SYB Online Language Classes
24/08/2021
ဒီနေ့ပြောပြပေးမဲ့ အကြောင်းအရာလေးကတော့ "がဝိဘတ်" အကြောင်း ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ဒီVerb 2ခုနဲ့ Adjective 4ခုကို အရင်မှတ်ပါ။
1) あります- ရှိသည်(V)
2) わかります- နားလည်သည်(V)
3) すきです- ကြိုက်သည်(Adj)
4) きらいです- မုန်းသည်(Adj)
5) じょうずです- တော်သည်(Adj)
6) ヘたです- ညံ့သည်(Adj)
ဒီ6ခုရဲ့အရှေ့မှာ がဝိဘတ်ကို သုံးပါတယ်။
1) わたしは くるまが あります。
ကျွန်တော့်မှာ ကားရှိသည်။
2) わたしは にほんごが わかります。
ကျွန်တော်သည် ဂျပန်စကားကို နားလည်သည်။
3) わたしは ミャンマりょうりが すきです。
ကျွန်တော်သည် မြန်မာအစားအစာကို ကြိုက်သည်။
4) わたしは サッカーが きらいです。
ကျွန်တော်သည် ဘောလုံးကန်တာကို မုန်းသည်။
5) わたしは りょうりが じょうずです。
ကျွန်တော်သည် ဟင်းချက်တာက တော်သည်။
6) わたしは えいごが ヘたです。
ကျွန်တော်သည် အင်္ဂလိပ်စာကို ညံ့သည်။
ဥပမာစာကြောင်းလေးတွေပါ ရေးပြထားတဲ့အတွက် ဒီလောက်ဆိုရင် နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
With loads of love❤️❤️❤️
23/08/2021
ဒီနေ့ပြောပြပေးမဲ့ အကြောင်းအရာလေးကတော့ Japanလူမျိုးတွေရဲ့ ကိန်းဂဏန်းတွေအပေါ် ယူဆချက်များ အကြောင်းပဲဖြစ်ပါတယ်။
Japanလူမျိုးတွေရဲ့ lucky number က 8 ဖြစ်ပါတယ်။
ဘာလို့ 8 ဖြစ်ရတာလဲဆိုတော့ 8 ရဲ့ kanjiစကားလုံး-八(hachi) က မင်္ဂလာအပေါင်းနဲ့ပြည့်စုံတယ်လို့ Japanတွေက ယူဆကြပါလို့ပါတဲ့။
8 ရဲ့ kanjiစကားလုံး-八 (hachi) ရဲ့ပုံသဏ္ဍာန်က အောက်ခြေကျယ်ပြန့်ပြီး အပေါ်ကိုမြင့်တက်သွားတဲ့ တောင်ပုံသဏ္ဍာန်နဲ့တူပါတယ်။
လူတစ်ယောက်အနေနဲ့ အောက်ခြေကျယ်ပြန့်ခြင်းဆိုတာ ကိုယ့်အောက်မှာ သားသမီး၊ မြေးမြစ်တွေများပြားစွာရှိခြင်းလို့ Japanလူမျိုးတွေက ဆိုကြပါတယ်။ မိသားစုများစွာနဲ့ သာယာတဲ့ဘဝကို ပိုင်ဆိုင်တဲ့ နိမိတ်ဖြစ်လို့ မင်္ဂလာရှိတယ်ဆိုပြီး 8 ဂဏန်း 八 ကို Japanလူမျိုးတွေက သဘောကျကြပါတယ်တဲ့။
Japanလူမျိုးတွေရဲ့ unlucky number ကတော့ 4 နဲ့ 9 ဖြစ်ပါတယ်။
ဘာလို့ 4 နဲ့ 9 ဖြစ်ရတာလဲဆိုတော့ 4 နဲ့ 9 ရဲ့ အသံထွက်တွေက မကောင်းတဲ့ အတိတ်နိမိတ်တွေကို ဖေါ်ဆောင်နေလို့ပါတဲ့။
4 ရဲ့ အသံထွက်က shi(死) သေဆုံးခြင်းဆိုတဲ့ စာလုံးနဲ့ အသံထွက်တူနေပြီး 9 ရဲ့အသံထွက်ကတော့ ku(苦しむ-kurushimu) စိတ်သောကရောက်ခြင်း၊ ဝေဒနာခံစားရခြင်း ဆိုတဲ့ စာလုံးရဲ့အသံထွက်နဲ့တူနေတဲ့ အတွက်ကြောင့်ပါပဲ ဖြစ်ပါတယ်။
Japanလူမျိုးတွေက 4 နဲ 9 က မင်္ဂလာမရှိဘူးလို့ ယူဆကြတဲ့အတွက် Japanနိုင်ငံရဲ့ ဆေးရုံ၊ အိမ်ခန်း၊ ဟိုတယ်တွေမှာ No.4, No.9 စတဲ့အခန်းနံပါတ်တွေမရှိကြပါဘူးတဲ့။
နောက်ထပ်လဲ Japanနဲ့ပတ်သတ်တဲ့ ဗဟုသုတ ရစရာတွေကို ဝေမျှပေးသွားမှာမို့ Pageကို like&follow လုပ်ထားကြနော်။
https://m.facebook.com/SYB-Online-Language-Classes-104166651982110/
22/08/2021
မဂၤလာပါ
ကလေးတွေစာသင်ချိန်အပီး အားတဲ့အချိန်လေးတွေမှာ စာအုပ်လေးတွေ စုဖြစ်ပါတယ်
download လုပ်ထားတဲ့ Eng စာအုပ်လေးတွေ စုပီး channel လေးလုပ်ထားပါတယ်
English novel နဲ့ self - study လုပ်လို့ကောင်းမယ့်
Time to talk ,grammar in use,Idom in use ,phrasal verb in use, .… စတဲ့ စာအုပ်လေးတွေ ပါ ပါတယ်
free join လို့ရပါတယ်ရှင်
SYB Channel Online Library and online language classes
Click here to claim your Sponsored Listing.
Category
Website
Address
Yangon