The Moon
06/07/2024
ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••
ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။
အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။
🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း
မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။
🔷ရောဂါလက္ခဏာများ
အစောပိုင်းလက္ခဏာများမှာ
▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။
🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။
🔷ကာကွယ်ခြင်း
မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။
◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။
◾လက်ဆေးပါ။
လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။
◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။
◾ယင်လုံအိမ်သာအသုံးပြုပါ။
◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။
🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?
ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။
🔺ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။
ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။
မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။
နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။
🔷ဓာတ်ဆားရည်ပြုလုပ်နည်း
ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။
◾ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)
🔺ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။
◾ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။
🔷အရေးကြီးတဲ့လက္ခဏာတွေကတော့
◾ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း
◾နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း
◾ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း
◾ဗိုက်ထဲမှရစ်ပြီးနာခြင်း
◾ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)
ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
5.7.24 ; 11:30PM
Edited 🔺 လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်
#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ
09/06/2024
𝐙𝐨𝐨𝐦 𝐏𝐫𝐨 ဝယ်သုံးလိုက်ပေမဲ့ ခဏလေးနဲ့ 𝐏𝐫𝐨 ကုန်သွားပြီး အာမခံချက်လည်း မရှိလို့ အဆင်မပြေဖြစ်နေရပါသလား ? 🤔
𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 ပါရှိပြီးသား စိတ်ချရတဲ့ 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐚𝐜𝐜𝐨𝐮𝐧𝐭 ကိုမှ အသုံးပြုချင်သူတွေအတွက် 𝗧𝗵𝗲 𝗠𝗼𝗼𝗻 ရဲ့ 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝 𝐚𝐜𝐜 လေးတွေကို ဝယ်ယူအသုံးပြုနိုင်ပါပြီ။
𝗧𝗵𝗲 𝗠𝗼𝗼𝗻 မှာရရှိနိုင်တဲ့ 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝 𝐀𝐜𝐜 တွေဟာဆိုရင် -
🌐 𝐒𝐦𝐚𝐥𝐥 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 တွေ
🌐 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐫 တွေ၊ 𝐓𝐞𝐚𝐜𝐡𝐞𝐫 တွေ၊
🌐 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬𝐞𝐬, 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩𝐬, 𝐨𝐫 𝐬𝐞𝐦𝐢𝐧𝐚𝐫𝐬 တွေအတွက် 𝐇𝐨𝐬𝐭 လုပ်ရသူတွေ၊
🌐 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐞𝐭𝐢𝐧𝐠 အမြဲလုပ်ရသူတွေ အတွက် အထူးသင့်တော်တဲ့အပြင်၊
⚡နာရီ 𝟑𝟎 အထိ 𝐌𝐞𝐞𝐭𝐢𝐧𝐠 ကြာချိန် ပြုလုပ်နိုင်ခြင်း၊
⚡𝐆𝐫𝐨𝐮𝐩 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 များအတွက် 𝐠𝐫𝐨𝐮𝐩 အလိုက် 𝐌𝐞𝐞𝐭𝐢𝐧𝐠 အသေးစားများ ခွဲထုတ်နိုင်သော 𝐁𝐫𝐞𝐚𝐤𝐨𝐮𝐭 𝐑𝐨𝐨𝐦 များပါရှိခြင်း၊
⚡𝐂𝐥𝐨𝐮𝐝 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 5𝐆𝐁 ပါရှိခြင်း၊
⚡𝐌𝐞𝐞𝐭𝐢𝐧𝐠 အား 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐒𝐭𝐫𝐞𝐚𝐦𝐢𝐧𝐠 ပြုလုပ်နိုင်ခြင်း စတဲ့အချက်တွေအပြင် တခြားသော အားသာချက်များစွာ ပါရှိပါတယ်။
ဒီလို 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝 𝐀𝐜𝐜𝐨𝐮𝐧𝐭 မျိုးကိုမှ မတော်တဆ 𝐩𝐫𝐞𝐦𝐢𝐮𝐦 ပြုတ်သွားတာမျိုးဖြစ်လာခဲ့ရင်လည်း ချက်ချင်းပြန်ချိတ်ပေးတာမို့ 𝗧𝗵𝗲 𝗠𝗼𝗼𝗻 နဲ့သာဆိုရင် 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝 𝐀𝐜𝐜𝐨𝐮𝐧𝐭 အတွက် စိတ်ချရပြီပေါ့ !!
အခုလို စိတ်ချရတဲ့ 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝 𝐀𝐜𝐜𝐨𝐮𝐧𝐭 တွေအပြင် 𝐍𝐞𝐭𝐟𝐥𝐢𝐱 နဲ့ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐕𝐏𝐍 တွေကိုလည်း 𝗧𝗵𝗲 𝗠𝗼𝗼𝗻 မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်နော်။
🎉 ဒါကြောင့် 𝐙𝐨𝐨𝐦 𝐏𝐫𝐨, 𝐍𝐞𝐭𝐟𝐥𝐢𝐱 နဲ့ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐕𝐏𝐍 တွေ လိုအပ်လာပြီဆိုရင် အာမခံချက်ပါဝင်ပြီး ဝန်ဆောင်မှု၊ ကောင်းမွန်စွာနဲ့ စိတ်ချရတဲ့ 𝗧𝗵𝗲 𝗠𝗼𝗼𝗻 ကိုသာလှမ်းခဲ့လိုက်ပါ။
ဝယ်ယူဖို့အတွက် အသေးစိတ်သိရှိလိုပါက 𝐕𝐛- 𝟎𝟗 𝟗𝟓𝟎 𝟔𝟗𝟖 𝟏𝟖𝟎 သို့မဟုတ် 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတစ်ဆင့်လည်း မေးမြန်းဝယ်ယူနိုင်ပါတယ်။
#𝐓𝐡𝐞𝐌𝐨𝐨𝐧
#𝐙𝐨𝐨𝐦𝐏𝐫𝐨 #𝐙𝐨𝐨𝐦𝐋𝐢𝐜𝐞𝐧𝐬𝐞
#𝐍𝐞𝐭𝐟𝐥𝐢𝐱 #𝐕𝐏𝐍
14/05/2024
🙋
- Business Meeting ခနခန ထိုင်ရသူတွေ
- Online Class ဆရာတွေ၊
- Online Seminar ခနခန လုပ်ရတဲ့ organization တွေ
- Online Consultation လုပ်နေသူတွေ အတွက်
🔹 အမိုက်စား feature တွေနဲ့ပြည့်နေတဲ့ zoom premium account ဝယ်ယူလိုတယ်ဆိုရင်တော့ ~
“ The Moon-Premium Service “ မှာ လာရောက်ဝယ်ယူလို့ရပြီဲဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ 🎉🎉🎉
🔹 Premium Account ဝယ်ယူပြီးလို့ Premium ပြုတ်ကျသွားတာဖြစ်ဖြစ်၊ တခြား error တစ်ခုခုတက်တာဖြစ်ဖြစ် warranty နဲ့တကွ အဆင်ပြေအောင်ပြန်လည် ပြင်ဆင်ပေးတာမို့ မဝယ်ခင်ရော ဝယ်ပြီးရော စိတ်ချမ်းသာရစေဖို့ “ The Moon - Premium Service “ က အာမခံပါတယ်နော် 🤩
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |