Village For Technicians
30/11/2021
နည်းပညာ (Technology) ကိုဝါသနာပါကြတဲ့လူငယ်တိုင်းအတွက် WEB DESIGN & FRONT-END DESIGN Course (Batch 3)❕❕
--------------------------------
ဒါကတော့အရင်အတန်းက Review လေးတွေပါခင်ဗျာ 🤩😍
https://www.facebook.com/104426211326637/posts/226736285762295/
Web Designer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုချင်သူများကို အချိန်တိုတိုအတွင်း အခြေခံကစပြီး Junior Web Designer တစ်ယောက်ဖြစ်လာနိုင်ဖို့အတွက် လက်တွေ့ Project များ ရေးနိုင်တဲ့အထိ တတ်မြောက်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ လေ့လာရလွယ်ကူပြီး Web Designer တစ်ယောက်အနေဖြင့် အသက်မွေးဝမ်းကြောင်း ပြုချင်သူများ ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တက်ရောက်နေသော သူများ၊ Computer အခြေခံရှိတဲ့ မည်သူမဆို တက်ရောက်သင့်တဲ့ သင်တန်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျ။ 💯
ဒီသင်တန်းမှာ Photoshop ကိုအသုံးပြုပြီးတော့ Web Design Template တွေကို ကိုယ်တိုင်လက်တွေ့ဖန်တီးနိုင်အောင်သင်ကြားပေးမယ့်အပြင် ကိုယ်ဖန်တီးထားတဲ့ Web Template တွေကို HTML, CSS, JavaScript, Bootstrap အသုံးပြုပြီးတော့ Website ရေးသားဖန်တီးခြင်းကို အခြေခံမှ စပြီး လက်တွေ့ Project များရေးသားနိုင်သည့်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။
Web Design & Front-End Design Class တွင် သင်ကြားမည့် အကြောင်းအရာများ -
🔹 HTML5
🔹 CSS3
🔹 Theory of Web Design
🔹 Color Theory
🔹 Typography
🔹 Photoshop for Web Design
🔹 PSD to Coding
🔹 JavaScript
🔹 JQuery
🔹 Grid System
🔹 Bootstrap 4
🔹 Google Fonts Embedding
🔹 page Embedding on Website
🔹 Google Map Embedding on Website
🔹 Git and GitHub
တို့ကိုသင်ကြားပေးမှာ ဖြစ်ပါတယ်။
Photoshop ကို အသုံးပြုပြီးတော့ Web Design များကို ကိုယ်တိုင် ရေးဆွဲနိုင်အောင် သင်ကြားမှာဖြစ်ပြီး Website တစ်ခုလုံးကို Hand Code ရေးနိုင်တဲ့အထိ သင်ကြားရမည့်အပြင်၊ ကိုယ်တိုင်ဖန်တီးထားတဲ့ Website ကို Github ပေါ် ဘယ်လိုတင်ပြီး GitHub Page အနေနဲ့ဘယ်လိုလုပ်လဲပါသင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကြေး - 20000 ကျပ်
သင်တန်းကာလ - 6 weeks
သင်တန်းစတင်မည့်ရက် - 6 Dec 2021
ဘယ်လို သင်ကြားပေးမှာလဲ❓
သင်တန်းသားများအားလုံး Facebook Private Group ထဲမှာ သင်ကြားရမှာ ဖြစ်ပြီး သင်ခန်းစာ Video များကို Upload တင်ထားပြီးဖြစ်တာကြောင့် အချိန်မရွေး အားတဲ့အချိန်တိုင်း ဝင်ရောက်လေ့လာ သင်ယူနိုင်မှာပါ။
မသိတာများကို မေးမြန်းဖို့အတွက်လည်း Messenger မှာ Group ဖွဲ့ပေးထားပါမယ်။ 👍
👉 HTML/ CSS နဲ့ပေါင်းပြီး static project တစ်ခု
👉 JavaScript ကိုအသုံးပြုပြီး To-Do List project
တစ်ခု
👉 Bootstrap ကိုအသုံးပြုပြီး Responsive project နှစ်ခုရေးရပါမယ်။
ခုလို အခြေအနေမျိုးမှာ သင်တန်းသားများ စာ လဲ လုပ်ရင်း လိုအပ်တဲ့နေရာများကိုလဲ လှူနိုင် ဖို့ လက်ရှိ သင်ကြားနေတဲ့ Front-end web design course ကို ပြန်ပြီး ဖွင့်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။
Project based စနစ် နဲ့ သင်ကြားပေးတာမလို့ ပုံမှန်လိုက်လုပ်တဲ့သူများ အတွက်တတ်မြောက်ဖို့ အာမခံပါတယ်။
သင်တန်း တက်ရောက်မည်ဆိုပါက Page Messenger ကိုလာရောက်ဆက်သွယ် အပ်နှံနိုင်ပြီးတော့ သင်တန်းအတွက်မေးမြန်းစုံစမ်းစရာရှိပါကလည်း
☎️ ဖုန်းနံပါတ် - 09 421081092, 09 786222420 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
09/01/2021
နည်းပညာ (Technology) ကိုဝါသနာပါကြတဲ့လူငယ်တိုင်းအတွက် WEB DESIGN & FRONT-END DESIGN Course (Batch 2)❕❕
--------------------------------
ဒါကတော့ပထမအတန်းက Review လေးတွေပါခင်ဗျာ 🤩😍
https://www.facebook.com/104426211326637/posts/226736285762295/
Web Designer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုချင်သူများကို အချိန်တိုတိုအတွင်း အခြေခံကစပြီး Junior Web Designer တစ်ယောက်ဖြစ်လာနိုင်ဖို့အတွက် လက်တွေ့ Project များ ရေးနိုင်တဲ့အထိ တတ်မြောက်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ လေ့လာရလွယ်ကူပြီး Web Designer တစ်ယောက်အနေဖြင့် အသက်မွေးဝမ်းကြောင်း ပြုချင်သူများ ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တက်ရောက်နေသော သူများ၊ Computer အခြေခံရှိတဲ့ မည်သူမဆို တက်ရောက်သင့်တဲ့ သင်တန်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျ။ 💯
ဒီသင်တန်းမှာ Photoshop ကိုအသုံးပြုပြီးတော့ Web Design Template တွေကို ကိုယ်တိုင်လက်တွေ့ဖန်တီးနိုင်အောင်သင်ကြားပေးမယ့်အပြင် ကိုယ်ဖန်တီးထားတဲ့ Web Template တွေကို HTML, CSS, JavaScript, Bootstrap အသုံးပြုပြီးတော့ Website ရေးသားဖန်တီးခြင်းကို အခြေခံမှ စပြီး လက်တွေ့ Project များရေးသားနိုင်သည့်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။
Web Design & Front-End Design Class တွင် သင်ကြားမည့် အကြောင်းအရာများ -
🔹 HTML5
🔹 CSS3
🔹 Theory of Web Design
🔹 Color Theory
🔹 Typography
🔹 Photoshop for Web Design
🔹 PSD to Coding
🔹 JavaScript
🔹 JQuery
🔹 Grid System
🔹 Bootstrap 4
🔹 Google Fonts Embedding
🔹 page Embedding on Website
🔹 Google Map Embedding on Website
🔹 Git and GitHub
တို့ကိုသင်ကြားပေးမှာ ဖြစ်ပါတယ်။
Photoshop ကို အသုံးပြုပြီးတော့ Web Design များကို ကိုယ်တိုင် ရေးဆွဲနိုင်အောင် သင်ကြားမှာဖြစ်ပြီး Website တစ်ခုလုံးကို Hand Code ရေးနိုင်တဲ့အထိ သင်ကြားရမည့်အပြင်၊ ကိုယ်တိုင်ဖန်တီးထားတဲ့ Website ကို Github ပေါ် ဘယ်လိုတင်ပြီး GitHub Page အနေနဲ့ဘယ်လိုလုပ်လဲပါသင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကြေး - 25000 ကျပ်
သင်တန်းကာလ - 6 weeks
သင်တန်းစတင်မည့်ရက် - 18 Jan 2021
ပထမဆုံး စာရင်းသွင်းအပ်နှံသူ ( ၅-ဦး) နဲ့ Photoshop for web template Course တက်ပြီးသူများကို 20000 ကျပ်ဖြင့် Discount ပေးမှာဖြစ်တဲ့ အတွက် မြန်မြန်လေး စာရင်းသွင်း အပ်နှံကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ ⏳
ဘယ်လို သင်ကြားပေးမှာလဲ❓
ဘယ်အချိန် သင်ကြားပေးမှာလဲ?❓
တက်ရောက်တဲ့သင်တန်းသားများအားလုံး Facebook Private Group ထဲမှာ သင်ကြားရမှာ ဖြစ်ပြီး Monday to Friday ညနေ ၆ နာရီတိုင်းသင်ခန်းစာ Video များကို Upload ပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။ မသိတာများကို မေးမြန်းဖို့အတွက်လည်း Messenger မှာ Group ဖွဲ့ပေးထားပါမယ်။ 👍
👉 HTML/ CSS နဲ့ပေါင်းပြီး static project တစ်ခု
👉 JavaScript ကိုအသုံးပြုပြီး To-Do List project
တစ်ခု
👉 Bootstrap ကိုအသုံးပြုပြီး Responsive project နှစ်ခုရေးရပါမယ်။
သင်တန်းပြီးဆုံးပြီးနောက် မိမိကိုင်တိုင်လည်း Responsive Website final project တစ်ခုလုပ်ပြီး ထပ်ပေးရပါမယ်။
အမှန်တစ်ကယ်လိုက်လုပ်ပြီး Project တင်နိုင်တယ့်သူများကိုလည်း certificate ပေးအပ်သွားမှာဖြစ်ပါတယ်။
Project based စနစ် နဲ့ သင်ကြားပေးတာမလို့ ပုံမှန်လိုက်လုပ်တဲ့သူများ အတွက်တတ်မြောက်ဖို့ အထူးအာမခံပါတယ်။
သင်တန်း တက်ရောက်မည်ဆိုပါက Page Messenger ကိုလာရောက်ဆက်သွယ် အပ်နှံနိုင်ပြီးတော့ သင်တန်းအတွက်မေးမြန်းစုံစမ်းစရာရှိပါကလည်း
☎️ ဖုန်းနံပါတ် - 09 421081092, 09 689197212 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
08/01/2021
Front-end Web Design Course (Batch 2)
ကျနော်တို့ Village For technicians က နေ အရင် Front-End Web Design Course ကို မမှီလိုက်တဲ့သူများ အတွက် Front-End Web Design Course (2nd batch) ကို ထပ်မံဖွင့်ပေးသွားဖို့ရှိပါတယ် ခင်ဗျာ။ ✌️
မနက်ဖြန် ကျွန်တော်တို့ သင်ခန်းစာ အသေးစိတ် နဲ့ စမယ့်နေ့ကိုတင်ပေးသွားပါ့မယ်ခင်ဗျ။ 👌
လူဦးရေကန့်သတ်ထားပြီး သေချာလိုက်လုပ်မယ့်သူများကိုပဲ လက်ခံပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။
https://www.facebook.com/104426211326637/posts/227120899057167/
ပထမတစ်ခေါက်တုန်းက ယုံယုံကြည်ကြည်နဲ့ တက်ရောက်ပေးပြီး review ရေးပေးသူများကိုလဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ ❤️❤️
ဒီနေ့မှာတော့ ကျွန်တော်တို့ နည်းပညာရွာသူရွာသားတွေ အတွက် browser ကနေ Photoshop ကိုဘယ်လိုအသုံးပြုလို့ရလဲဆိုတာ sharingလုပ်ပေးသွားမှာဖြစ်ပါတယ်။
Linux အသုံးပြုနေလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စက်က Photoshop install လုပ်လို့မနိုင်လို့ပဲဖြစ်ဖြစ် အကြောင့်အမျိုးမျိုးကြောင့် Photoshop ကို ကိုယ့်ရဲ့စက်မှာ install လုပ်လို့မရတဲ့သူတွေ အတွက်ဒီ videoလေးက အထောက်အကူဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဗျ။ 😍😍
03/01/2021
လူပြည့်သွားပါပြီ။
✌️✌️✌️✌️✌️✌️
Photoshop For Web Templates (ပညာဒါန)
100% Free online course (Batch 3)
--------------------------------------------
ဒီနေ့မှာတော့ နှစ်သစ်အတွက် Village for technicias ကနေ နောက်ဆုံးအကြိမ်အနေနဲ့ PFWT (ပညာဒါန) ကို စလက်ခံပေးသွားပါမယ်ခင်ဗျ။
(လူအရေအတွက်အကန့်သတ်ရှိပါတယ်)
ပြီးခဲ့တဲ့ batch ကမမှီလိုက်သူတွေတွက် ထပ်မံဖွင့်ပေးတာပါခင်ဗျ 🤩🤩
💢 ဒီ course မှာဆို Phtoshop ကိုအသုံးပြုပြီး Web Template များကို ဘယ်လိုဖန်တီးရလဲဆိုတာကို အခြေခံကစပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။
💢 ဒီ course တက်ပြီးသွားရင် Photoshop နဲ့ web template များ ကို ကိုယ် idea ရှိရင်ရှိသလို ဆွဲနိုင်သွားပါလိမ့်မယ်။
ဘာတွေသင်ကြားပေးမှာလဲ ??
Course Details
------------------------
What is Wireframe?
Photoshop Installation
Photoshop basic knowledge (using tools)
Photoshop website layout (grid system)
Creating Website template
သင်တန်းစမယ့်နေ့ - 05/01/2021
သင်တန်းကြာချိန် - (၅) ရက်
သင်မည့်အချိန် / သင်ကြားမည့်ပုံစံ -
တက်ရောက်တဲ့သင်တန်းသားများအားလုံး Facebook Private Group ထဲမှာသင်ကြားရမှာဖြစ်ပြီး ညနေ ၆ နာရီတိုင်းသင်ခန်းစာ Video များကို Upload ပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။
အမှန်တစ်ကယ်လိုက်လုပ်ပြီး Project တင်နိုင်တယ့်သူများကိုလည်း certificate ပေးအပ်သွားမည်ဖြစ်ပါသည်။
သင်တန်းကိုဘယ်လို Join ရမလဲ ??
သင်တန်းကို Join ချင်တယ်ဆိုရင် -
- ဒီ page လေးကိုအရင် like လုပ်ထားရပါမယ်။
- ပြီးရင် ဒီ Post ကို like and public နဲ့ Share လုပ်ပြီး Share ထားတဲ့ Screenshot လေးကို Page ရဲ့ Chat Box မှာလာပြပေးရုံပဲ။
မိတ်တွေတို့အတွက်အသုံးဝင်မယ်ဆိုတာအပြည့်အဝယုံကြည်ပါတယ် 😀
ဒီနေ့ နည်းပညာ ရွာသူရွာသားတွေအတွက် ကျွန်တော်တို့ sharing လုပ်ပေးချင်တာက Git အကြောင်းလေးဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ IT နယ်ပယ်မှာ Git, GitHub ဆိုပြီး ပြောနေကြတာကို ကြားဖူးကြမယ် ထင်ပါတယ်။ အဲတော့ ကျွန်တော်တို့ Git နဲ့ GitHub အကြောင်းကို သေချာလေးနားလည်သွား အောင် ဖတ်ကြည့်လိုက်ရအောင်😄
အရေးကြီးဆုံးအနေနဲ့ မှတ်ထားရမှာက Git နဲ့ GitHub က တူညီတဲ့အရာ မဟုတ်ပါဘူး။
ပထမဆုံးအနေနဲ့ git အကြောင်း မပြောခင် Version Control System’(အတိုကောက် VCS) အကြောင်း အရင်မိတ်ဆက်ချင်ပါတယ်။
VCS ဆိုတာ ကျွန်တော်တို့ ရေးလိုက်တဲ့ program, document, website တစ်ခုရဲ့ မတူညီတယ့် version အမျိုးမျိုးကို manage/control လုပ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကဲဒီထက်ပိုနားလည်သွားအောင် ဆက်ဖတ်ကြည့်ရအောင်။
VCS အကြောင်း ကို ပိုနားလည်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ ‘version’ ဆိုတဲ့ keyword လေးကိုအရင်သိဖို့လိုပါတယ်။
ဥပမာအနေနဲ့ -
Document
Hello World !
အထက်ပါ HTML program တစ်ခုကို ရေးလိုက်ပြီဆိုပါစို့။ အခုရေးလိုက်တာဟာ version တစ်ခုဖြစ်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ program ဟာ မှားသွားလို့ ပဲဖြစ်ဖြစ် အသစ်ထပ်ရေးလိုက်ရင်ပဲဖြစ်ဖြစ် save လိုက်တာနဲ့ ပထမ version မဟုတ်တော့ဘဲ နောက်ထပ် version တစ်ခု အနေနဲ့ ယူဆရမှာဖြစ်ပါတယ်။ အကျဉ်းချုပ်အနေနဲ့ ကျွန်တော်တို့ program ကို edit, modify လုပ်ပြီး save နေတဲ့ ကာလပတ်လုံး program ရဲ့ version တွေဟာပြောင်းလဲနေမှာ ဖြစ်ပါတယ်။
ဟုတ်ပြီ ဒါဆို ကျွန်တော်တို့ VCS အကြောင်းလေး ဆက်လေ့လာကြည့်ရအောင်။
VCS ဟာ ကိုယ်ရေးလိုက်တဲ့ code ရဲ့ ပြောင်းလဲမှုတွေကို အမြဲ track လုပ်ပေးနေပါတယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက် developer အချင်းချင်း real time မှာ ပြင်တာတွေ ဖျက်တာတွေလုပ်လို့ရတယ်။ ကိုယ် testing လုပ်ဖို့ ပြင်လိုက်တဲ့ code မှားသွားတဲ့အခါ original file ကို မဆုံးရှုံးဘဲ ပြန်ယူလို့ရမယ်။ code ရဲ့ version အဟောင်းတွေကို ပြန်ယူလို့ရမယ်။
VSC ကို အမျိုးအစားကြီး ၃မျိုး ခွဲခြားလို့ရပါတယ်။ အဲ့ဒါတွေကတော့
1. Local Version Control System
2. Centralized Version Control System
3. Distributed Version Control System
တို့ဘဲ ဖြစ်ပါတယ်
1. Local Version Control System - LVCS ဟာဆိုရင် ကိုယ်ရဲ့ computer မှာပဲသုံးလို့ရပါတယ်။ တစ်နည်းအားဖြင့် မိမိတစ်ယောက်တည်းသာ သုံးလို့ရမှာ ဖြစ်ပါတယ်။
2. Centralized Version Control System - Centralized VCS ဟာဆိုရင်ဖြင့် Master Project File ကို Server တစ်ခု ဒါမှမဟုတ် Cloud Server တစ်ခုခုပေါ်မှာ သိမ်းထားပါတယ်။ အဲ့ဒီ Project ကို Developer တွေက ပေါင်းရေးကြတဲ့ အခါမှာ Master Project ကြီးတစ်ခုလုံးကို ဝင်ရေးလို့မရပါဘူး။ Administrator က သတ်မှတ်ပေးထားတဲ့ အပိုင်းလောက်ကိုပဲ ရေးခွင့်ရတာပါ။ Centralized VCS ရဲ့အားသာချက်ကတော့ project လုပ်ဆောင်နေတဲ့ developer တွေဟာ သူတို့လုပ်ဆောင်ရမယ့် အပိုင်းဘယ်လောက် ပြီးမြောက်ထားလဲဆိုတာ အခြေအနေတစ်ခုထိ တခြားသူတွေသိနိုင်ခြင်းဖြစ်ပါတယ်။
3. Distributed Version Control System - Distributed VCS ဟာဆိုရင် Local နဲ့ Centralized ကို ပေါင်းစပ်ထားတာလို့ အကြမ်းမျဉ်း ဆိုနိုင်ပါတယ်။ Distribute ဆိုတော့ မြန်မာလိုဆိုရင် ဖြန့်ဝေသည် ပေါ့။ အဲ့တာကြောင့်မို့လို့ အလုပ်လုပ်ကြမယ့် Project ကို သက်ဆိုင်ရာ Developer တိုင်းကို ဖြန့်ဝေပေးလိုက်ပါတယ်။ အဲ့တော့ သူတို့ရဲ့ ကိုယ်ပိုင်စက်တွေထဲမှာလဲ Master Project File ကြီးတစ်ခုလုံးကို ရသွားပါတယ်။ ဒီလိုနည်းနဲ့ ကိုယ့်ရဲ့ စက်က server၊ ကိုယ့်ရဲ့စက်က client ပဲ ဖြစ်လာပါတယ်။ ဒါကြောင့် Project ရဲ့ Backup File ဟာ စက်တိုင်းမှာ ရှိသွားပြီးတော့ File Sharing လုပ်ကြတဲ့ အချိန်မှာ peer-to-peer ပုံစံနဲ့ Share သွားပါတယ်။
VCS တွေဟာ နာမည်မျိုးစုံ ပေါ်ပေါက် ထုတ်လုပ်လာကြပါတယ်။ CVS, SVN, Mercurial, Fossil အစရှိသည်သဖြင့်ပေါ့။ အဲဒီအထဲမှာ Git ဆိုတာဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
Git ကို တော့ 2005 ခုနှစ်မှာ Linux Torvalds ဆိုတဲ့ ပုဂ္ဂိုလ် က ဖန်တီးခဲ့ပါတယ်။ Git ဟာ ‘a free and open source distributed version control system’ တစ်ခုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် git ဟာ VCS ထဲက distributed VCS အမျိုးအစားဖြစ်ပါတယ်။ သူကတော့ VCS တွေထဲမှာမှ အအောင်မြင်ဆုံးနဲ့ လူသုံးအများဆုံးဘဲ ဖြစ်ပါတယ်။
Git က တော့ အခမဲ့ သုံးစွဲခွင့်ပြုထားတယ်။ Open Source ဖြစ်တဲ့အတွက် Source Code တွေကိုလဲ ကြိုက်သလို ပြင်ဆင်ခွင့်ပေးထားပါတယ်။
Git ကို အောက်ဖော်ပြပါ website မှာ သွားလေ့လာလို့ရပါတယ်။
https://git-scm.com/
Git အသုံးပြုချင်တယ်ဆိုရင် အဲ့ဒီ website မှာဝင်ပြီး မိမိ computer ရဲ့ OS ပေါ်မူတည်ပြီး free download လုပ်လို့ရပါတယ်။ beginner တစ်ယောက်အနေနဲ့ ဘယ်ကစသုံးမလဲ ကစပြီး အဲ website မှာ ဖော်ပြပေးထားပါတယ်
ဒါကတော့ git အကြောင်းဘဲ ဖြစ်ပါတယ်။
မနက်ဖြန်ရောက်ရင် တော့ GitHub အကြောင်းကိုထပ်တင်ပေးသွားပါမယ်။ 😃😃
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11111