Memory Guru Myanmar
14/08/2020
မင်္ဂလာပါ Sandisk Micro SD card
လက်ကား ဝယ်ယူလိုသူများ အော်ဒါပေးနိုင်ပါတယ်။
11/05/2020
အားလုံး မင်္ဂလာပါ။
Memory Guru ရဲ့ ပရိုမိုးရှင်းကာလ ကုန်ဆုံးသွားပြန်ပါပြီ။
၁.၅.၂၀၂၀ ကနေ ယနေ့အထိ ဝယ်ယူအားပေးခဲ့ကြတဲ့
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ရှမ်းပြည်၊ ပဲခူး
က customer အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
ကဒ်ကိုစစ်ဆေးအသုံးပြုပြီးတဲ့အခါ ကဒ်အစစ်အမှန်ဖြစ်
ကြောင်း၊ အရည်အသွေးမြင့်ကြောင်း ပြန်ပြောပေးကြတဲ့
customer တွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
Sandisk တံဆိပ်သုံးဖူးသူတွေကတော့ Sandisk ပေါက်ဈေး
လည်းသိကြသလို၊ အရည်အသွေးကိုလည်း သိကြပါတယ်။
ပေါက်ဈေး ၄၀၀၀၀ လောက်ရှိတဲ့ကဒ်ကို ၃၀၀၀၀ နဲ့
ရောင်းတော့၊ အချို့ဝယ်သူတွေက သံသယဖြစ်ကြတယ်။
အစစ်မှဟုတ်ပါ့မလားပေါ့။ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့
ပိုက်ဆံလွှဲ၊ ပစ္စည်းလည်းရ၊ စမ်းသပ်သုံးကြည့်တော့
ကျေးဇူးတင် အသိအမှတ်ပြုကြတာကို သိရတော့
တကယ်ကိုဝမ်းသာပီတိဖြစ်ရပါတယ်။
တစ်ချို့ကဒ်တွေကို အရင်းဈေးနဲ့ တစ်ချို့ကဒ်တွေကို
အရှုံးခံပြီး အရောင်းမြှင့်တင်ရေးအတွက် ရောင်းပေးနေ
တာကြာပါပြီ၊ ဒါကြောင့် ဒီနေ့ကနေစပြီး Sandisk micro sd
မန်မိုရီကဒ်တွေရဲ့ဈေးနှုန်းတွေ တက်ပါပြီ။ အမြတ်လေး
နည်းနည်းတော့စားပါရစေခင်ဗျာ။ ဈေးတွေကတော့
အောက်ပါအတိုင်းပါ။
32 GB - ၁၁၅၀၀ ကျပ်
64 GB - ၁၇၅၀၀ ကျပ်
128 GB - ၃၂၅၀၀ ကျပ်
အာမခံ- ၁၀ နှစ်
ဝယ်ယူအားပေးလိုသူတွေအနေနဲ့ CB ကနေဖြစ်စေ၊
ဖုန်းနံပါတ်-09784726840 ကို ဆက်သွယ်ပြီး ဖြစ်စေ၊
ဝယ်ယူအားပေးနိုင်ပါတယ်။ ငွေကြိုလွှဲရလို့ စိတ်မပူ
ကြပါနဲ့။ ပစ္စည်းမှန်၊ ဈေးနှုန်းသက်သာစွာနဲ့ လိပ်စာ
အရောက်ပို့ပေးမှာပါ (ပို့ခတော့ ဝယ်သူပေးရမှာပါ)
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊
တနင်သာရီတိုင်းဒေသကြီး အစရှိတဲ့ ဒေသတွေအတွက်
ပို့ခတွေ များပါတယ်။ တစ်ကဒ်၊ နှစ်ကဒ် ဝယ်ယူသူတွေ
အတွက် မတန်ပါဘူး။ ဒါကြောင့် မိမိတို့မြို့မှာရှိတဲ့
ဆိုင်တွေကနေ ဈေးနည်းနည်းပိုပေးပြီး ဝယ်လိုက်တာ
ကမှ ပိုတန်ပါလိမ့်မယ်။ ၁၀ ကဒ်အထက် ဝယ်ယူသူတွေ
အတွက်တော့ ပို့ခလည်း ပေးစရာမလိုပါဘူး။
အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျန်းမာချမ်းသာ
ကြပြီး လိုရာဆန်ဒ ပြည့်ဝကြပါစေလို့။
မန်မိုရီကဒ် အတုတွေ သတိထားကြနော်
===========================
ဝယ်သူတွေနဲ့ စကားပြောဖြစ်တဲ့အခါ ဝယ်သူတွေမှာ
စိုးရိမ်မှုတစ်ခုရှိနေတာသိရတယ်။
သူတို့ဝယ်လိုက်တဲ့ မန်မိုရီကဒ်သည် အတုဖြစ်နေမှာကို
စိုးရိမ်နေကြတာ။ သူတို့တစ်ခြားတံဆိပ်တွေဝယ်ဖူးတော့
အတုမိဖူးကြတယ်။ ဒါကြောင့် မန်မိုရီကဒ်အတုတွေ
အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။
နာမည်ကြီးတံဆိပ်တွေ (ဥပမာ-Samsung၊ Sandisk၊ Lexar)
တွေမှာလည်း အတုတွေရှိသလို၊ နာမည်မျိုးစုံနဲ့လာတဲ့ မန်မိုရီ
ကဒ်တွေမှာလည်း အတုတွေရှိပါတယ်။ မန်မိုရီကဒ်အတုတွေ
မှာ အောက်ပါအချက် သုံးချက်ပါဝင်ပါတယ်။
၁။ Capacity မမှန်ခြင်း။
၂။ Speed နှေးခြင်း။
၃။ တာရှည်မခံခြင်း။
၁။ Capacity မမှန်ခြင်း။
64 GB ဆိုလို့ဝယ်လိုက်မိပါတယ်။
ကွန်ပြူတာထဲ၊ ဖုန်းထဲထည့်ကြည့်တော့လည်း 64 GB ပြ
ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဖိုင်တွေ သိမ်းတဲ့အခါမှာ
16 GB စာလောက်ပဲ သိမ်းပေးပြီး၊ ကျန်တာတွေ ဖွင့်မရ
တော့တာမျိုး။ သိမ်းတဲ့အခါမှာတော့ ဘာ error မှ မပြပါဘူး။
တကယ်တန်းကျတော့ မန်မိုရီကဒ်မှာ သိမ်းစရာနေရာက
16 GB ပဲပါနေတော့၊ 16 GB စာပဲ သိမ်းပေးပြီး၊ ကျန်တဲ့
ဖိုင်တွေကို ဖိုင်နာမည်လောက်ပဲ သိမ်းပေးတာဖြစ်ပါတယ်။
ဒါပေမဲ့ ဖွင့်မရတဲ့ ဖိုင်တွေရဲ့ အရွယ်အစားကို သွားကြည့်ရင်
တော့၊ အမှန်ပဲပြမှာပါ။ (ဥပမာ- 500 MB ရှိတဲ့ဖိုင်ကို ဖွင့်လို့
တော့မရဘူး၊ ပြတာတော့ 500 MB ပဲ။)
၂။ Speed နှေးခြင်း။
ပြောထားတာတော့ Class 10 တို့၊ 100 MB/s တို့ပါပဲ။
တကယ်တန်း ဖိုင်သိမ်းတဲ့အခါ၊ ကူးတဲ့အခါမျိုးမှာ ပြောထား
တဲ့ speed ရဲ့ ၅ ပုံ ၁ ပုံတောင် မမြန်တာမျိုး။ (ဥပမာ-
80 MB/s ပြောထားပေမဲ့၊ 20 MB/s တောင်မရှိတာမျိုး။
၃။ တာရှည်မခံခြင်း။
နာမည်ကြီးတံဆိပ်တစ်ခု ဝယ်မိတယ်။ 64 GB လို့ပြော
ထားတဲ့အတိုင်း 64 GB တော့ရှိပါတယ်။ speed လည်း
ပြောထားတာထက် ၂ ပုံ ၁ ပုံ လောက်ရှိပါတယ်။ ပြသနာ
က ၃ ခါလောက် သိမ်း/ကူး လုပ်ပြီးရင် အဲဒီကဒ်ကို စက်က
လုံးဝ မသိတော့တာမျိုး။
မှတ်ချက်။ ကဒ်အစစ်တွေမှာ capacity က ပြောထားတာ
ထက် ၉၅% လောက်နည်းနေတာမျိုးက ပုံမှန်ပါပဲ။ ဥပမာ-
128 GB လို့ပြောထားပေမဲ့၊ စက်ထဲထည့်ကြည့်လိုက်ရင်
125 GB ပဲ ပြတာမျိုး။ ဒါကပုံမှန်ပါပဲ။
ကဒ်တစ်ခု အစစ်လား၊ အတုလား software နဲ့ ခွဲခြားတဲ့
နည်းပညာလည်းရှိပါတယ်။ အဲဒီနည်းပညာကိုတော့
ပြောမပြတော့ပါဘူး။ ကျွန်တော်တို့ကိုလည်း ထုတ်လုပ်သူက
သင်ပေးထားလို့ပါ။
ကျေးဇူးတင်ပါတယ်။
28/04/2020
ဖုန်းတွေ၊ ကင်မရာတွေအတွက်
=====================
ဖုန်းတွေ၊ ဗီဒီယိုကင်မရာတွေမှာ မရှိမဖြစ်လိုအပ်တဲ့
ကမ္ဘာကျော် Sandisk တံဆိပ် Class 10, A1
Micro SD card တွေကို အထူးလျှော့ဈေးနဲ့
ရောင်းချပေးနေပါပြီ။
မိတ်ဆွေတို့ရဲ့ဓာတ်ပုံ/ဗီဒီယိုနဲ့ အခြားအရေးကြီးတဲ့
ဖိုင်တွေမပျက်စီးစေဘဲ၊ တာရှည်ခံစေချင်ရင် အပေါစား
မန်မိုရီကဒ်တွေ မသုံးသင့်ပါဘူး။
အရည်အသွေးမြင့်တဲ့ မန်မိုရီကဒ်ကို ဈေးလျှော့ရောင်းတုန်းဝယ်ထားလိုက်ပါ။
--------
32GB-၉၀၀၀ ကျပ်
64GB- ၁၅၀၀၀ ကျပ်
128GB - ၃၀၀၀၀ ကျပ်
ဖုန်း-09784726840 ကိုဆက်သွယ်ပြီး ဖြစ်စေ၊
CB ကနေဆက်သွယ်ပြီး ဖြစ်စေ မေးမြန်းဝယ်ယူနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Bo Aung Kyaw Street
Yangon