Ko Htet Scene

Ko Htet Scene

Share

29/03/2026

Tech update #နည်းပညာ

18/11/2025

ဒီဝေဒနာတွေ ဖြစ်နေရင် ဒါတွေကို စားပါ။
———
၁ ။ ခေါင်းကိုက်နေရင်
ငှက်ပျောသီးစားပါ။ သူ့မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်က သွေးကြောတွေ relax ရအောင် ကူညီနိုင်ပါတယ် ။

၂ ။ ဝမ်းချုပ်နေရင်
သင်္ဘောသီး ဒါမှမဟုတ် ပန်းသီးစားပါ။ သူ့မှာပါဝင်တဲ့ များစွာသောအမျှင်တွေက ကျန်းမာစွာအစာခြေဖို့ အထောက်အကူပေးပါတယ်။

၃ ။ အအေးမိ ဒါမှမဟုတ် တုပ်ကွေးဖြစ်နေရင်
-ကြက်စွပ်ပြုတ်သောက်ပါ။ ချွဲတွေပျော်ဝင်ပြီး လည်ချောင်းနာတာ သက်သာနိုင်ပါတယ်။
-လိမ္မော်သီးစားပါ။ ဗီတာမင် C ပေါကြွယ်ဝစွာ ပါဝင်ပြီး ခုခံအားစနစ်ကို ထောက်ပံ့ ပေးနိုင်ပါတယ်။

၄ ။ လည်ချောင်းနာနေရင်
-ပျားရည်သောက်ပါ။ ဗက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပြီး နာကျင်တာသက်သာနိုင်ပါတယ် ။
-ချင်း ဒါမှမဟုတ် လေးညှင်းပွင့် ဝါးပါ။ ရောင်ရမ်းတာ လျော့ကျနိုင်ပါတယ် ။

၅ ။ ပျို့အန်နေရင်
ချင်း( ဂျင်း )ဖျော်ရည်သောက်ပါ။ အစာခြေစနစ် ကျန်းမာနိုင်ပါတယ် ။

၆ ။ ပင်ပန်းနေရင်
အုတ်စပါးစားပါ။ စွမ်းအင်ရင်းမြစ်နဲ့ အာဟာရ မြဲမြံစွာ ရရှိနိုင်ပါတယ်။

၇ ။ အဖျားရှိနေရင်
အုန်းရည်သောက်ပါ။ ရေဓာတ်ပြန်ဖြည့်ပေးပြီး ဓာတ်ဆားညီညွတ်မှု ရရှိနိုင်ပါတယ် ။

၈ ။ ဝမ်းပျက်ဝမ်းလျောဖြစ်နေရင်
-ငှက်ပျောသီးစားပါ။ ပိုတက်ဆီယမ်ပြန်လည် ဖြည့်တင်းပြီး ရေဓာတ်မချို့တဲ့အောင် ကာကွယ်နိုင်ပါတယ် ။
-ထမင်းဖြူနဲ့ ဒိန်ချဉ်စားပါ။ ဝမ်းမာပြီး အူကျန်းမာနိုင်ပါတယ် ။

၉ ။ သွေးအားနည်းနေရင်
ဟင်းနုနယ်စားပါ။ သံဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် သွေးအားပြည့်နိုင်ပါတယ်။

၁၀ ။ ရောင်ရမ်းနေရင်
နနွင်းစားပါ။ သဘာဝအတိုင်း ရောင်ရမ်းမှု လျော့ကျနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ် ။

၁၁ ။ ရင်ပူနာ/ စားချဉ့်ပြန် ဖြစ်နေရင်
-သခွါးမသီးစားပါ။ အစာအိမ် အက်စစ်လျော့နည်းနိုင်ပါတယ် ။
-ဗိုက်အောင့်နေရင် ငှက်ပျောသီးစားပါ။ အစာခြေမှုကို ကူညီနိုင်ပြီး နာကျင်တာသက်သာနိုင်ပါတယ် ။

၁၂ ။ အဆစ်နာနေရင်/ ရောင်နေရင်
နာနတ်သီးစားပါ။ သူ့မှာပါဝင်တဲ့ ဘရိုမီလိမ်းက ရောင်ရမ်းမှု လျော့ကျနိုင်ပါတယ် ။

၁၃ ။ ချောင်းဆိုးနေရင်
-ရှောက်ရည်ထဲ ပျားရည် ထည့်သောက်ပါ။ဗက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပြီး လည်ချောင်းယားယံတာ သက်သာနိုင်ပါတယ် ။
-ပန်းသစ်တော်သီးစားပါ။ လည်ချောင်း အစိုဓာတ်ကို ထိမ်းပေးထားပြီး ယားယံတာသက်သာနိုင်ပါတယ်။

၁၄ ။ စွမ်းအင် လျော့နည်းနေရင်
အညိုရင့်ရောင်ချော့ကလက်စားပါ။ တက်ကြွမှုနဲ့ စိတ်ခံစားချက် ကောင်းမွန်နိုင်ပါတယ် ။

၁၅ ။ ခုခံအားနည်းနေရင်
ကြက်သွန်ဖြူစားပါ။ ခန္ဓာကိုယ်ရဲ့ ခုခံမှုကို အထောက်အပံ့ ပေးနိုင်ပါတယ် ။

၁၆ ။ ကိုလက်စတရောများနေရင်
ထောပတ်သီးစားပါ။ ကျန်းမာရေးကောင်းမွန်တဲ့ အဆီ ရရှိနိုင်ပြီး မကောင်းတဲ့ကိုလက်စတရောလျော့ကျဖို့ ကူညီနိုင်ပါတယ် ။

၁၇ ။ စိတ်ဖိစီးမှု များနေရင်
ဗံဒါစေ့စားပါ။ အာရုံကြောစနစ်ကို ထောက်ပံ့ပေးတဲ့ အာဟာရပေါကြွယ်ဝစွာ ပါဝင်ပါတယ် ။

၁၈ ။ ရေဓာတ်လျော့နည်းနေရင်
ဖရဲသီးစားပါ။ ရေဓာတ်ဖြည့်ပေးပြီး လန်းဆန်းနိုင်ပါတယ်။

၁၉ ။ အိပ်မပျော်ရင်
ချယ်ရီသီးစားပါ ။ အိပ်စက်မှုကောင်းမွန်စေတဲ့ မယ်လတိုနင် ပါဝင်တာကြောင့်ပါ။

၂၀ ။ ကြွက်တက်နေရင်
အုန်းရည်သောက်ပါ။ ဓာတ်ဆားတွေ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

အားလုံးကျန်းမာကြပါစေ။
ဒေါက်တာခင်မိုးမိုး

အုန်းရည်သောက်ပါ။ ဓာတ်ဆားတွေ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ် ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon