MIM Academy

MIM Academy

Share

06/01/2025

မှန်ကန်အောင် သင်ဖြေနိုင်ပါ့မလား?
ဒီမေးခွန်းရဲ့ အဖြေကို ဘာအကူအညီမှမယူပဲ မှန်ကန်အောင် သင် ဖြေနိုင်မလား... ဖြေနိုင်တယ်ဆိုရင် ကောမန့်မှာ အဖြေကို ဝင်ရေးသွားနိုင်ပြီး အဖြေမှန်မသိတဲ့ အခြားလူများကို မျှဝေပေးနိုင်ပါပြီ။

Telegram Channel –
https://t.me/+LREA2wpeg3k3NmU1

Viber Channel –
https://invite.viber.com/?g2=AQBpWa5TQdmXZ1ERVQMbkcKhxFz8OctrwwMUhyMzMOAWIiNFNiPBIRqSeYWZK1va

page –
https://www.facebook.com/sayarTSandsayarSH

ကျောင်းလိပ်စာ - အမှတ် (၁၀၇), ၃၇ လမ်း (အောက်), ကျောက်တံတားမြို့နယ်, ရန်ကုန်မြို့။

ဖုန်းနံပါတ် - 09 885 490 740

Email – [email protected]

20/01/2024

စာမလုပ်တာ ကြာပြီ… ဒါပေမယ့် အခု ပြန်လုပ်ချင်လာတဲ့အခါ ဘယ်က စလုပ်ရမလဲ… ဘယ်လို ပြင်ဆင်ရမလဲ

အကြောင်းအမျိုးမျိုးကြောင့် စာလုပ်တာကို ရပ်နားထားပြီးတော့ အခုမှ ပြန်လေ့လာချင်တယ်… ဆိုတဲ့ စိတ်ကလေး ပေါ်နေသူတွေအတွက် ဒီစာက အပြည့်အ၀ ကူညီပေးပါလိမ့်မယ်။ အချက် (၁) ချက်ချင်းဆီကို သေချာဖတ်ပြီး တကယ်လိုက်လုပ်ကြည့်ပါ။

ကဲ… စာတွေ ရှည်မနေတော့ဘူး…
အခုချက်ချင်းပဲ ပထမ တစ်ဆင့်ကို သွားလိုက်ရအောင်။

×
(၁) ကိုယ်ဘာကို လေ့လာချင်တာလဲ?

ဘာမှမလုပ်ခင်… ကိုယ်ဘာကို လေ့လာချင်တာလဲ ဆိုတာကို အရင် သိဖို့လိုပါတယ်။
အဲ့တော့… အခု စာဖတ်နေတဲ့သူက ဖြေမှာပေါ့… “စာ” လေ့လာချင်တာပါဆိုပြီးတော့

မဟုတ်ဘူး… အဲ့လို “စာ” ဆိုပြီး တစ်လုံးထဲနဲ့ overall ပုံစံကြီး မပြောပဲနဲ့ အသေးစိတ်လေး စဉ်းစားကြည့်ပါ။

ကိုယ်ဘာကို လေ့လာချင်တာလဲ?

ဒီလို အဆင့်လိုက်တွေးကြည့်ပါ… ဥပမာ ပြရရင်

အဆင့် ၁ - “စာ” လေ့လာချင်တယ်
အဆင့် ၂ - “တရုတ်စာ” လေ့လာချင်တယ်
အဆင့် ၃ - “တရုတ်စာကို HSK 1 အဆင့်” လေ့လာချင်တယ်
အဆင့် ၄ - “တရုတ်စာကို HSK 1 အဆင့် ဖြေပြီးတဲ့ အထိ” လေ့လာချင်တယ်

နောက်ဆုံး အဆင့် (၄) မှာ ရှိသလို ကိုယ်တကယ် ဘာကို လေ့လာချင်တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သေသေချာချာ သိဖို့လိုပါတယ်။ ဒါက ပထမဆုံး နဲ့ အရေးအကြီးဆုံး အချက်ပါပဲ

စာဆိုတာကို ဘာမှ မကိုင်တွယ်ခင်… မလေ့လာခင်မှာ ကိုယ်က ဘယ်အဆင့်ထိ သွားချင်တာလဲဆိုတာကိုပါ တကယ်သိထားမှ စာလုပ်ရတာ အားရှိမှာပါ။

မဟုတ်ပဲ စမ်းတဝါးဝါးနဲ့ ကိုယ်ဘာလိုချင်မှန်းမသိပဲ ဒီတိုင်း အချိန်တွေ ပိုနေလို့၊ အားနေလို့ စာလုပ်ချင်တယ် ဆိုတာမျိုးက သင့်ကို ဘယ်နေရာမှရောက်အောင် မပို့ဆောင်နိုင်ပါဘူး။

၂ လ၊ ၃ လ လောက် ယောင်ဝါးဝါး စာလုပ်ဖြစ်သွားတာပဲရှိမယ်။
ပြီးရင် အရင်လိုပဲ… စာနဲ့ ပြန်ဝေးသွား ဦးမှာပါပဲ။ အဲ့တော့ ကိုယ်ဘာကို ဘယ်အထိ လေ့လာချင်တာလဲဆိုတာ အရင်သိအောင် လုပ်ပါ။

သိပြီးရင် နောက်တစ်ဆင့်ကို သွားပါမယ်။
အဲ့ဒါက…

×
(၂) သေးသေးလေးက စရအောင်

လူတွေ တော်တော်များများက တစ်ခုခုကို လုပ်ချင်ပြီ လုပ်ကြပြီဆိုရင်… အား အကုန်သုံးပြီးတော့ တဟုန်ထိုး ချက်ချင်းလုပ်တတ်ကြတာ သဘာဝပါ။

အဲ့လို လုပ်ပြီး လမ်းအဆုံးထိ မရောက်ပဲ အဖျားရှူးကြတာလဲ အများကြီးပဲ…

ပန်းတိုင်တွေ ရည်မှန်းချက်တွေနဲ့ ကိုယ်ဘာကို လေ့လာချင်တာလဲဆိုတာလဲ သိသွားပြီဆိုရင် စိတ်တွေအရမ်းတက်ကြွပြီး ချက်ချင်း ၂ နာရီ၊ ၃ နာရီ ဆက်တိုက် စာတွေ ထ လုပ်တတ်ကြတယ်။

လုပ်နိုင်တယ်… အာမခံ နိုင်ရင်တော့ လုပ်ပါ။ မတားပါဘူး…

ဒါပေမယ့် ၁၀၀ ရာနှုန်း အာမခံချက်ရှိတဲ့… အဖျားမရှူးစေမယ့် နည်းလမ်းကတော့… သေးသေးလေးကနေ စတာပါပဲ။

ဘယ်လိုသေးသေးလေးတွေလဲ?

ဘာမှ မရှုပ်ထွေးတဲ့ လုပ်စရာလေးတွေပါ။

ဥပမာ - တနေ့ကို ဂျပန်စာ meaning ၅ လုံးလောက် ကျက်တာမျိုး
တရုတ်စာ ဝေါဟာရ ၃ လုံးလောက် လေ့လာတာမျိုး
သင်္ချာ ၅ ပုဒ် တွက်တာမျိုး

“ငါ ဒီနေ့ စာတွေလုပ်နေပါလား” ဆိုပြီး မသိသာစေတဲ့ သေးသေးလေးတွေကိုလုပ်ပါ… ၂ ပါတ်၊ ၃ ပါတ်လောက် ကြာတဲ့အထိ

“ငါ စာတွေလုပ်နေရပါလား” ဆိုတဲ့ အသိက စစချင်းတော့ ကောင်းတယ်… မိုက်တယ်။ ကိုယ်ကပဲ သူများတွေထက် ရှေ့ကို ခြေတလှမ်း ကြိုရောက်နေသလိုလို
ခံစားရစေလိမ့်မယ်ဆိုပေမယ့်… ကြာလာရင် ဖိအားကြီး တစ်ခုဖြစ်လာနိုင်ပါတယ်။

အဲ့ဒါကြောင့် စာ စလုပ်လုပ်ခြင်း… အချိန် ၂ ပါတ်လောက်မှာ သေးသေးလေးတွေပဲ လုပ်ရင်း ကိုယ်စာလုပ်နေတာကို မေ့နေပါစေ။

ကိုယ်က သတိမထားမိဘူးဆိုပေမယ်… တနေ့ကို meaning ၅ လုံး ကျက်နေတဲ့အတွက်၊ ၂ ပါတ်ဆိုတော့ ၁၄ ရက်၊ Meaning အလုံး ၇၀ အသားတင် ရနေမှာ။

ဒီမှာ စောတက တက်စရာ ရှိတာက...
၇၀ ဆိုပေမယ့်လဲ ၇၀ လုံး မမှတ်မိဘူးလေ… ဘာညာဆိုပြီးတော့
ဟုတ်တယ်… အဲ့အကြောင်းကို နောက်မှာ ဆက်ပြောပေးပါမယ်။

အခုပြောချင်တာကတော့... စာပြန်လုပ်ချင်ရင် သေးသေးလေးက စ… ၂ ပါတ်၊ ၃ ပါတ်လောက်အထိ အဲ့ flow နဲ့ သွား…

×
(၃) စာလုပ်ချိန်လေး စတင်ထားရှိမယ်

၁ လလောက် အပေါ်က ပြောသလို စာလုပ်လို့ အသားကျလာပြီဆိုရင်… စာလုပ်ချိန်စပြီး သတ်မှတ်ကြပါမယ်။

ပြန်တွေးကြည့်ပါ… ကိုယ် တနေ့ကို meaning ၅ လုံးကျက်တုန်းက
ဘယ်အချိန်တွေမှာ အများဆုံး ကျက်ဖြစ်ခဲ့သလဲ?

အဲ့ဒီအချိန်နားပါတ်ခြာလည်လေးမှာပဲ စာလုပ်ချိန်ကို စတင်တည်ဆောက်ပါမယ်။
တစ်ခြားအချိန်တွေမှာ ထူးပြီးတော့ သက်သက်ကြီးဖဲ့ပြီး စာလုပ်ချိန် မထားသေးဘူး။

ကိုယ် meaning ၅ လုံး ကျက်ဖြစ်တဲ့ အချိန် ပါတ်ခြာလည်လေးမှာပဲ စာလုပ်ချိန်ကို စတင်သတ်မှတ်ပါမယ်။

၁၅ မိနစ်ကနေ ၄၅ မိနစ်အထိ ထားလို့ရပါတယ်။
တစ်ခုပဲ… ကိုယ့်ကိုယ်ကို မညာပါနဲ့… ကိုယ်က ၁၅ မိနစ်လောက်ပဲ လုပ်နိုင်မှာကို နာရီဝက်ဆိုပြီး အချိန်ကြီး ကြိုမချထားပါနဲ့။

သတိထပ်ပေးပါမယ်… ဝန်ပိလာပါလိမ့်မယ်။
စစချင်းကို နိုင်သလောက်ပဲ လုပ်ပါ။

စာလုပ်တယ်ဆိုတာက ၃ လ လောက် လုပ်ပြီး ဘွဲ့ကြီးရသွားတာမျိုး မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ကိုယ်လေ့လာနေတဲ့ ရည်မှန်းချက် goal တစ်ခု မပြည့်မချင်း လုပ်နေရမှာ ဖြစ်လို့ မလောပါနဲ့။

နိုင်သလောက်ပဲ သတ်မှတ်ပါ…
နည်းလဲ စာလုပ်တာ… များလဲ စာလုပ်တာပါပဲ။

×
(၄) စာလုပ်ဖို့နေရာလေး တစ်ခုတော့ ထားမှဖြစ်မယ်

စာလုပ်ဖို့ နေရာကို “သီးသန့် ဖြစ်နေတဲ့ နေရာ” မျိုး ရွေးချယ်ထားရှိတာ အကောင်းဆုံးပါပဲ။

နေရာက -
နံပါတ် (၁) သန့်ရှင်းရမယ်။
နံပါတ် (၂) တိတ်ဆိတ်မှုလေး အတိုင်းအတာ တစ်ခုအထိ ရှိရပါမယ်။

လိုအပ်တဲ့ စာအုပ်၊ စာရေးကိရိယာတွေနဲ့ စာရွက်တွေ ပြည့်ပြည့်စုံစုံ ရှိအောင် ထားပါ။ အဲ့ဒါမှ စာလုပ်ချင်စိတ် ဖြစ်မှာပေါ့။

×
(၅) ပျင်းစရာ မကောင်းအောင် စာလုပ်ပါ

စာလုပ်တာကြီးကိုက… တော်တော်ပျင်းဖို့ကောင်းနေတာကို ဘယ်လို ပျင်းစရာမကောင်းအောင် လုပ်ရမလဲ? ဆိုပြီး မေးခွန်းထုတ်နေမှာပေါ့။

အဲ့ဒါကြောင့် စိန်ခေါ်မှု ထားရပါမယ်။

စာအုပ်ကို မကြည့်ပဲ အလွတ်ချရေးတာတို့…
Exercise တွေကို အဖြေမကြည့်ပဲ တွက်ပြီးမှ အဖြေတိုက်တာတို့…
မေးခွန်းတွေ… လေ့ကျင့်ခန်းတွေကို online ကနေ ရှာဖွေပြီး ဖြေကြည့်တာတို့…

ပြောချင်တာကတော့ … ခက်ခက်လေး ဖြစ်အောင် စာလုပ်
မပျင်းရအောင် challenge လေးတွေ ထားပြီး စာလုပ်ပါ။

Activity တွေ အမျိုးမျိုး ပြောင်းလုပ်ပါ။
Flash Card လိုမျိုး သင်ထောက်ကူတွေကို သုံးပါ။

×
(၆) အကူအညီ လိုအပ်တဲ့အခါ အကူအညီလိုက်ရှာပါ

ကိုယ်နားမလည်တဲ့ အပိုင်းတွေ၊ ကိုယ် မရှင်းလင်းတဲ့ အရာတွေကို ရှင်းပြမယ့်… ဆရာ သို့မဟုတ် သူငယ်ချင်းတွေ ရှိအောင်လုပ်ပါ။

တစ်ယောက်ထဲကြီး စာတွေ ကုန်းရုန်းလုပ်နေတာ ကြာရင်ပျင်းဖို့ကောင်းတယ်။
ကိုယ့်လိုပဲ စာလုပ်နေတဲ့ သူငယ်ချင်းတွေကို လိုက်ရှာပြီး သူတို့နဲ့ အချိတ်အဆက် တစ်ခုထားရှိတာက အများကြီး ပျော်ဖို့ကောင်းပါတယ်။

လူတွေက စက်ရုပ်တွေ မဟုတ်လို့ ပျော်စရာလိုအပ်တာအမှန်ပဲ။ အဲ့ဒါကြောင့် စာလုပ်နေတဲ့ community လေးတွေမှာ မိတ်ဆွေဖွဲ့ရင်း သူများကိုလဲ ကူညီပေး…
ကိုယ်လိုအပ်ရင်လဲ အကူအညီ ပြန်ယူပါ။

×
(၇) တစ်လပြည့်တိုင်း ပြန်သုံးသပ်မယ်

ဒီတစ်လမှာ ကိုယ်စာလုပ်နေတာက တိုးတက်မှုရှိရဲ့လား။
ကိုယ်က သိပြီးသားတွေပဲ တစ်ချိန်လုံး ပြန်နွှေးနေတာလား။
အသစ်တွေ ဆက်တိုက်လေ့လာနေပေမယ့် တစ်ခုမှ မမှတ်မိဘူးလား…

ဘယ်လို ဖြစ်နေလဲဆိုတာကို လတိုင်း ပြန်သုံးသပ်ပါ။

အဲ့လို သုံးသပ်ပြီး… စာလဲ မရလာဘူးဆိုပြီး စိတ်ဓါတ်ကျခိုင်းတာ မဟုတ်ဘူးနော်…

အဲ့လို သုံးသပ်ပြီး လိုအပ်ချက်တွေကို နောက်လမှာ ပြင်ဆင်ရမှာ...

ဘယ်သူဖြစ်ဖြစ် အမှားကင်းပြီးတော့ လုပ်သမျှသည် ရေအလျှင်ကဲ့သို့ လျှောလျှောရှူရှူဖြစ်လေသတည်း ဆိုတာမျိုးမရှိဘူး… အဲ့တော့ စိတ်ဓါတ်ကျစရာမလိုဘူး… စာ ဆက်လုပ်ရမယ်

×
(၈) နောက်ဆုံး လက်ဆောင် အမှာစကား

ကိုယ် ဘယ်အထိ စာလုပ်မှာလဲဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့...
IELTS လား…၊ JLPT N5 လား၊ HSK 2 လား၊ GED လား… ဘာပဲ ဖြစ်ဖြစ် စာလုပ်ပြီဆိုရင်တော့ ပန်းတိုင် တစ်ခုထားပါ။

မထားနိုင်သေးဘူး… ဘာဖြေရမယ်မှန်းလဲ မသိသေးဘူး
ဒီတိုင်း အားနေလို့ စာပဲ လုပ်နေချင်တာမျိုးဆိုရင်တော့ စာမလုပ်ပါနဲ့
ဂိမ်းဆော့တာပဲ ဖြစ်ဖြစ်… TV ကြည့်နေတာပဲ ဖြစ်ဖြစ် လုပ်လိုက်ပါ…

စာလုပ်လဲ ၂ လလောက်နေရင် ရပ်သွားပြီး လုပ်ထားသမျှတွေလဲ မှတ်မိတာလိုလို၊ မေ့တာလိုလိုတွေ ဖြစ်ကုန်မှာမို့လို့ အဲ့အစား တစ်ခြား ကိုယ့်ကို ပျော်စေမယ့် အရာတွေမှာ အချိန်သွားပေးတာ ပိုအဆင်ပြေပါလိမ့်မယ်…

အဲ့လိုမဖြစ်ချင်ရင်တော့ ကိုယ်ဖြေမယ့် စာမေးပွဲ or တစ်ခုခုကို goal ချပြီး လုပ်ပါ။

စာမလုပ်တာကြာပြီဆိုတဲ့ လူငယ် အားလုံး… ကိုယ်လိုချင်တဲ့ ပန်းတိုင် ချမှတ်ပြီး
ရောက်ရှိနိုင်ကြပါစေ… စာတွေလဲ လုပ်ဖြစ်ကြပါစေ။

(Disclaimer: ဒီပိုစ့်မှာ ရေးထားတဲ့ စာလုပ်နည်း အဆင့်ဆင့်တွေက လူတစ်ဦးတစ်ယောက်ချင်းဆီနဲ့ လိုက်ပြီးတော့ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်… အဲ့ဒါကြောင့် ဒီ ပိုစ့်ကို ဂိုက်လိုင်း အနေနဲ့ပဲ အသုံးပြုပြီးတော့ တစ်ဆင့်ချင်းဆီကို ကိုယ်နဲ့ အဆင်ပြေအောင် ပြုပြင်ပြောင်းလဲပြီး အသုံးပြုတာက အများကြီး ပိုအဆင်ပြေနိုင်ပါတယ်)

ကျောင်းသား လူငယ်တွေနဲ့ ပက်သက်ပြီး တိုင်ပင်ဆွေးနွေးချင်တာ ရှိရင် အချိန်မရွေး လာမေးလို့ရပါတယ်။ အဆင်ပြေတဲ့ အချိန်တွေမှာ ပြန်ဖြေပေးပါမယ်။

နောက်ထပ်လဲ ဒီလိုမျိုး လူငယ်တွေအတွက် အကျိုးရှိစေမယ့် စာတွေ ရေးသွားဦးမှာမို့… အမြဲ ဖတ်ချင်တယ်ဆိုရင်တော့ Page ကို like & follow လုပ်ထားပါ။

အခမဲ့ ဖတ်ရှုပါ >
https://www.facebook.com/sayarTSandsayarSH?mibextid=ZbWKwL

“လူငယ်နှင့် ပညာရေး ဝေးသည် မရှိစေရ”
MIM Academy

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon