Sulay Beauty Collection

Sulay Beauty Collection

Share

05/01/2022

မိတ်ကပ်လိမ်းပြီး အသားမဲခြောက်သူများအတွက်

မိတ်ကပ်လိမ်းပြီး အသားမဲတာ ဓာတ်တိုးမှုကြောင့်ဖြစ်တယ်။ မျက်နှာအဆီ၊ မိတ်ကပ်အဆီနဲ့ လေထုစိုထိုင်းစပေါင်းပြီး ဓာတ်တိုးတာဖြစ်တယ်။ လိမ်းပြီး (၂)နာရီလောက်နေရင် မျက်နှာက နှစ်ဆင့်လောက်မဲလာတယ်။ ဒါ့ကြောင့် မိက်ကပ်ထဲမှာ အဆီပါဝင်မှုနည်းတာကို ရွေးသင့်တယ်။

မိတ်ကပ် အရည်ပျစ်လေ မျကိနှာအဆီပိုထွက်လာလေ ဖြစ်ပါတယ်။ မျက်နှာပေါ် အဆီမရှိရင် ဓာတ်မတိုးပါဘူး။ သတိပြုရမှာက t zone မှာ moisturizer လိမ်းရင် မျက်နှာ အဆီပိုပြန်တတ်တယ်။ ကောင်းတာက hydrating serum ပြောင်းသုံးပါ။ consonant Hydrextreme boosting serum က ကောင်းပါတယ်။

skin oxidation မှန်သမျှ အက်ဆစ် pH မှာဖြစ်တာများတယ်။ ဒါ့ကြောင့် apple cider vinegar ကို တိုနာအဖြစ်ရွေးချယ်သင့်တယ်။ dry နဲ့ oily ကြားမှာ မျှခြေအဖြစ်ထိန်းပေးမယ်။vinegar တစ်ဆနဲ့ ရေနှစ်ဆ ရောပြီး ဂွမ်းနဲ့ မျက်နှာကိုလိမ်းပေးပါ။

ဖြေရှင်းနည်း

(၁) primer သုံးပါ
combined skin မှာ foundation ရွေးရင် T zone မှာ oil control primer(mattifying primer)သုံးပြီး အသားခြောက်တဲ့နေရာအတွက် hydrating primer(noushing primer) သုံးပါ။ silicone based primer က ဓာတ်တိုးခြင်းကို ကာကွယ်ပေးတယ်။ ဆီလီကွန် primer ထဲမှာမှ hourglass veil mineral primer ကိုရွေးသုံးပါ။

(၂) ခြောက်သွေ့အောင် လုပ်ပါ။
primer လိမ်းပြီး ခြောက်အောင် တစ်ရှုးစနဲ့ တို့ပေးပါ။ foundation လိမ်းပြီးလည်း တစ်ရှုးစနဲ့ ထပ်တို့ပါ။ တစ်ရှုးက မလိုအပ်တဲ့ အဆီနဲ့ အစိုဓာတ်ကို ဖယ်ရှားပေးပါတယ်။

(၃) setting powder လိမ်းပါ။
foundation လိမ်းပြီးအပေါ်က translucent setting powder ထပ်လိမ်းပေးပါ။ မိတ်ကပ်ကိူ နေသားတကျဖြစ်စေရုံမက ကျန်နေတဲ့အဆီတွေကိုပါ စုပ်ယူပေးပါတယ်။ (အဆီတွေက ဓာတ်တိုးစေနိုင်လို့ပါ)။ setting powder ရွေးတဲ့အခါ pure silica powder အကောင်းဆုံးပဲ။ talc formula တွေက အရေပြားခြောက်သွေ့စေပြီး cakery ပုံစံဖြစ်န်ိုင်တယ်။(သို့သော် make up for ever microfinish powder , RMS beauty Un powderကိုပြောတာမဟုတ်)
ပေါင်ဒါမသုံးချင်ရင် နောက်တနည်းက setting spray တွေဖြန်းတာ ဖြစ်ပါတယ်။ mist spray တွေ တမျက်နှာလုံးဖြန်းပါ။ urban decay all-nighter long lasting makeup setting spray ကို သုံးသင့်တယ်။

(၄) BB, CC ပြောင်းသုံးပါ။
မိတ်ကပ်လိမ်းလို့ လုံးဝအဆင်မပြေရင် foundation မသုံးနဲ့တော့။ tinted moisturizer, bb cream or cc cream ပဲသုံးပါ။ BB, CC က ကာလာမပါလို့ အရောင်ပြောင်းတာသိပ်မဖြစ်နိုင်တော့ဘူး။tinted moisturizer ထဲမှာ laura mercier ရဲ့ tinted moisturizer ပြောင်းသုံးနိုင်ပါတယ်။ foundation လောက်နီးနီးကာကွယ်ပေးမယ်။ အမဲစက်တွေ ကာဖို့ကျန်နေသေးရင် spot concealer (make up for ever full cover concealer)ကိုသုံးသင့်တယ်။

(၆) foundation ကာလာ ပိုဖြူတာကို ရွေးပါ။
foundation သုံးတဲ့အခါ two shade lighter မိမိအသားအရေထက် နှစ်ဆင့်လောက်ဖြူတာကိုရွေးပါ။ ဒါမှ ဓာတ်တိုးရင် မဲတာကို ကာကွယ်မယ်။

ဒေါက်တာအေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)

အရေပြားရောဂါများကို www.drayeminhtoo.com တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်..

Photos from Sulay Beauty Collection's post 29/12/2021

သိသိကြီးနဲ့ ဆံပင်လျော်ရင်ပြုလုပ်မိတဲ့ အမှားတွေကြောင့် ဆံသားတွေပျက်စီးနေပြီလား⁉️⁉️

✔️ဆောင်ရန် ✖️ရှောင်ရန်လေးတွေ
ရှာပေးထားတယ်နော်

လိုအပ်သူများအတွက်အသုံးဝင်ပါစေ‼️

Crd photo

ဆံပင်ကျွတ်တာ ဆံပင်မသန်တာတွေအတွက် ဒီလောက်ထိ ကောင်းလိမ့်မယ်လို့မထင်ခဲ့မိတာပါ 22/12/2021

https://pyonepyonelay.net/?p=5398

ဆံပင်ကျွတ်တာ ဆံပင်မသန်တာတွေအတွက် ဒီလောက်ထိ ကောင်းလိမ့်မယ်လို့မထင်ခဲ့မိတာပါ ဆံပင်ကျွတ်တာ ဆံပင်မသန်တာတွေအတွက် ဒီလောက်ထိ ကောင်းလိမ့်မယ်လို့မထင်ခဲ့မိတာပါ ကိုယ့်ကိုယ်ကို သဘောအကျဆုံး ကဆ...

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11111