Know To Grow

Know To Grow

Share

16/02/2023

Stop Wasting Your Life
__________________________

လူ့တစ်ယောက် ဘ၀ သက်တမ်းရဲ့
70% to 80% လောက်က ပိုက်ဆံ
ရှာဖို့အတွက် ရုံးကန်ရတဲ့ အခါ....
ကိုယ်က ကိုယ်လုပ်နေတဲ့ အလုပ်
အတွက် ပျော်နေဖို့ လိုအပ်ပါတယ်။

Do what you love or
put more love into your work.

ဆိုတဲ့ အတိုင်း ကိုယ် နှစ်သက်
တာကို လုပ်တာပဲ ဖြစ်ဖြစ်၊
ကိုယ်လက်ရှိ လုပ်နေတာကို ပို
နှစ်သက်လာအောက် လုပ်
တာပဲဖြစ်ဖြစ် ကြိုးစားလိုက်ရင်
ပြောင်းလဲသွားတဲ့ ရလဒ်နှစ်ရှိပါတယ်။

Love And Happiness

ကိုယ်က ကိုယ် တစ်ခုခု (သို့)
တစ်ယောက်ယောက် ကို တကယ်
ချစ်တယ် ဆိုရင် ဘယ်လောက်ပဲ
မကောင်း တာတွေနဲ့ပဲ ကြုံရပါစေ....
'အဆိုး' ထဲက 'အကောင်း' ကို
မြင်တတ် ကြပါတယ်။

ကိုယ့်မှာ တကယ်ဖြစ်ချင်တဲ့
အိမ်မက်တစ်ခု အတွက်
ကိုယ် မကောင်းတဲ့အခြေအနေ
တွေကြားထဲမှ တက်နိုင်သလောက်
ကြိုစားပြီးတော့ ဖြစ်လာတဲ့
တစ်နေ့ ပိုက်ဆံရလာရင်
ဘ၀ကြီးက ပိုပြီး meaningful
ဖြစ်လာတယ်။
ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာကို ကိုယ်
လုပ်နေရတော့ ပျော်ရွှင်မှုက ကိုယ့်
နောက်လိုက်လာ မှာပါ...

သင်လဲ သင်လုပ်ချင်တာ ဖြစ်ချင်တာလေး တွေနဲ့ ဘ၀ကို ပျော်ပျော် နေသွားချင် ပါလိမ့်မယ်...

ပိုက်ဆံက အရေးကြီးတာ မှန်ပေမဲ့....
တစ်ချို့ တကယ် အရေးကြီးပြီးတော့
ပိုက်ဆံနဲ့ ပြန်လဲလို့ မရတဲ့
Items တွေရှိပါတယ်။

ဥပမာ ကိုယ်က ပိုက်ဆံများများရှာနိုင်ဖို့က
အဓိကပဲ ဆိုရင် ကိုယ်ကြိုးစားတဲ့အခါ
ဘာပဲလုပ်လုပ် ပိုက်ဆံရဖို့ပဲ လုပ်မယ်ဆိုတဲ့
ခံယူချက်တစ်ခုအတွက် ကိုယ့်မှာရှိတဲ့
'အချိန်' ၊ တစ်ခါးပဲ ရတော့မဲ့ 'ဘ၀ 'လေး
တစ်ခုကို ကိုယ်တစ်ကယ် ချစ်ချင်တဲ့
မိဘ၊ ဆွေးမျိုး၊ သားသမီးတွေအတွက်
မပေးနိုင်တဲ့အတွက်.... တစ်နေ့ ကိုယ်
ဖြစ်ချင်တာ: ရချင်တဲ့ ပိုက်ဆံ၊ လိုချင်
တဲ့ကား ရပေမဲ့လဲ... ကိုယ့်ဘေးမှာ
ကိုယ့်ကို တကယ် ချစ်တဲ့လူ
မရှိတော့ရင်...
အထီးကျန်နေတတ်ပါတယ်။

ကျွန်တော် ပြောခဲ့တဲ့
'အချိန်' ရယ်
'ဘ၀' ရယ် သည်
ပိုက်ဆံနဲ့ ပြန်၀ယ်လို့
မရပါဘူး...

ဒါကြောင့်
ရှိတဲ့အချိန်တွေကို
ပိုက်ဆံ၊ အောင်မြင်မှု တစ်ခုထဲ
အတွက်နဲ့ ကိုယ် ရလိုက်ရမဲ့ ပျော်ရွင်
မှုတွေကို လက်မလွှတ် လိုက်ပါနဲ့
______________________________

Stop Wasting Your Life

12/02/2023

"ငါဒါဖြစ်ချင်တယ်"

ဒီစကားတစ်ခွန်းက... အပေါ်ရံကကြည့်ရင် သိပ်ပြီး အရေးမပါဘူးလို့ ထင်ရပေမဲ့ တစ်ချို့ လူတွေ ( အထူးသဖြင့် လူငယ်တွေ... ) အတွက်
ဘုရားတစ်ဆူလို ယုံကြည့် မြတ်နိုးဖွယ်ကောင်းပါတယ်။

Most people Judge you for what you have already done but not what you are thinking right now.

ဆိုတဲ့အတိုင်း လူတွေ တော်တော်များများက ကိုယ်... လုပ်ခဲ့တဲ့ အရားတွေ အပေါ်ကိုပဲကြည့်ပြီးတော့ ကိုယ်ဘာဖြစ်မယ်ဆိုတာပဲ ဆုံးဖြတ်လေ့ရှိကြတယ်။

ဥပမာ အရက်သမားတစ်ယောက်က "ငါအရက်ဖြတ်တော့မယ်ကွာ" လို့တစ်ခြားလူသွားပြောရင်... အဲ့တစ်ခြားသူက ပါစပ်ကနေမပြောရင်တောင်မှ "ဒီကောင် အပိုတွေပါကွာ... (yo... this dude is tripping..)" လို့ ထင်လာနိုင်ပါတယ်။

ဒါပေမဲ့ ကိုယ်က "ငါဒါဖြစ်ချင်တယ်" ဆိုတာကို တကယ်တန်း (Deep Down in your Heart) ယုံကြည်တယ် ဆိုရင် ကိုယ်က "ငါဘာလုပ်ရင်ရတယ်" "ငါဒါဆက်လုပ်နေရင် ဖြစ်ကိုဖြစ်တယ်" ဆိုတာ သိပေမဲ့ တစ်ခြားသူက

ကိုယ်မဟုတ်တဲ့အတွက်
နားလည်ချင်မှ နားလည်နိုင်လိမ့်မယ်

ဒါပေမဲ့ ဖြစ်လာမယ် ဆိုတာကလဲ.... ပါးစပ်ပဲရှောက်ပွားနေရင်... နောက်ဆုံး ¡ဆောက်ပေါကြီး! ပဲဖြစ်သွားမှာပါ။
ဒါကြောင့်....

အလုပ်နဲ့ပဲ သက်သေပြပါ။

Take action on your Believe and show them who you really are!

12/02/2023

AVICII - The Night

"When I was 16, my father said you can do

anything you want with your life. You just have to

be willing to work hard to get. Then why, when I

decided that I die, I want all of you to remember

for the life I live not the money I made.

10/02/2023

တစ်ချို့ အချိန်တွေ ကိုယ်က လုပ်သင့်ပေးမဲ့ မလုပ်ချင်ဘူးတို့ ဒီနေ့ ပြင်းတယ်တို့ ဖြစ်လာခဲ့ရင် ကိုယ်လုပ်ရမဲ့ အလုပ်တစ်ခုက ကိုယ်ဘက်ကကြည့်ရင် အရမ်းကြီး ကြီးနေသလို ခံစားရတတ်တယ်။

ဒါဆိုအဲ့ အရမ်းကြီးတယ်ဆိုတဲ့ အလုပ်ကြီးတစ်ခုကို အပိုင်းလေးတွေ ခွဲလိုက်မယ် ဆိုရင်ရော ပိုအဆင်ပြေ သွားမလား။

Example: ငါဒီနေ့ စာမလုပ်ချင်ဘူးကွာ အရမ်းပြင်းတယ်။
- ဒါပေမဲ့ ငါခုံပေါ်တော့ ထိုင်လို့ရတယ် မလား သွားထိုင် လိုက်မယ်( first step )
- ငါခုန်ပေါ် ရောက်လာရင်တော့ စာအုပ်တော့ ဖွင့်လို့ရတယ်မလား စာအုပ် ဖွင့်လိုက်မယ်( second step )
- စာအုပ်ဖွင့်ပြီးရင် ရေးဖို့ ခဲတံတော့ထုတ်လို့ရတယ်မလား ထုတ်လိုက်မယ် ( third step )
- ခဲတံရရင် ခေါင်းစဥ်တော့ ရေးလို့ရတယ်မလား ရေးလိုက်မယ် ( fourth step )
- ခေါင်းစဥ်ရေးပြီးရင် ပထမစာပိုက်တော့ရေးလို့ရတယ်မလား ရေးလိုက်မယ် ( fifth step )

အဲ့လိုနဲ့ပဲနောက်ကြတော့ ကိုယ်ထင်ခဲ့တဲ့ အလုပ်ကြီးတစ်ခုက အပိုင်းလေးတွေနဲ့ ခွဲလုပ်လိုက်တော့ ကိုယ်မထင်ထားပဲနဲ့ ကြီးတာကနေသေး သေးတာကနေပပျောက်သွားတယ်။ အဲ့လိုလုပ်တာကို Progressive Overload လို့ခေါ်ပါတယ်။

ဒီ strategy သည် ဘယ်နေရာမဆို (နောက်ဆုံး လူတစ်ယောက်နဲ့ စကားသွားပြောချင်ရင်တောင်) အကျိုး၀င်ပါတယ်။

You don't have to see the whole staircase, just take the First Step

07/02/2023

လူတစ်ယောက်အတွက် အိမ်မက်ဆိုတာ goal တစ်ခုလိုပါပဲ။ ဒါပေမဲ့ လူရယ်လို့ဖြစ်လာတာနဲ့ တစ်ယောက်နဲ့တစ်ယောက်က အမြင်ချင်း၊ အိမ်မက်ချင်း၊ ဖြစ်တည်မှု ပုံစံ၊ ပတ်၀န်းကျင်၊ စိတ်ဓါတ်ကအစ ကွာပါတယ်။ ကိုယ်က ဒါဖြစ်ချင်တယ်လို့ စိတ်ကခံယူလိုက်တဲ့အရာတစ်ခုဟာ ကိုယ်ကဘယ်လိုလုပ်ရင်ရတယ်ဆိုတာကို သိပေမဲ့ တစ်ပါးသူက ကိုယ်နဲ့မတူတဲ့အတွက် "ဒါကြီးက မဖြစ်နိုင်တာ" ဆိုတဲ့ စကားတစ်ခွန်း သူ့တိုရဲ့ ပါးစပ်ထိပ်ဖြားမှာ ပေါ်လာလေ့ရှိပါတယ်။

/Shield Of Believe/

ဘယ်သူတွေဘယ်လိုပဲ ပြောပြော နောက်နောက် ပြောင်ပြောင် သင်စိတ်ထဲမှာ ဒါဖြစ်ကိုဖြစ်နိုင်တယ်၊ practicalဖြစ်လို့ ငါလုပ်ကိုလုပ်နိုင်တယ်ဆိုတဲ့ Believe ရှိရင် သင့်ကို ဘယ်သူမှ လာတားလို့မရပါဘူး။

ထိုအတွက် သင့်ကို ဘုရားသခင်က 'Shield of Believe' ဆိုတဲ့ ရုံကြည်မှု ဒိုင်းကာတစ်လက် လက်ဆောင်ပေးထားပါတယ်။ ထိုဒိုင်းကာကို 'Love' လို့ခေါ်တဲ့ အစွမ်းကြီးတဲ့spellတစ်ခုနဲ့ တည်ဆောက်ထားတာကြောင့် ဘယ်သူမှရိုက်ချိုးလို့မရပါဘူး။ ထို ဒိုင်းကာကို အသုံးချပြီး လူတွေရဲ့မကောင်းတဲ့ ပါးစပ်ထိပ်ဖြားမှ အိမ်မက်တွေကို ကာကွယ်ပါ။

/Sword of Mentality/

တစ်ချို့နေ့တွေ တစ်ချို့အချိန်တွေ ကိုယ်က ကိုယ်တက်နိုင်သလောက်လုပ်နေပေမဲ့ ကိုယ်လိုချင်သလောက် မရလာတာဆို "ငါနဲ့ မထိုက်တန်ပါဘူးကွာ" ဆိုတဲ့ ခံယူချက်နဲ့ သင်စိတ်ပျက်ဖူးပါလိမ့်မယ်။

တစ်ခါတစ်လေ ကိုယ်ကဖြစ်နိုင်တယ်လို့ထင်ပေမဲ့ တစ်ပါးသူက ဒါဟာ ရယ်စရာတစ်ခုလို့ယူဆတဲ့အတွက်ကြောင့် သင်စိတ်ပျက်ဖူးလိမ့်မယ်။

ထိုမကောင်းတဲ့အချိန်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်ရဲဖို့ဆိုတာ ခိုင်မာတဲ့စိတ်ဓါတ် လိုအပ်ပါတယ်။

ထို့အတွက် ဘုရားသခင်ကသင့်ကို Sword of Mentality ဆိုတဲ့ဓားတစ်လက် လက်ဆောင်ပေးထားပါတယ်။
ထိုဓားကို 'Strength' လို့ခေါ်တဲ့ အစွမ်းကြီးတဲ့spellတစ်ခုနဲ့ တည်ဆောက်ထားတာကြောင့် ဘယ်သူမှလာ မရှင်ရဲပါဘူး ။ ထိုဓားကို ကိုင်ပြီး မကောင်တဲ့အမြင်တွေ အတွေးတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်ယူပါ။

ဘုရားသခင်က ချီးမြင့်ထားတဲ့ လက်နက်နှစ်ခုကို ကိုင်တွယ်ခြင်းဖြင့် အမှောင်ထဲကနေ အလင်းကိုရောင်အောင် အကောင်အထည်ဖော်ဖို့ သင်ရဲ့တာ၀န်ပါပဲ။ သင်သန်စွမ်းရင် သန်စွမ်းသလောက် ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် သင်ရောက်ချင်တဲ့ နေရာရောက်မှာပဲ။ သင့်ရဲ့ story အတွက်သင်က main warrior ပါပဲ။

By using the shield of believe and the sword of mentality, let yourself be the hero of your own story

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon