Nyeinchan Pyae
19/04/2026
ပြီးတော့လည်း ပြီးတာပါပဲ...
ဆရာကြီးမင်းသိင်္ခရဲ့ဇာတ်ကောင်
ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား
လက်သုံးစကား အစပြုရာမှ....
အတော်အတန်နားလည်သိရှိခံစားမိသွားခြင်း🤔
တစ်လလုံး အနားယူတော့လည်း လွတ်လပ်ခြင်း vibe ပေါ့
လုပ်ငန်းပြန်စတော့မယ့်အခါကျတော့လည်း တစ်ဖန်ပြန်လည်စတင်ခြင်း vibe ပေါ့
အမြဲလုပ်ဆောင်ခြင်းသာ ရိုးသွားစတမ်းဆိုရင် အချစ်စစ်လို့ ဘယ်ခေါ်လိမ့်မလဲ အလဲ့ !
(နှစ်သက်မြတ်နိုးရတဲ့ သင်ယူ/ကြား မျှဝေတဲ့လုပ်ငန်းကို(ဆရာမ ..ဆိုတာထက် ပိုပါတယ်😌))
အမြဲရင်ခုန် ကျေနပ်မိနေတာပါပဲ
25/01/2026
😭
လှူပေးသူမရှိသေးတဲ့ နံရိုးအပြိုင်းပြိုင်းနဲ့ကားတိုက်ခံရတဲ့ကလေးအတွက်ဆေးဖိုးလေးတွေကူညီပေးကြပါဦးခင်ဗျ
https://www.facebook.com/share/r/17VgNveQ3H/?mibextid=wwXIfr
21/01/2026
တကယ်ပါ.....
ဘဝမှာ လေးစားအားကျရသူက
ဘယ်လိုလူမျိုးလဲ ပြောပါဆိုရင် စာနာစိတ်ရှိသူ အထူးသဖြင့် အားနည်းသူ/တိလေးတွေကို ကြင်နာစောင့်ရှောက်ပေးနိုင်သူတွေမှသာ စံပြလူတွေပဲလို့ အဖြမှန် ရွေးမိလိမ့်မယ်
ဟိုး...အရက်တုန်းက အနုပညာရှငိတွေ ပညာတတ်ဘွဲ့ရတွေ ငွေကြေးတောင့်တင်းအောင်မြင်သူတွေကိုအားကျရမယ်ထင်ခဲ့တာ အခုတော့ အဲဒီလို လုံးဝမဟုတ်တော့ဘူး
'ခဏလေးပါ သဲရယ် ဟိုကလေးအကြောင်းဖတ်ပြီး ငါတော်တော်ကြေကွဲနေလို့ပါ'
ဖုန်းခဏသုံးနေတုန်း လက်ထဲကနေ သူငယ်ချင်း ဆတ်ခနဲဆွဲလုတာခံလိုက်ရလို့ ကျမက
ပြန်ပြောလိုက်တာပါ.
(သူငယ်ချင်းတွေ တစ်ခါတလေ ဆုံတုန်း
ဖုန်းမသုံးရလို့ သတ်မှတ်ထားကြတာမို့ပါ)
'ဪ!!!!
အေးပါ သဲရယ် ဘယ်ကလေးအကြောင်းလဲ'
ဖြစ်ရပ်ကို ပြောပြလိုက်တော့ သူငယ်ချင်းလည်း သိတ်မကောင်းဖြစ်သွားတယ်
'စိတ်မကောင်းရက် မကြည့်တော့တဲ့လေ သဲ'
သန္တာက ပြောတော့ ကျန်နှစ်ယောက်ကလည်း
ဆက်မကြည့်ဖို့ ပြောကြတယ်
'အေးပါ ဒီပုံလေးကို တမင် ရင်နင့်အောင်
ကြည့်ထားတာ နောက် မပြည့်တော့ဘူး နှိပ်စက်တဲ့အယုတ်တမာကောင်တွေကို ငါ နိုင်သလောက် လက်တုံ့ပြန်သွားမယ်'
ဓားရှတဲ့ဒဏ်ရာလောက်ပါပဲလေ ကလေးလည်း သက်သာစ ပြုနေပြီပဲ စိတ်ထဲမှာ အကြိမ်ကြိမ် ကြိတ်ပြီး ဝမ်းနည်းမှုကို ဖြေသိမ့်နေရပေမယ့် မျက်ရည်မလွယ်တာတောင်
ခေါင်းတွေကိုက်လာတယ်
'သဲ မုန့်ဟင်းခါးကြိုက်တယ်မလား ငါ ဟင်းရည်ဆမ်းပေးမယ် ဆီချက်က ဒီမှာ ငရုတ်သီးမှုန့်ရော ထည့်ဦးမလား စိတ်ညစ်စရာမတွေးနဲ့တော့
ဗိုက်ဆာနေပြီမလား စားလိုက်နော် သဲလေး'
အချစ်ဆုံးထဲက တစ်ယောက်ဖြစ်တဲ့ 'တင်ဇာ' က ချစ်သူတစ်ယောက် ယုယပေးတာမျိူးထက် ပိုတဲ့ တကယ့်ကြင်နာမှုအစစ်နဲ့ ကျမကို ကြင်နာပေးတတ်သူပါ အထျင်းချင်း roလွန်းလို့ သူ့တူမ
ဖြစ်သူကတောင် သမီးတီလေးကို ဘာလို့
သဲလေးလို့ ခေါ်တာလဲ တီလေးကလည်း သမီးတစ်ယောက်တည်းကိုပဲ ချစ်ရမယ် အန်တီပြည့်ကို သဲလေးလို့ ပြန်မခေါ်နဲ့ဆိုပြီး ဂျီကျလို့
ချော့မော့ရတာကို အမှတ်ရမိတယ်
ဒါက ကြားဖြတ်ရေးတာဖြစ်သလို
ဒီအကြောင်းအရာနဲ့လည်း နည်းနည်းဆိုင်လို့
ရေးတာဖြစ်တယ်😌
ကျမသူငယ်ချင်းတွေအမြင်မှာတောင် self-love များသူ confidence အရမ်းများနေသူ serious
ဖြစ်သူ ပွင့်လင်းလွန်းသူအဖြစ် သတ်မှတ်ခံထားရတာ ဒီခွေးလေးအတွက် စိတ်ကြေကွဲနေတာကို
သိပ်သဘာဝမကျဘူး တွေးနေကြပုံပေါ်တယ်😌
*******
ဆိုလိုချင်တာ ဒီလိုလူလည်း တိလေးတွေကို အထူးသဖြင့် ပိုင်ရှင်မဲ့ခွေးလေးတွေကို
အသနားပိုပြီး ရင်နဲ့အမျှချစ်တတ်ပါတယ်လို့
'ညည်းမွေးနေ့မှာ ကြာဆံချက် ချက်ပြီး ဘုရားမှာ လှူပေးရမလား'
'မချက်ပါနဲ့ မေမေ အိမ်ဘုရားမှာ ရှိခိုးမယ်
သမီးအစား မေမေကုသိုလ်ရအောင် ငှက်စာ
ကျွေးပေး မနေ့ကတည်းက ပိုင်ရှင်မဲ့ခွေးလေးတွေအတွက် အာဟာရဒါန သမီးတတ်နိုင်တာ လှူပြီးပြီ'
ကျမအမေ အမေးကို ကျမ ပြန်ဖြေလိုက်တာပါ
မွေးနေ့ going out plan အတိုချုပ်ပြောရရင် လှည်းကူးကိုသွားပြီး အပြန်မှာ အမှတ်(2)လမ်းမကြီး
တစ်ခု အကြောင်းပြုပြီး မြို့တွင်း/ပြင် အချိန်
သိပ်မကုန်ဘဲ မြင်ကွင်လေးတွေ
လိုက်ပြပေးတယ်ပေါ့
(နောက်မှ ဒီအကြောင်း အသေးစိတ် ရေးမယ်)
လှည်းကူးဈေးမှာ ကြက်ဒိုင်တစ်ခုရှေ့ရောက်ေတာ့ ကြက်တွေကို ကြိုးချည်လျက်တွေ့လိုက်ရတာ
ရင်ထဲဆို့နင့်သွားတယ်
(သားငါးစားသူတွေကို မဝေဖန်လိုပါဘူး စိတ်နှလုံးသွင်းမှန်ဖို့ ပိုအရေးကြီးပါတယ် ကိုယ်တိုင်က အယူမသည်းသလို ငါး/ပုစွန် အခုအထိ စားပေမယ့် ကြက်/ဝက်/အမဲ/ဆိတ် အဲဒီလိုအသားတွေ
သိပ်မကြိုက်တာရော မစားတာလည်း နှစိအတော်ကြာပြီရောမို့ ဘယ်တော့မှလည်း ပြန်စားမှာ
မဟုတ်ပါ)
စားသူရှိလို့ သတ်သူရှိတာပါလား မြင်ရင်
မြင်တယ်လို့မှတ် ငြိမ်းချမ်းပြည့်ရေ နင်လည်း ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး တစ်ကိုယ်တည်း
ရေရွတ်နေတာ အမေက ကြားဖြစ်အောင်
ကြားသွားတော့ ညည်းက
ခံစားလွယ်လိုက်တာအေ...တဲ့
တကယ်ပါ....
သင်္ချာနည်းနဲ့ တွက်ချက်အချိုးချရရင် 10% က မိသားစုကိုချစ်မယ်ဆို ကျန်တဲ 90% နွေးထွေးကြင်နာတဲ့အချစ်တွေက အားနည်းတဲ့မျက်နာမွဲ
ခွေးလေးတွေအတွက်ပါပဲဆိုတာ ကျိန်ဆိုဝံ့တယ်😌
ရင်ထဲမှာ နာတာရှည်စွဲသလို ကြေကွဲနေမိပြီ
ကလေးရေ!!!
😥😥😥😥😥😥
အမြဲ ဘေးကင်းကျန်းမာဖို့
ဆုတောင်းပေးနေပါတယ်🙏
#မွေးနေ့မှာ ကြုံရတဲ့အဖြစိပါရေးထားပါတယ်
Click here to claim your Sponsored Listing.
Category
Address
Yangon