Shwe Tha Mee

Shwe Tha Mee

Share

20/02/2026

တကယ်က ကိုယ့်ဘဝမှာ ခက်ခဲတာမျိုးဆိုတာရယ် မရှိခဲ့ဘူးလိုပဲ
ကြပ်တည်းခဲ့လည်း သူ့ဖာသာ အဆင်ပြေသွားတာချည်းပဲ ကိုယ်ကပဲ serious မဖြစ်ခဲ့လို့လား မသိ
အိမ်ထောင်ပြုတော့လည်း ဘဝဟာ so simple

ယောက္ခမ အိမ်လိုက်နေရတဲ့ အခိုက်ဆိုလည်း အတူနေတာ နည်းနည်း ကြာလာတော့ အတူနေ အန်တီက ယောက္ခမ ပါးပါးကို တခါတလေ ကွန်ပလိန်းတက်တယ် ထင်တယ် 😛ဒါပေမယ့် လေသံမာနဲ့တောင် အဆူမခံရဘူး

အန်တီ့ကိုလည်း ကြိုက်တတ်တာလေး မကြာခဏ ဝယ်ကျွေး အထိမ်းအမှတ်နေ့တွေဆိုလည်း ကန်တော့ ဆေးခန်းသွားစရာ ဘဏ်သွားစရာရှိ ကိုယ်ကပဲ လိုက်ပို့ဆိုတော့ မိန်းမ သဘာဝ ပွစိပွစိဟာလည်း ကိုယ့်နောက်ကွယ်တင်ပီး
🫢🫢ယောက်မ ကလည်း သူ့ဖာသာ သီးသန့်နေတတ်တော့ တယောက်မကြိုက်ရင် တယောက်က ရှောင်လိုက်ရင် အဆင်မပြေစရာမရှိ

အဓိကကတော့ အိမ်က လူကြီး
တုတ်ထိုး အိုးပေါက် သူ့ တချိန်လုံး ထိန်းနေရတယ် စိတ်ကလည်း တိုသေး 🫢😆

သူနဲ့ပဲ အားအားရှိ စကားနိုင်လုရ

အရင်ကတော့ သမီးက ​အဖေနဲ့ အမေပြိုင်ရင် မျက်နှာငယ်လေးနဲ့
ရှင်းပြ နားလည်အောင် ပြောပီး တဲ့ အခါမှာတော့ နိုင်တဲ့ team က သူ့ team ပဲ

လူ နှစ်ယောက် အတူနေတဲ့အခါ တယောက်နဲ့ တယောက် မကြည်လင်တာတွေ မကြိုက်တာတွေရှိလာမှာပါပဲ မြုံမထားဘဲ ဖွင့်ထုတ် တဲ့ အခါ စိတ်လည်း သက်သာရာရ
ပြောတဲ့ အခါ တယောက်စိတ်နာစေတဲ့ စကား တယောက်က ရှောင်ပြောဖို့တော့ လိုတာပေါ့လေ

သူဟာ ကိုယ် မဟုတ်ဘူးလို့ တွေးလိုက်ရင် ကိစ္စတော်တော်များများ က အဆင်ပြေသွားတယ် ထင်မိ

ရုန်းရင်း ကန်ရင်း အချိန်တွေက ခဏလေးလိုလိုနဲ့ ခုတော့
ဆယ်စုနှစ် တခု ပြည့်ခဲပီ

ဘဝမှာ နောင်တ မရဆုံး အရာကို ပြောပါဆိုရင်
မိဘတွေကို ထောက်ပံ့ ပေးနိုင်ခြင်းနဲ့ သမီးလေးတယောက် ရခဲ့ ခြင်းပါပဲ 🥰

20/02/2026

ကိုယ့်ရဲ့ ပျော်ရွှင်မှု တခါတလေ ငိုရတဲ့ အခါတွေလည်း ရှိပေါ့လေ 😆

15/01/2026

အသီးကို apecial plan နှင့် စားပါသော 😅

ထိုင်းရောင်ရင် ဘာတွေ စားကြလဲ
တခြားသူများ - ဘူဖေး မူကထ ထိုငိးစာ မြန်မာစာ
မိမိ - 👇

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00