Polygon Design Creation
07/05/2022
“ Polygon မှာဘယ်လို ဝန်ဆောင်မှုတွေရနိုင်လဲ ”
လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် Graphic Design ဝန်ဆောင်မှုမျိုးစုံကို Polygon Design Creation မှာရရှိနိုင်ပါတယ်။ လုပ်ငန်းအတွက် အဓိကအရေးပါလှတဲ့ Logo Design ဝန်ဆောင်မှု၊ ဖျတ်ကနဲမြင်လိုက်တာနဲ့ သေချာကြည့်ချင်လောက်အောင် ဆွဲဆောင်နိုင်မယ့် Social Design ဝန်ဆောင်မှု၊ ပထမဆုံးတွေ့ဆုံမှုမှာတင် ကိုယ့်လုပ်ငန်းရဲ့ဂုဏ်ကို ထိုးတက်စေမယ့် Business Card Design ဝန်ဆောင်မှု၊ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Invoice Design, Letter Head Design ဝန်ဆောင်မှုတွေအပြင် Facebook Cover Photo Design, Sticker Design ဝန်ဆောင်မှုတွေကိုပါ ဈေးနှုန်းသင့်တင့်စွာနဲ့ Polygon မှာရရှိနိုင်ပါတယ်။ ဒီလို Graphic Design ဝန်ဆောင်မှုတွေတင်မကဘဲ လုပ်ငန်းရဲ့အသံဖြစ်စေမယ့် Content writing ဝန်ဆောင်မှုလည်း ရရှိနိုင်ပါသေးတယ်နော်။
စုံလင်လှတဲ့ ဒီလိုဝန်ဆောင်မှုတွေကို လူကြီးမင်းတို့စိတ်တိုင်းကျတဲ့အထိ ကျွမ်းကျင်တဲ့ Professional Designer တွေ၊ Content writer တွေက Polygon Design Creationနဲ့အတူ ဝန်ဆောင်မှုပေးနေပါတယ်။ ဒါကြောင့် ခေတ်မှီပြီးဆန်းသစ်လှပတဲ့ Graphic Design တွေကိုလိုအပ်နေတယ်ဆိုရင်တော့ Polygon Design Creation ကိုသာအခုပဲဆက်သွယ်လိုက်ပါနော်။
“ To get more successful business with us...”
📞 09 988 344810
📧 [email protected]
https://www.instagram.com/polygondesigncreation/
01/05/2022
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား Polygon Design Creation မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
14/04/2022
အလွမ်းပို သင်္ကြန်...
သင်္ကြန်ဆိုတာ မြန်မာနိုင်ငံနဲ့ဘယ်လိုမှခွဲမရတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့အပြင် သင်္ကြန်နားနီးလာပြီဆိုရင်လည်း မြန်မာပြည်သူ၊ ပြည်သားအားလုံးဟာ ခံစားချက်ကိုယ်စီနဲ့ ပျော်ရွှင်ကြရပါတယ်။ ငယ်ငယ်တုန်းကတော့ သင်္ကြန်မကျင်းပတဲ့နှစ်ရယ်လို့ မရှိလောက်ဘူးလို့ ထင်ခဲ့ဖူးပေမယ့် အခုတော့ သင်္ကြန်မကျင်းပရတာ ၂ နှစ်တောင်ရှိခဲ့ပါပြီ။ ၃ နှစ်မြောက်လာတဲ့ ဒီနှစ်မှာလည်း သင်္ကြန်ကို မရေရာမသေချာနဲ့ ဖြတ်သန်းနေရတာမို့ မြန်မာပြည်သူ၊ ပြည်သားတွေအဖို့ အလွမ်းပိုစရာပွဲတော်တစ်ခု ဖြစ်နေပါတယ်။
ဘယ်လိုပဲဖြစ်နေပါစေ သင်္ကြန်ဟာ ပိတောက်တွေ ပွင့်နေစဲ၊ သီချင်းသံတွေလွှင့်ပျံနေစဲ၊ သံချပ်တွေထိုးနေစဲ၊ မုန်လုံးရေပေါ်တွေလုံးနေစဲပါ။ ဒီလိုခံစားချက်တွေပေါင်းစုံနဲ့ပြည့်နှက်နေတဲ့ သင်္ကြန်အခါသမယမှာ Polygon ရဲ့မိတ်ဟောင်းမိတ်သစ် Customer များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးကင်းလုံခြုံစွာ ဖြတ်သန်းရပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
“ To get more successful business with us...”
📞 09 988 344810
📧 [email protected]
https://www.instagram.com/polygondesigncreation/
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11041