PURE IMAGE

PURE IMAGE

Share

04/11/2020

🌸🌸 သင့် အသားအရေလေးကို ကြည်လင်ဝင်းပ
စေမယ့် လွယ်ကူရိုးရှင်းတဲ့ မျက်နှာပေါင်းတင်နည်းများ..
သင့်အိမ်မှာပဲ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့🥒🍅
🏡 Stayhomeရင်း ပျင်းနေရမယ့်အတူတူ အသားအရေလေးကို ပိုဂရုစိုက်ပေးရအောင်..😍
( နောက်လည်း အသုံးဝင်မှာဖြစ်လို့ ဒီ post လေးကို share လုပ်ပြီး သိမ်းထားကြနော်..↗ )

🍅 🍚 ခရမ်းချဥ်သီး နဲ့ သကြား
- မီးဖိုချောင်ထဲမှာ အလွယ်တကူရနိုင်မဲ့ ခရမ်းချဥ်သီးနဲ့ သကြားကို အသုံးပြုပြီး မျက်နှာပေါင်းတင်မယ်..
- သကြား ၂ ဇွန်းလောက်ကို ခွက်တစ်ခုထဲ ထည့်ထားပါ
- ခရမ်းချဥ်သီး ကို အကွင်းလိုက်ခြမ်းပြီး..သကြားခွက်ထဲ ၂ မိနစ်ခန့် နှပ်ထားပါ..
- ထို့နောက် မျက်နှာအနှံ့ကို ခရမ်းချဥ်သီးနဲ့
ပွတ်လိမ်းပေးပါ..
🌸🌸 ထိုသို့ ပြုလုပ်ပေးခြင်းအားဖြင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ၊ ဆားဝက်ခြံများကို သက်သာစေကာ..
မျက်နှာကို ပိုမို ဖြူဖွေးစေပါတယ်..

🥚🍯 ကြက်ဥ အကာ နဲ့ ပျားရည်
- ကြက်ဥ တစ်လုံးကိုခွဲပြီး အကာကိုပဲ ယူပါ..
- ထို့နောက် ပျားရည် နဲ့ သေချာရောမွှေပြီး မျက်နှာ အသားအရေပေါ်ကို မိနစ် နှစ်ဆယ်လောက် ထားပေးပါ
- အချိန်ပြည့်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ သေချာဆေးကြောပေးပါ..
🌸🌸 ဒီနည်းလမ်းလေးကတော့ အဆီပြန်ခြင်းကို သိသိသာသာ သက်သာစေပြီး ကြည်ကြည်လင်လင်နဲ့ လှပတဲ့ အသားအရေကို ရရှိစေပါတယ်..

🥚 ကြက်ဥအကာ
- ကြက်ဥအကာ တစ်မျိုးထဲနဲ့လည်းပေါင်းတင်လို့ရပါတယ်
- ကြက်ဥ အကာကို မျက်နှာ သာမက လည်ပင်း နဲ့ ခန္ဓာကိုယ်အနှံ့ကိုပါ လိမ်းပေးနိုင်ပါတယ် ( အနံ့မကြိုက်ရင် သံပရာအနည်းငယ် ညစ်ထည့်လို့ရပါတယ်၊ သူ့ချည်းပဲကတော့ ပိုကောင်းပါတယ်နော် )
- ကြက်ဥ အကာကို Lotion လိမ်းသလို လိမ်းပြီး.. ခြောက်သွားတဲ့အခါ ရေအေးနဲ့ ပြန်ဆေးပေးပါ..
🌸🌸 ဒီနည်းလမ်းလေးက အသားအရေကို နဂိုထက် 2 ဆ ဖြူဝင်းစေပြီး..နူးညံ့စေပါတယ်..

🥑 ထောပတ်သီး
- ထောပတ်သီးအမှည့်တစ်လုံးကို ခြစ်ထားပေးပါ..
- အနှစ်ရလာတဲ့အခါ မျက်နှာတပြင်လုံးမှာ လိမ်းပေးပါ.. (၁၅) မိနစ်လောက်နေရင် မျက်နှာသစ်လိုက်ပါ
🌸🌸 ဒါဆိုရင်တော့ သင့်မျက်နှာလေးဟာ နဂိုထက် ကြည်တောက်ပြီး Glow လာမှာ အသေအချာပါပဲ..

ကဲ..ဒါဆိုရင်တော့ Stayhome ရင်း လွယ်လွယ်ကူကူ ပေါင်းတင်မယ်..၊ Homespa လုပ်မယ်၊
အသားအရေကို ဂရုစိုက်မယ် 😍

ပေါင်းမတင်ခင်ရော ၊ ပေါင်းတင်ပြီးရင်ရော...
🌿🌿 Pure Image ရဲ့ AQUA Gel လေးနဲ့ မျက်နှာကို သန့်စင်ပေးဖို့ မမေ့နဲ့နော်.. 🌿🌿

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 5 , A Shae Gone Street, Sanchaung Tsp
Yangon