို့လိုမယ်နော်။ အသေးစိတ်စုံစမ်းဖို့နဲ့စာရင်းသွင်းဖို့အတွက် page messenger ကနေလဲ ဆက်သွယ်လို့ရပါတယ်။ လူကိုယ်တိုင်လာရောက်စုံစမ်းချင်တယ်ဆိုလဲ အောက်ကလိပ်စာလေးကို လူကိုယ်တိုင်လာရောက် နိုင်ပါတယ်နော်။
13/03/2025
今日は
မင်္ဂလာပါရှင့်။ အခုတစ်ပတ်မှာပြုလုပ်သွားမဲ့ Saturday Event မှာ ဂျပန်အစားအစာဖြစ်တဲ့ "Oden" ကိုပြုလုပ်သွားမှာပါရှင့်။
* ပွဲကိုလာရောက်တဲ့သူများကို "Oden" နဲ့ဧည့်ခံမှာဖြစ်ပြီး မိမိကိုယ်တိုင် tryကြည့်ချင်တဲ့သူတွေအတွက်လည်း ကိုယ်တိုင် Event မှာ try ကြည့်နိုင်မဲ့အခွင့်အရေးလည်းရဦးမှာပါနော်။
* ပွဲကို ပထမဆုံးလာရောက်မဲ့ မိတ်ဆွေတို့အတွက် Oden ဆိုတာ ဘယ်လိုအစားအစာမျိုးလဲ၊ဘယ်လိုမျိုးချက်ပြုတ်ရလဲဆိုတာ လေ့လာခွင့်ရနိုင်မဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။
* ပွဲကိုလာရောက်ရင်း ကျွန်တော်တို့လို ဂျပန်ရိုးရာအစားအစာနဲ့ ယဉ်ကျေးမှုကို နှစ်သက်သဘောကျတဲ့မိတ်ဆွေတွေနဲ့ပါရင်းနှီးခွင့်ရမှာဖြစ်ပြီး အချင်းချင်း Knowledge Sharing လုပ်ရင်း အတွေ့အကြုံ၊ဗဟုသုတတွေကိုပါ ဖလှယ်ခွင့်ရရှိနိုင်ဦးမှာပါ။
* နောက်ပြီး အားလုံးနဲ့ခင်မင်ရင်းနှီးခွင့်ရမဲ့ ဂိမ်းအစီအစဉ်တွေလည်းပါတာဖြစ်လို့ လက်လွှတ်မခံသင့်ပါဘူးနော်။
* ဒါ့အပြင် Event မှာ Japanese language နဲ့ ဂျပန်နိုင်ငံက Sensei Natsu နဲ့လည်း စကားပြောခွင့်ရမှာဖြစ်တဲ့အတွက် ဂျပန်စကားပြောတိုးတက်ဖို့အတွက်အထောက်အကူဖြစ်မှာမို့လို့ ဒီလိုအခွင့်အရေးကောင်းတွေရှိတဲ့ပွဲကိုတက်ရောက်ဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်နော်။
📞 Phone : 09660646427
📧 Mail : [email protected]
🕒 Time : 11:30 A.M - 1:30 P.M
📍 Location : NO.44, 2nd Floor/A, Kyike Ka San Pagoda Road, S/A Ward, Thingangyun Township, Yangon, Myanmar.
****************
Hello Everyone 🙋
In the Saturday event that will be held this week, we will be making Japanese food, "Oden".
* All participants who come to the event will be welcomed with "Oden", and those who want to try it themselves will have the opportunity to try it themselves at the event.
* For friends coming to the event for the first time, it is also a program where they can learn what kind of food Oden is and how to cook it.
* By visiting the event, you will have the opportunity to meet friends who like Japanese traditional food and culture, and will also have the opportunity to share knowledge and experience with each other.
* Also, there are game programs where you will have the opportunity to be friends with everyone, so you shouldn't miss it.
* In addition, at the event, you will have the opportunity to speak with Sensei Natsu from Japan, as it will help you to improve your Japanese speaking, so I invite everyone to attend this great opportunity event.
📞 Phone : 09660646427
📧 Mail : [email protected]
🕒 Time : 11:30 A.M - 1:30 P.M
📍 Location : NO.44, 2nd Floor/A, Kyike Ka San Pagoda Road, S/A Ward, Thingangyun Township, Yangon, Myanmar.
07/03/2025
Hello အားလုံးပဲမင်္ဂလာပါရှင့်။
ထူးခြားတဲ့စာလေးတွေပါလို့အဆုံးထိဖတ်ပေးနော်။
အပတ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ Saturday Event ကိုသိကြမယ်ထင်တယ်နော်။
ဒီအပတ်ပြုလုပ်မယ့် Saturday Event လေးမှာ ဂျပန်အစားစာဖြစ်တဲ့ Tempura ကိုပြုလုပ်သွားမှာဖြစ်ပါတယ်ရှင့်။
ဒီတစ်ခါကခါတိုင်းနဲ့မတူပဲ တမူထူးခြားတဲ့ပုံစံသစ်တွေနဲ့ပွဲကိုပြုလုပ်သွားမှာဖြစ်လို့ လာခဲ့ကြဖို့ပြောချင်ပါတယ်ရှင့်။
ဂျပန်နိုင်ငံကလူတွေနဲ့လဲတွေ့ခွင့်ရမှာဖြစ်ပြီးတော့ဂျပန်စာသင်နေတဲ့ကျောင်းသားများကလည်း ဂျပန်ကလူတွေနဲ့တရင်းတနှီးစကားပြောခွင့်ရမှာဖြစ်ပါတယ်။
ဂျပန်အစားစာဖြစ်တဲ့ Tempura ကိုလဲလာရောက် join ကြတဲ့လူတွေကလဲ try ကြည့်လို့ရမှာပဲဖြစ်ပါတယ်။
ဂျပန်ရိုးရာအစားစာတွေသာမက Manga (まんが) တွေကိုလဲ တစ်ဝကြီးဖတ်လို့ရမှာဖြစ်ပါတယ်ရှင့်။
ပန်းပင်စိုက်ရတာသဘောကျတဲ့သူတွေအတွက်လဲ ဂျပန်ကပို့လာတဲ့ ပန်းပင်နဲ့ပတ်သက်တဲ့ Accessories တွေကိုလည်းအနီးကပ်လေ့လာလို့ရမှာဖြစ်ပါတယ်ရှင့်။
ဒီပွဲရဲ့မပါမဖြစ် ဂိမ်းဆော့တဲ့အစီစဉ်ကိုလည်းသေချာ လေးပြုလုပ်ထားတာမို့လို့ ဂိမ်းအစီစဉ်တွေကိုကြိုက်နှစ်သက်ရင်လဲဒီပွဲလေးကိုလာခဲ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင့်။
ဒီတစ်ခါပွဲလေးကိုအရမ်းကောင်းမွန်တဲ့အစီစဉ်လေးတွေပါတာမို့လို့ မလာမိရင်နောင်တရနေအုန်းမယ်နော် ဆိုတော့ ပွဲကိုလာခဲ့ကြပါလို့ CWB Members များကဖိတ်ခေါ်လိုက်ပါတယ်ရှင်။
အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။
ありがとうございます。
📞 Phone : 09660646427
📧 Mail : [email protected]
🕙 Time : 10:30AM - 1:00PM
📌 Location : No.44, 2nd Floor/A, Kyike Ka San Pagoda Road, S/A Ward, Thingangyun Township, Yangon, Myanmar
19/02/2025
Hello အားလုံးစောင့်မျှော်နေကြတဲ့ Saturday Event လေးပြန်လာပါပြီရှင့်။
ဒီတစ်ခါ Event လေးမှာ "Tonkatsu" ဆိုတဲ့ဂျပန်အစားစာလေးပြုလုပ်သွားမှာဖြစ်ပါတယ်။
ဂျပန်အစားစာတွေထဲမှာ "Tonkatsu" ကလူကြိုက်များတဲ့အစားစာတစ်ခုဆိုလဲမမှားဘူးနော်။
"Tonkatsu" ဆိုတဲ့ဂျပန်အစားစာလေးကို try ကြည့်ချင်တယ်ဆိုရင် ဒီ event လေးကို လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။
Event အစီစဉ်လေးတွေက
- Event ကိုလာရောက်တဲ့မည်သူမဆို Tonkatsu ဆိုတဲ့ဂျပန်အစားစာလေးကိုသုံးဆောင်ခွင့်ရမှာဖြစ်ပါတယ်။
- Event အတွင်းပြုလုပ်မည့် Game အစီစဉ်များကိုလဲပါဝင်နိုင်ပါတယ်။
- Japan နိုင်ငံက Sensei ဖြစ်တဲ့ Natsu Sensei နဲ့လဲ face to face Video call ဖြင့်စကားပြောခွင့်ရမှာပါ။(Japanese language)
- CWB Members တွေသိထားတဲ့ Japan အကြောင်းအရာတစ်ချို့ကိုလည်း Knowledge sharing လေးပြုလုပ်သွားမှာဖြစ်ပါတယ်။
- လူငယ်များအချင်းချင်း ရှေ့ဆက်မယ့်အနာဂတ်လမ်းကြောင်းကိုလည်း အချင်းချင်းတိုင်ပင်ဆွေးနွေးရင်း ဒီ Event လေးမှာပျော်စရာအစီစဉ်များကိုပါဝင်ဆင်နွှဲလိုက်ကြရအောင်နော်။
📞 Phone : 09660646427
📧 Mail : [email protected]
🕒 Time : 11:30 A.M - 1:30 P.M
📍 Location : NO.44, 2nd Floor/A, Kyike Ka San Pagoda Road, S/A Ward, Thingangyun Township, Yangon, Myanmar.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No44, 2nd Floor/A, Kyike Ka San Pogoda Road Thingangyun Gyun Township Yangon
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |