APS Photography
10/10/2021
nside Landscape Photography Online Class by APS
For Photographers by Photographer
သီးသန့်သင်တန်းဖွင့်ဖို့မေးနေကြတဲ့သူတွေအတွက် အခုဖွင့်ပေးပါပြီနော်
Landscape ဓာတ်ပုံပညာရပ်ကို ထဲထဲဝင်ဝင်သိလိုသူများအတွက် ရူခင်းဓာတ်ပုံတွေရိုက်တတ်တဲ့အထိ စနစ်တကျ သင်ပေးမဲ့သင်တန်းပါ
Zoom နဲ့သင်မှာပါ အဆိုင်းမန့်တွေရှိပါမယ် ဝေဖန်ရေးပါပါမယ် မတတ်မချင်းသင်ပေးပါတယ်
Facebook မှာ Secret Group တခုရှိမှာဖြစ်ပြီး Zoom မှာသင်ထားတဲ့့ဗီဒီယိုဖိုင်တွေပြန်တင်ထားမှာပါ သင်တန်း Lesson တွေပါ PDF file အနေနဲ့တင်ထားပြီးပြန်လည် Download လုပ်လို့ရ ဗီဒီယိုတွေအချိန်မရွေး
ပြန်ကြည့်လို့ရပါတယ်
ကင်မရာအခြေခံ ရှိတဲ့သူ ရူခင်းဓာတ်ပုံ ရိုက်ဖို့ ဝါသနာပါတဲ့သူမည်သူမဆိုတက်နိုင်ပါတယ်
ရူခင်းပုံတွေကို Edit / retouch လုပ်နည်းပါပါမယ်
အပတ်စဉ် ကြာသပတေး / စနေ မြန်မာစံတော်ချိန် ည ၈ နာရီစပါမယ်
အခုကစပြီးစာရင်းပေးလို့ရပါပြီ သင်တန်းကြေး တသိန်းကျပ် တိတိပါ
သင်မဲ့ဆရာက သဘောကောင်းပါတယ် စိတ်လဲရှည်ပါတယ် ရုပ်လဲချောပါတယ် အဲ့တာနဲ့တင် သင်တန်းတက်ဖို့တန်နေပါပြီ xD
Chat Box ဒါမှမဟုတ် Aung P Soe အကောင့်ကို မက်စေ့ပို့ပြီး စာရင်းပေးလို့ရပါပြီ
11/09/2021
မြန်မာပြည်ဒေသအသီးသီးမှာနေထိုင်ကြတဲ့ လူမျိုးစုတွေကို ရိုက်ထားတဲ့ Portrait ဓာတ်ပုံတွေစုစည်းမှုပါ ရှုခင်းဓာတ်ပုံတွေရိုက်တာကိုကြိုက်နှစ်သက်တဲ့အပြင် လူတွေရဲ့ စိတ်ဝင်စားစဖွယ်ရာမျက်နှာတွေကိုရိုက်ကူးတဲ့ Portrait Photography ကိုလဲကျနော် အရမ်းကြိုက်ပါတယ်
02/09/2021
ကျနော်ရိုက်တဲ့ ရန်ကုန်မြို့ပုံတွေစုစည်းမှုပါ
31/08/2021
Landscape ဓာတ်ပုံဆရာစစ်စစ်ဆိုရင် Norway နိုင်ငံရဲ ့ နာမည်ကျော် Lofoten ဒေသမှာ ဓာတ်ပုံသွားရိုက်ဖူးရမယ်လို့ဆိုကြပါတယ် Lofoten ဒေသကိုသွားဖို့ဆို မြန်မာနိုင်ငံကနေ အဆင့်ဆင့်သွားရပါတယ် ရန်ကုန် ဘန်ကောက် ဘန်ကောက် အော်စလို အော်စလိုကနေ Narvik ကိုလေယာဉ် နောက်ထပ် ၃ နာရီလောက်စီးပြီးရင် လေဆိပ်ထဲကနေကား ၅ နာရီခွဲ၆နာရီလောက်ထပ်မောင်းရပါတယ်
နာမည်ကျော်တာတွေက Hamnoy , Reine အစရှိသဖြင့်အားကြီးပဲ ၂ ပတ်လောက်နေတာတောင်မလောက်ချင်ပါဘူး အရမ်းလှတဲ့ဒေသပါ လူလဲရှင်းသလို စျေးလဲကြီးပါတယ် ဓာတ်ပုံဆရာအများစုသာလာကြပါတယ် ဆောင်းတွင်းညဘက်တွေဆိုရင် Northern Light လဲရိုက်လို့ရပါတယ် ကျနော် အကြိုက်ဆုံးရာသီဥတုကတော့ နှင်းတွေကျပြီး မြင်သမျှ ဖြူဆွတ်နေတဲ့ ဖေဖော်ဝါရီလပါ နွေဆိုရင်တော့ ဩဂတ် စက်တင်ဘာပေါ့ လူအရမ်းမများပဲ ကိုယ့်ဘော်ဒါတွေနဲ့အေးဆေးမျောလို့ရပါတယ် ဓာတ်ပုံတွေထိုင်ရိုက်နေရုံပဲ လူလိမ်လဲမရှိ သူခိုးလဲမရှိ လုမဲ့သူလဲမရှိ အတော်အေးဆေးရှိတဲ့နိုင်ငံပါ အောက်ကပုံတွေကတော့ကျနော်ရိုက်ထားတာပါ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon