Swe Swe

Swe Swe

Share

Mayo Clinic - Mayo Clinic 23/06/2022

💜သူငယ်ပြန်ခြင်း (Senile Dementia)ဆိုတာ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်အသိဉာဏ်နဲ့မှတ်ဉာဏ် ချို့ယွင်းလာခြင်းကို ခေါ်ပါတယ်။

💜သူငယ်ပြန်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း (၂)ခုကတော့

(၁) ဦးနှောက်ဆဲလ် (သို့) နူရွန်း (neurons)လေးတွေကို ပျက်စီးစေတဲ့ Beta-amyloid Proteins (ဘီတာအမိုက်လွိုက်ပရိုတင်း) နဲ့ Tau proteins (တောပရိုတင်း)တွေ ဦးနှောက်တွင် စုပုံလာခြင်း E.g. Alzheimer's disease နဲ့

(၂) ဦးနှောက်ကို သွေးပို့ပေးတဲ့ သွေးလွှတ်ကြောမကြီး (Carotid artery) ကျဉ်းမြောင်းလာပြီး ဦးနှောက်ဆဲလ်တွေ သွေးအလုံအလောက်မရလို့ ပျက်စီးခြင်း E.g Carotid demetia or Vascular Dementia စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

💜အသက်အရွယ်ကြီးရင့်သူ၊ မိသားစုမျိုးရိုးရှိသူ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးသူ၊ Down syndromeရောဂါခံစားနေရသူ၊ ဆီးချို သွေးတိုး နဲ့ နှလုံးရောဂါ ရှိတဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်။

💜ဒါ့အပြင် အရက်၊ ဆေးလိပ်သောက်တတ်တဲ့သူတွေမှာလည်း ဖြစ်နိုင်ချေပိုများသလို အိပ်ချိန်မမှန်တာ၊ စိတ်ဖိစီးမှုများတာ၊ အစားအသောက်တွေက ကျန်းမာရေး နဲ့ မညီညွတ်တာ (ဥပမာ- အဆီအအိမ့်စားတာများတာ စသည်) ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အဝလွန်တာ စတဲ့ အချက်တွေကလည်း သူငယ်ပြန်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။

💜အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အတွေ့များပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ နဲ့ အမြဲတမ်းသင်ယူလေ့လာမှုအားကောင်းတဲ့သူတွေမှာတော့ ဖြစ်နိုင်ချေနည်းတတ်ပါတယ်။

💜သူငယ်ပြန်ခြင်းရဲ့ ကနဦးလက္ခဏာတွေကတော့ မှတ်ဉာဏ်ချို့ယွင်းလာခြင်းပဲဖြစ်ပါတယ်။ ပြောပြီးသားစကားတွေထပ်ကာထပ်ကာပြောတာ၊ မေးပြီးသားမေးခွန်းတွေပြန်ပြန်မေးတာ ကနေ နောက်ပိုင်းပိုဆိုးလာရင် အိမ်သားတွေရဲ့နာမည်တွေမေ့တာ၊ ပစ္စည်းထားတဲ့နေရာတွေမေ့တာ၊ ထားနေကျနေရာမဟုတ်တဲ့နေရာတွေမှာထားတာတွေဖြစ်လာတတ်ပါတယ်။

💜နေ့တဓူဝလုပ်နေကျအရာတွေတောင်မှ ခက်ခဲလာတဲ့အထိ စဉ်းစားချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းတွေ အားနည်းလာတတ်ပြီး ပျော်ပျော်နေတတ်သူက ဒေါသကြီးလာတာ စသဖြင့် သူ့ရဲ့ပင်ကိုယ်ဗီဇတောင်ပြောင်းလဲလာတတ်ပါတယ်။

💜နောက်ဆက်တွဲအနေနဲ့ သူငယ်ပြန်တဲ့လူနာဟာ သူခံစားနေရတဲ့ အရာတွေကို အများနားလည်အောင် မဖော်ပြနိုင်တဲ့အခါ တခြားရောဂါတွေဝင်လဲ ရောဂါတွေဆိုးမှပဲ ဘေးလူက သိတဲ့ အဖြစ်မျိုးတွေဖြစ်တတ်ပါတယ်။

💜အဲ့ဒါကြောင့် သူငယ်ပြန်တဲ့လူနာကို ပြုစုရမယ့်သူကလည်း အထူးသတိထားဂရုစိုက်ဖို့လိုပါမယ်။ သူငယ်ပြန်တဲ့လူနာကို ပြုစုရတာ ကိုယ်ရောစိတ်ပါ ပင်ပန်းတဲ့အရာမို့လို့ ပြုစုတဲ့သူ ကိုယ်၌က ကျန်းမာဖို့လိုပါတယ်။ ပြုစုပေးမယ့်အရံလူ (၁)ယောက်၊ (၂)ယောက်ရှိဖို့လဲ လိုအပ်ပါတယ်။

💜သူငယ်ပြန်ခြင်းကို ယတိပြတ် တားဆီးနိုင်တဲ့ နည်းလမ်းတော့မရှိသေးပါဘူး။ သို့သော်လည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ တရားထိုင်တာ၊ အသီးအနှံ နဲ့ ဟင်းရွက်ဟင်းရွက်ပိုစားပြီး အဆီအအိမ့်တွေ လျှော့စားတာ၊ သွေးတိုး၊ ဆီးချို နဲ့ နှလုံးရောဂါတွေ မဖြစ်အောင် နေထိုင်တာ နဲ့ ဖြစ်လာရင်လည်း ထိန်းနိုင်အောင် ကြိုးစားတာတွေကလည်း သူငယ်ပြန်ခြင်းကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ ဦးနှောက်ကို အမြဲအသုံးချနေတဲ့ အပြုအမူတွေ (ဥပမာ- စာရေးစာဖတ်တာ၊ ဉာဏ်စမ်းပဟေဠိကစားတာ၊ ဝါသနာပါရာတခုခုလေ့လာတာ) ပြီးတော့ မိတ်ဆွေတွေ မိသားစုတွေနဲ့ အမြဲထိတွေ့ဆက်ဆံတာ စတဲ့ အရာတွေကလည်း သူငယ်ပြန်ခြင်းကို လျော့နည်းစေပါတယ်။

💜Vitamin E, ငါးကြီးဆီ (Omega 3 fatty acids), နနွင်းမှာပါတဲ့ ကာကူမင် (Curcumin)၊ မြင်းခွာရွက်မှာပါတဲ့ ဂင်ကို (Ginkgo) နဲ့ မလယ်တိုနင်(Melatonin) ဟော်မုန်းတွေကလည်း သူငယ်ပြန်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပေမယ့် ခိုင်လုံတဲ့ အထောက်အထားတော့ မရှိပါဘူး။

💜မိသားစုဝင်ထဲမှာ သူငယ်ပြန်တဲ့လူနာရှိခဲ့လျှင် လူနာကို စိတ်ရှည်ရှည်နဲ့ ဂရုတစိုက်ပြုစုရပါမယ်။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သူငယ်ပြန်ခြင်းကို အရှင်းပျောက်ကင်းအောင်မကုသနိုင်ပေမယ့် ရောဂါလက္ခဏာ ပိုဆိုးမလာအောင် (သို့မဟုတ်) လျော့ပါးသက်သာအောင် သင့်တော်တဲ့ ဆေးဝါးများနဲ့ ကုသနိုင်ကြောင်း အသိပေးလိုပါတယ်။

Dr. Ye Thu (ဆေး-၁)

Ref: www.mayoclinic.org
www.alzinfo.org

Mayo Clinic - Mayo Clinic Seamless care that revolves around you: more than 4,700 physicians and scientists collaborate across Mayo Clinic campuses in Arizona, Florida and Minnesota. U.S. News & World Report ranks Mayo Clinic as the #1 hospital overall and #1 in more specialties than any other hospital in the nation.

23/05/2022

https://www.facebook.com/100044154743394/posts/483549219793565/

ကိုလက်စထရောဟူသော ဝေါဟာရမှာ ယနေ့ခေတ် လူအတော်များများ ကြားဖူးကြပြီး ဖြစ်ပါသည်။ ကိုလက်စထရောဆိုသည်မှာ ခန္ဓာကိုယ်တွင်း ရှိနေသည့် အရေးပါသော အဆီဓာတ်တစ်မျိုးဖြစ်ပြီး ယင်းကို နေ့စဉ်စားသုံးနေသော အစားအစာများမှလည်းကောင်း၊ ခန္ဓာကိုယ်တွင်းရှိ အသည်းမှ ထုတ်လုပ်ပေးခြင်းဖြင့် လည်းကောင်း ရရှိပါသည်။

ကိုလက်စထရော၏ လုပ်ငန်းတာဝန်များ
============================
ကိုလက်စထရောသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များ၏ အပေါ်ယံ အမြှေးပါးအတွင်း၌ ကိုလက်စထရောကို ပါဝင်ဖွဲ့စည်းထားခြင်းဖြင့် ဆဲလ်များမှာ ပျော့ပျောင်းသွား ပါသည်။ ခန္ဓာကိုယ်တွင်းရှိ အရေးပါသော ဟော်မုန်းများဖြစ်သည့် လိင်နှင့်ဆိုင်သောဟော်မုန်းများ ထုတ်လုပ်ရာ၌ အရေးပါလှပါသည်။ အမျိုးသားများအတွက် တက်စထရိုစတီရုန်း (Testosterone) နှင့် အမျိုးသမီးများအတွက် အီစထရိုဂျင် (Oestrogen) ဟော်မုန်းများ ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပါဝင်သည်။ အသည်းမှ သည်းခြေရည် (Bile) ထုတ်လုပ်ရာ၌လည်း ပါဝင်သည်။ အရိုးနှင့် အဆစ်များ သန်မာစေသည့် ဗီတာမင်ဒီ ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းမှာလည်း ကိုလက်စထရောပင်ဖြစ်သည်။ ထို့ကြောင့် ကိုလက်စထရောမှာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဇီဝပစ္စည်းတစ်ခု ဖြစ်သည်။

ကိုလက်စထရော ပါဝင်သော အစားအစာများ
===============================
သာမန်လူတစ်ယောက်အနေနှင့် နေ့စဉ်လိုအပ်သည့် ကိုလက်စထရော၏ ၂၅% ကို အစားအစာမှ တိုက်ရိုက်ရရှိပြီး ကျန် ၇၅% ကို ခန္ဓာကိုယ်၏ လိုအပ်ချက်ပေါ်မူတည်၍ အသည်းက ထုတ်လုပ်ပေးပါသည်။ ကိုလက်စထရောသည် တိရစ္ဆာန်များတွင်သာ ပါဝင်ပြီး အပင်များတွင် ပါဝင်ခြင်း မရှိပါ။ အပင်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကိုလက်စထရောမှာ မလိုအပ်ပါ။ ထို့ကြောင့် အပင်မှရရှိသော စားသုံးဆီများအားလုံးတွင် ကိုလက်စထရော ပါဝင်ခြင်း မရှိပါ။ တိရစ္ဆာန်များမှရရှိသော အဆီများဖြစ်သည့် ဝက်ဆီ၊ အမဲဆီ အစရှိသည်တို့တွင် အများဆုံးပါရှိပါသည်။ ထို့ပြင် နို့မျိုးစုံ (နွားနို့၊ ကျွဲနို့၊ ဆိတ်နို့ စသည်များ) နှင့် နို့ထွက်ပစ္စည်းများ (မလိုင်၊ ထောပတ်၊ ဒိန်ခဲ စသည်များ) တွင်လည်း ကြွယ်ဝစွာ ပါဝင်ပါသည်။ ဥမျိုးစုံ (ကြက်ဥ၊ ဘဲဥ၊ ငုံးဥ အစရှိသည်) တို့၏ အနှစ်ထဲတွင် ကိုလက်စထရောများ ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် ယင်းတို့ကို စားသုံးခြင်းဖြင့် နေ့စဉ် လိုအပ်သည့် ကိုလက်စထရောကို ရရှိနိုင်ပါသည်။

အကယ်၍ အစားအစာများထဲတွင် ကိုလက်စထရောပါဝင်မှု မရှိလျှင်လည်း အသည်းက ကိုလက်စထရော များကို လုံလောက်သည့်ပမာဏ ထုတ်လုပ်ပေးနိုင်ပါသည်။ ယင်းသို့ ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ပြည့်ဝဆီများကို စားသုံးပေးရန် လိုအပ်ပါသည်။ အဆိုပါ ပြည့်ဝဆီများကို စားသုံးဆီများမှ ရရှိနိုင်ပါသည်။ ထို့ကြောင့် လူတစ်ယောက် ကျန်းမာနေစေရန် စားသုံးဆီ တစ်နေ့လျှင် ၂ ကျပ်သားခန့် စားပေးရန်လိုပါသည်။ ပြည့်ဝဆီပါဝင်မှုများသော စားသုံးဆီများကို တစ်နေ့လျှင် ၂ ကျပ်သားထက်ပိုမို၍ ရေရှည်စားသုံးပါက အသည်းမှ ကိုလက်စထရောများ လိုအပ်သည်ထက် များစွာ ပိုမိုထုတ်လုပ်နေသဖြင့် သွေးအတွင်း ကိုလက်စထရောများ မြင့်တက်လာကာ ကျန်းမာရေးပြဿနာများ ကြုံတွေ့လာနိုင်ပါသည်။ အကယ်၍ စားသုံးဆီကို လုံလောက်အောင် မစားခဲ့ပါက ခန္ဓာကိုယ်တွင် ကိုလက်စထရော ချို့တဲ့လာကာ ယင်း၏ လုပ်ငန်းဆောင်တာများ ချို့ယွင်းလာနိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "စားသုံးဆီနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း (၂) လူ့ခန္ဓာကိုယ်တွင်းရှိ အဆီများ အကြောင်းမှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

03/12/2021

#အချိုမှုန့်သမိုင်း

၁၉၀၈-ခုနှစ်မှ စ၍ ဂျပန်ပါမောက္ခ ကီရာနအဲ အီကဲဒါဆိုသူက ဂျုံ၊ကြံ၊ ပီလောပီနံဥ၊ ရေညှိစသည့် သဘာဝပစ္စည်းများနှင့် ပေါင်းစပ်ကာ ဂလူတာမိတ်(GLUTAMAIE)ဓာတ်ကို ထုတ်လုပ်၍ ဆိုဒီယမ်ဆားတို့ ပေါင်းခံလိုက်သောအခါ ဟင်းခပ်လျှင် အရသာရှိသော (MONOSODIUMGLUTAMATE) MSGခေါ်အချိုမှုန့်ကို ရသည်။

အဆိုပါအချိုမှုန့်ကို အာဂျီနိုမိုတိုဟု အမည်ပေး၍(AJINOMOTO)
ကမ္ဘာသို့ ဖြန့်ချီလိုက်ရာ လူသားတို့နှစ်သက်စွဲလန်းသွားကြသည်။ နောက်ပိုင်း၌ ပီလောပီနံဥစသော သဘာဝပစ္စည်းတို့ကို အသုံးမပြုတော့ဘဲ ဓာတုဗေဒနည်းဖြင့် အစားထိုးခဲ့သည်။

ဓာတုနည်းဖြင့်ထုတ်လုပ်ထားခြင်းကြောင့် ရောဂါအမျိုးမျိုးဖြစ်ခဲ့ကြရသည်။ အချိုမှုန့်အန္တရာယ်ကို ကမ္ဘာက သိလာကြသဖြင့် စီးပွားရေးသမားများက နောက်ပုံစံတစ်မျိုးနှင့် ဟင်းခပ်မှုန့်ပြောင်းလဲထုတ်လုပ်ခဲ့သည်။ တံဆိပ်အမျိုးမျိုးတပ်ထားကြသောကြက်သားမှုန့်တို့မှာ မူလအချိုမှုန့်များပါဝင်နေသဖြင့် အချိုမှုန့် ကြက်သားမှုန့်ကို ဓာတ်ခွဲလျှင် မိုနိုဆိုဒီယမ်ဂလူတာမိတ်ကို တွေ့ရ၏။ (MONOSODIUM GLUTAMATE)ကြက်သားအနံ့ဓာတုအရောင်တင်ထားသဖြင့် ပိုမို
အန္တရာယ်ဘေးဆိုးဖြစ်စေနိုင်သည်။ (ငါး၊ပုဇွန်၊ ပြည်ကြီးငါးတို့ဖြင့် ပြုလုပ်ထားသော ငံပြာရည်တို့၌လည်း အချိုမှုန့်ပါနေသည်။) အဆိုပါကြက်သားမှုန့်ကို တာရှည်စွာသုံးစွဲခြင်းကြောင့် #အသားပွစိစိ၊ #ဗိုက်ပူ၊ #ခါးတုတ်၊ #ဂုတ်သားတက်၊ #မေးစိနှစ်ထပ်၊ #မျက်လုံးအစ်၊ #လက်မောင်းတုတ်၊ #ပေါင်မှာအထစ်ထစ်နှင့် #ခြေသလုံးကြီး ဖြစ်နေကြ၏။

အချိုမှုန့်လွန်စွာစားသူများမှာ အဝလွန်ပြီး ကင်ဆာအမျိုးမျိုး၊ နှလုံးခုန်မြန်၊ သွေးတိုး၊ အရေပြားကြမ်း၊ အပိန့်ထွက်၊ မျက်စိမှုန်၊ ရင်ကျပ်၊ ပန်းနာ၊ ကျောက်ကပ်ပျက်စီး၊ ကိုယ်ဖောကိုယ်ရောင်၊ စိတ်ဂယောင်ခြောက်ခြား၊ ဆီးချို၊ ကျောက်တည်၊ လေပြေသွေးတွင်းအဆီမြင့်တက်အစရှိသော ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။
(ပင်လယ်စာ၊ ငါး၊ စပျက်၊ မုန့်ညင်းတို့ဖြင့် ထုတ်လုပ်ထားသော သဘာဝဟင်းခပ်မှုန့်များကို သုံးစွဲသင့်သည်။)
စားသောက်ဖွယ်များအရသာရှိပြီး စားကောင်းစေလိုလျှင် အရောင်မချွတ်ထန်းလျက်ကို ပါးပါးလှီး၍ ဆားသင့်ရုံထည့်သုံးလျှင် အန္တရာယ်ကင်းသော ဟင်းခပ်မှုန့်ဖြစ်သည်။

အချိုမှုန့်ဆိုတာ ဘာလဲ
~~~~~~~~~
ဘယ်လောက်များအန္တရာယ် ပေးနိုင်လဲ သိစေချင်
~~~~~~~~~~~~~~~~~~~~
ရေရှည် မှန်မှန်စားသွားရင် ဒီလောက်အန္တရာယ်များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate(MSG)လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုးပါ၀င်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခပ်ပစ္စည်းတစ်ခု ဟုတ်ပါသလား? ပုံမှန်သုံးသင့်တဲ့ ဟင်းခပ်အမွှေးအကြိုင်တစ်ခု လုံး၀ မဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည်စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်)ရဲ့အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံး၀ မပါပါဘူး။ အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ။

(၁) ဆီးချိုမဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက် တစ်ရပ်ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာအလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့ အဖော်အပေါင်းတွေပါ'ပါ လာပါလိမ့်မယ်။

(၃) ဦးဏှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်းစေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီးစားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်းယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝြဖတ်တောက် ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေးပညာရှင်တွေ ဘာတွေ့ရလို့လဲဆိုတာ စာဖတ်သူတို့ သိပါသလား။
အချိုမှုန့်စားတဲ့ ကိုယ်၀န်ဆောင်တွေ မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာတွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်၀န်ဆောင်မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးဏှောက်အစိတ်အပိုင်းတွေမှာရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးဏှောက် ဧရိယာတွေဖြစ်လို့ ဒီလိုကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေထူစေတတ်တာ ကမ္ဘာတစ်၀န်း လေ့လာတွေ့ရှိ ထားပါတယ်။
(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်၀န်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်းနဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါအပါအ၀င် ကိုယ်တွင်းကလီစာတစ်ခုခု ရောင်ယမ်းတဲ့ရောဂါရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခုပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချအမြစ်ဖြတ်ကြမလဲ
~~~~~~~~~~~~~~~~~~~~~~~~~~
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာဖြစ်လို့ အသီးအနှံတွေမှာ လုံး၀ မသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline)အရပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်)ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ်နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ
အချိုမှုန့်ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ၀ယ်ရင် လေဘယ်လ်ပေါ်မှာပါတဲ့ အချိုမှုန့်ပါ၀င်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါ၀င်ဖက်ပစ္စည်းစာရင်း (Ingredient List)ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျပါ'ပါတယ်။

(၅) ရိုးရာဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ)ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါ'ပါတယ်ခင်ဗျား။



များပြားလှတဲ့အစားအသောက်တွေကြောင့် ထူပြောလှတဲ့ရောဂါများ မဖြစ်အောင် စားလိုစိတ်ကို ချုပ်တည်းနိုင်ကြ၍ အနာရောဂါ ဘေးဘယာများ ကင်းဝေးကြပါစေသား။

Credit.တက္ကသိုလ် လုလင်
photo credit
မူရင်းရေးသူကို credit ပေးပါသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Thuman 4. Th Street Thingangyun
Yangon