PUTU Bakery
မုန့်လုပ်နည်း 😁😁
~~~~~~~~~~
မုန့်လုပ်တာကို ဝါသနာ
ပါတဲ့ ဒေါ်ခင်စိန်တစ်ယောက် နံနက် ၇နာရီမှာ ရေဒီယိုက ကိတ်မုန့်ဖုတ်နည်းအသံလွှင့်တာလာမယ်ဆိုလို့ စာအုပ်နဲ့ဘောပင်ယူပြီး စောင့်နေတယ်။
နံနက်ခုနစ်နာရီထိုးတော့ ရေဒီယိုက ကိတ်မုန့်ဖုတ်နည်းအသံလွှင့်တာတော့လာပါတယ်။ဒါပေမဲ့
ကပ်ရပ်လိုင်းက ကျန်းမာရေးလေ့ကျင့်ခန်းက အသံတွေနဲ့ရောနေတယ်။အသံလွှင့်အစီအစဥ် အပြီးမှာ ဒေါ်ခင်စိန်ရဲ့ မှတ်စုစာအုပ်ကိုကြည့်လိုက်တော့ အခုလိုတွေ့ရပါတယ်။
အဆင့်(၁) ။ ။ ဂျုံမှုန့်သန့်သန့်တစ်ပိဿာကိုယူပြီး ဒူးကိုကွေးလိုက်ပါ။
အဆင့်(၂) ။ ။ ကြက်ဥနှစ်လုံးကိုဖောက်၍ အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ် လုပ်ပါ။
အဆင့်(၃) ။ ။ ဂျုံမှုန့်နှင့်ကြက်ဥနှစ်ကိုရောနယ်၍ ကြမ်းပြင်ပေါ်တွင်ပက်လက် လှဲလိုက်ပါ။
အဆင့်(၄) ။ ။ သကြားနဲ့ထောပတ်အနည်းငယ်ရော၍ ဒူးနှစ်ဖက်ကို ကွေးပြီးထောင်ပါ။
အဆင့်(၅) ။ ။ ၁နာရီခန့်အပူပေးပြီး ခြေနှစ်ချောင်းကို ကားပြီးချိန်တွင် အသင့်စားသုံးနိုင်ပါပြီ...တဲ့။
😂🤣🤣😁
Ref:
(ဆရာဦးအောင်သင်း၏ ဆောင်းပါးတစ်ပုဒ်မှ မှီငြမ်းပါသည်။)
Credit to original uploader...
Click here to claim your Sponsored Listing.
Category
Website
Address
North Dagon
Yangon