PCARE
10/09/2021
- Price 38000
- YX-306
- High Accuracy
- 360° Gravity Sensor
- Automatic Shutdown
- 0.96" OLED Screen
- Low Battery Alarm
၁၀ခုမှစပြီးမှာယူနိုင်ပါသည်။
PCARE MYANMAR
Hotline : 09 429 570 967, 09 796 738 799
☎️ +(95 1) 230 2702, 230 2703, 821 8264
07/09/2021
ကိုဗစ်ကာလကျန်းမာစွာကျော်ဖြတ်ရန် မျှဝေအပ်ပါသည်
'အဆုတ်ထဲမှာ အောက်ဆီဂျင် ပြည့်ဝစေဖို့ လုပ်ထားသင့်တဲ့ အသက်ရှူ လေ့ကျင့်ခန်းများ’
လူအများစုဟာ သာမန်အချိန်မှာ မသိမသာ ခပ်မျှဉ်းမျှဉ်းသာ အသက်ရှူမိကြလို့ ကိုယ်ထဲကို အောက်ဆီဂျင် လုံလောက်စွာ မရောက်နိုင်တာမျိုး ရှိတတ်ပါတယ်။
အဆုတ်ရဲ့ လေအိတ်များထဲကို အောက်ဆီဂျင် ပြည့်ဝစွာ ရရှိဖို့ဆိုရင်တော့ အဓိကကျဆုံးအချက်ဟာ သတိထားပြီး လေကိုပြည့်ဝစွာ ရှူသွင်းမိကြဖို့ပါပဲ။
အောက်ပါ လေ့ကျင့်ခန်းများထဲမှ နှစ်သက်ရာ တခုခုကို လေကောင်းလေသန့် ရှိနိုင်မယ့် နေရာမှာ နေ့စဉ်မနက်စောနှင့် ညပိုင်းတွင် အကြိမ်(၂၀)ခန့်စီ (သို့) (၅)မိနစ်ဝန်းကျင်စီ ပြုလုပ်ပေးသင့် ပါတယ်ရှင်။
(၁) ဝမ်းဗိုက်ကြွက်သားသုံးတဲ့ အသက်ရှုလေ့ကျင်ခန်း (Belly Breathing)
- ခန္ဓာကိုယ် တည့်မတ်စွာဖြင့် ပက်လက်အိပ်နေပြီး ကြွက်သားများလျှော့ထားပါ။
- လက်တစ်ဘက်ကို ရင်ဘတ်ပေါ်တင်ထားပြီး ကျန်တစ်ဘက်ကို ဝမ်းဗိုက်ကြွက်သားပေါ်တင်ထားပါ။
- စပြီးအသက်ရှုချိန်မှာ ဗိုက်ကြွက်သားကို အဖောင်းဆုံး ဖြစ်လာတဲ့အထိ လေကိုနှာခေါင်းမှ ဖြေးညင်းစွာ (၂)စက္ကန့်လောက် ရှုသွင်းပါ။
- ပြန်ရှုထုတ်ရင် ဗိုက်ကြွက်သားကို လက်နဲ့အနည်းငယ် ဖိချပေးပြီး လေကိုပါးစပ်မှ အသံမြည်အောင် တွန်းထုတ်ပေးလိုက်ပါ။)
(၂) အအေးပိုက်ဖြင့် လေ့ကျင့်ခြင်း - နှာခေါင်းကနေ ခပ်ပြင်းပြင်း ရှူသွင်းထားတဲ့ လေတွေကို အအေးပိုက် ကနေတဆင့် ရေထည့်ထားတဲ့ ခွက်ထဲသို့ ရေပူဖောင်းများ ပလုံစီသွားအောင် မှုတ်ထုတ်လိုက်ရုံပါပဲ။
(၃) ပူဖောင်းမှုတ်ခြင်း - နှာခေါင်းကနေ ခပ်ပြင်းပြင်း ရှူသွင်းထားတဲ့ လေတွေကို ပါးစပ်မှာ ပူဖောင်းတေ့ပြီး ပူဖောင်း ပြည့်နိုင်သလောက် အားပါးတရ လေမှုတ်ထည့်လိုက်ပါ။
**ရှုသွင်းချိန်တိုင်းမှာ ပါးစပ်မဟဘဲ နှာခေါင်းနဲ့ပဲ ရှုရပါမယ်။ နှာခေါင်း အမွှေးလေးတွေက လေထုထဲက အမှုန်မွှားလေးများကို ကပ်ပြီးစစ်ယူထားနိုင်လို့ သန့်စင်တဲ့လေတွေ ရရှိပါတယ်။ ပါးစပ်နဲ့ ရှူဖြစ်တာများရင် အမှုန်အမွှားတွေ အဆုတ်ထဲ ပိုရောက်ပါတယ်။**
ဒီလေ့ကျင့်ခန်းတွေက အသက်ရှူရာမှာ သုံးတဲ့ကြွက်သားတွေ သန်မာစေပြီး အဆုတ်ထဲကို အောက်ဆီဂျင် ပြည့်ဝစေတဲ့ နည်းတွေဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းနှင့်အတူ
- အခြားကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို နေ့စဉ်နာရီဝက်ခန့် ပြုလုပ်ပေးခြင်း၊
- ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက် ကောင်းစေခြင်း၊ စိမ်းစိုသော အပင်များ အနီးတွင် နားနေခြင်း၊
- သံဓာတ်ကြွယ်ဝတဲ့ (အစိမ်းရောင်အရွက်များ၊ သားငါးနှင့် ဥအမျိုးမျိုး) စားခြင်း၊ ရေများများ သောက်ခြင်းစတဲ့ နည်းလမ်းကောင်းများကိုသုံးပြီး အဆုတ်ရဲ့ ကျန်းမာရေးနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ထားလိုက် ကြပါစို့နော်။
crd
19/08/2021
Oxygen Concentrator ဆို BRAND NEW / AIR CARGO PACKAGING အသစ်စက်စက်ကိုမှ စိတ်ချစွာအသုံးပြုလိုသူများအတွက် အရည်အသွေးကောင်း YASEE တံဆိပ်ကို In Stock ဖြင့် ဆက်သွယ် ဝယ်ယူနိုင်ပါသည်။
Brand Name : YASEE 🌱 10 L (Dual Flow/ Medical Grade) 🌱 High Oxygen Purity (93% +/-3) 🌱 Medical Grade, ISO : 13485 Approved 🌱 Europe Technology | Assembly in China 🌱 Warantee : Compressor 3 yrs / other parts 1 yr 🌱 Large HD Display, Touch Screen 🌱 24 hr continuous working 🌱 Intelligent Alarm System
(၇)ရက်သားသမီးအပေါင်း ကပ်ရောဂါဘေးမှ ကင်းဝေးပြီး ကိုယ်စိတ်နှလုံး ကျမ်းမာချမ်းသာပါစေဖို့ * PCARE MYANMAR * မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။။
Hotline ( ph | viber | whatsup | wechat | line)
09 429 570 967, 09 796 738 799
PCARE MYANMAR Co., Ltd.
4Z, Golden View Tower, Mingalar Taung Nyunt, Yangon.
331/7, Strand Road, Ahlone, Yangon.
+(95 1) 230 2702, 230 2703, 821 8264
05/08/2021
အောက်စီဂျင်စက်များကို ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက်မသုံးခင်မှာဖြစ်စေ၊ အခြားနေရာကသယ်ယူလာတာဖြစ်စေ #ပိုးသတ်ပြီးမှသုံးစွဲသင့်ပါတယ်။
Oxygen concentrator မှာ ပိုးသန့်စင်ရန်စဉ်းစားဖို့
(၁) စက်အပြင်ပိုင်း၊
(၂) လေစစ်ဇကာ filters များ၊
(၃) mask နဲ့ လေရှုပြွန် cannula and tubing
(၄) ရေအိုး water trap humidifiers
(၅) စက်အတွင်းပိုင်း ဆိုပြီး (၅) ပိုင်းခွဲစဉ်းစားပါမယ်။
ပိုးသန့်စင်မယ့်သူဟာ #လူနဲ့ဝေးရာမှာ mask နဲ့လက်အိတ်သေချာဝတ်ပြီးမှ ပိုးသန့်စင်သင့်ပါတယ်။
(၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေးမပါတဲ့ဆပ်ပြာရည်စိမ်ထားတဲ့အဝတ်နဲ့သုတ်နိုင်ပါတယ်။ ပြီးတာနဲ့ kitchen tower စက္ကူလိပ်နဲ့ရေပြန်သုတ်နိုင်ပါတယ်။ စက်ကိုအသုံးပြုနေစဉ်မှာ ရေစိုအဝတ်နဲ့သန့်စင်ခြင်း #မပြုလုပ်ပါနဲ့။ အဓိကကလက်ကိုင်တွေ၊ setting ချိန်တဲ့နေရာတွေ လက်နဲ့ထိတွေ့နိုင်တဲ့နေရာတွေမှာ ပိုးသန့်စင်ပစ်ရမှာဖြစ်ပါတယ်။
(၂) Filters လေစစ်စကာတွေကို ဖြုတ်ထုတ်ပါ။ ဖုန်ခါသန့်စင်ပြီး ချွတ်ဆေးမပါတဲ့ဆပ်ပြာရည်ထဲမှာ ၂ မိနစ်ခန့်စိမ်ပါ။ ပြီးရင်ပိုက်ခေါင်းအောက်ကရေနဲ့ပြန်ဆေးပစ်ပါ။ တတ်နိုင်ရင် UV light ခရမ်းလွန်ရောင်ခြည်ဖြစ်ဖြစ်၊ နေရောင်ထဲမှာ မိနစ် ၂၀ လောက်ထားပြီးဖြစ်ဖြစ် ပိုးသတ်ပါ။
လေသလပ်ခံကာ #လုံးဝခြောက်သွေ့သွားမှပြန်လည်တပ်ဆင်သုံးစွဲပါ။ မခြောက်သွေ့လို့ စက်အတွင်းသို့ရေမှုန်ရေမွှားပါသွားတာ မကောင်းပါ။ ဆေးရုံလိုနေရာများမှာသုံးဖို့ filter အပိုဝယ်ထားသင့်ပါတယ်။ အထဲမှာ HEPA လို့ခေါ်တဲ့ လေစစ်ဇကာပါပါတယ်။ အဲ့ဒါကိုသေချာဖြုတ်ပြီး ဘရပ်ရှ်လေးနဲ့သန့်စင်ရပါတယ်။ ဖုန်ထဲမှာလူနာကရှုထုတ်ထားတဲ့ #ဗိုင်းရပ်စ်ပိုးတွေကပ်နေနိုင်တာကြောင့် mask နဲ့ goggles တပ်ပြီးမှဖုန်သန့်စင်သင့်ပါတယ်။
(၃) လေရှုပြွန် cannula and tubing နဲ့ mask ကို နောက်တစ်ယောက်ပြန်သုံးရန် သန့်စင်ဖို့က #လက်တွေ့မကျပါဘူး။ နောက်တစ်ယောက်သုံးရင် #အသစ်လဲပါ။ Cannula ထိပ်နဲ့ mask ကို တစ်ယောက်တည်းသုံးရင်တောင်မှ ကြမ်းပြင်၊ စားပွဲခုံ၊ အိပ်ရာပေါ်စသည်တို့အပေါ်မှာမချမိဖို့ ဂရုစိုက်ပါ။ အဲ့လိုချမိရင် ရောဂါပိုးကိုဒါရိုက်ရှုမိသလိုဖြစ်စေပါတယ်။ မျက်နှာပြင်တစ်ခုခုပေါ် ချမိတယ်ဆိုရင် ဆပ်ပြာရည်ပါတဲ့ရေနွေးထဲမှာစိမ်ပါ။ ပြီးရင်ရေနဲ့ဆေးပါ။ ပြီးရင် (white vinegar ၁ ဆ - ရေ ၃ ဆ) ပါတဲ့ရေနွေးထဲ မိနစ် ၂၀ စိမ်ပြီးခြောက်အောင်သုတ်ပြီးမှ သုံးပါ။ အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။ UV အလင်းရောင် (သို့မဟုတ်) နေရောင်ထဲထားပြီးလည်း ပိုးသတ်နိုင်ပါတယ်။ ဒါက cannula ထိပ်နဲ့ mask ကိုသာဆေးကြောသန့်စင်ဖို့ပြောတာဖြစ်ပြီး tubing ပြွန်ရှည်ကိုလုံးဝရေမစိမ်ရပါ။ ပြွန်ထဲရေဝင်သွားရင် ခြောက်သွေ့အောင်လုပ်ရတာအရမ်းခက်ပါတယ်။
လူနာတစ်ယောက်တည်းသုံးတာတောင်မှ လူနာကနေမကောင်းဖျားနာမှုရှိခဲ့ရင် cannula နဲ့ mask ကိုအသစ်လဲလှယ်သင့်ပါတယ်။
(၄) ရေအိုး water trap humidifiers ကိုလည်း အပေါ်ကနည်းအတိုင်းဆေးကြောနိုင်ပါတယ်။ လူနာပြောင်းရင် ကျိန်းသေပိုးသတ်ဖို့လိုပါတယ်။ လူနာမပြောင်းရင်တောင် ၅ ရက်တစ်ခါလောက်ဆေးပေးပါ။ အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။ အဲ့ဒီ humidifier ပလတ်စတစ်ဘူးလေးထဲထည့်တဲ့ရေဟာ ရေသန့်ဖြစ်ရပါမယ်။ ြိုချက်ထားတဲ့ရေသန့်ဖြစ်ရင်ပိုကောင်းပါတယ်။ အဲ့ဒီရေကို ထပ်ထပ်ဖြည့်တာထက် #နေ့စဉ်အသစ်လဲလှယ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ ရေမသန့်ခဲ့ရင်၊ ဘူးမသန့်ခဲ့ရင် mucormycosis လို့ခေါ်တဲ့ Covid လူနာမှာနောက်ဆက်တွဲမှိုနက်ရောဂါဖြစ်တတ်ပါတယ်။
ဟုတ်ပြီ။ အပေါ်က အဆင့် (၄) ဆင့်နဲ့စက်အပြင်လည်းသန့်ပြီ။ လေစစ်ဇကာတွေလည်းသန့်ပြီ။ ေရှုပြွန်ကလည်းအသစ်သုံးထားပြီးပြီ။ ရေဘူးကိုလည်းသေချာဆေးပြီးရေအသစ်လဲလှယ်ပြီးပြီ။
ဒါဆိုရင် လူနာတစ်ယောက်နဲ့တစ်ယောက်မကူးစက်ဘူးလို့ ၁၀၀ % သေချာပြီလား
Filter ဘယ်လောက်ကောင်းသလဲပေါ်မှာမူတည်ပါတယ်။ ကျနော့်အယူအဆကိုပြောပါမယ်။
အရင်လူနာရှုထုတ်သမျှလေဟာ စက်ပတ်ဝန်းကျင်ကိုရောက်သွားမှာပါ။ စက်ကအဲ့ဒီလေကိုစုပ်ယူပြီး နိုင်ထရိုဂျင်ဖယ်ထုတ်ကာ အောက်ဆီဂျင်ကိုစုစည်းပေးလိုက်တာပါ။ အဲ့ဒီတော့ စက်ရဲ့ Filter တွေက ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကိုမစစ်ထုတ်ပေးနိုင်ဘူးဆိုရင် စုပ်ယူတဲ့လေနဲ့အတူအထဲကိုဝင်သွားမှာဖြစ်ပါတယ်။
စက်ထဲက ဇီယိုလိုက်ဇကာနဲ့ပိုက်ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိရှိကောင်းရှိနေနိုင်ပါတယ်။ စက်အထဲပိုင်းကိုသန့်စင်ဖို့မဖြစ်နိုင်ပါ။
အဲ့လိုပါသွားခဲ့ရင်တော့ အနည်းဆုံး (၅) ရက်ခန့်ထားပြီးမှသုံးသင့်ပါတယ်။
Crd Richard Myo Thant
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
11121
Opening Hours
| Monday | 10:00 - 16:00 |
| Tuesday | 10:00 - 16:00 |
| Wednesday | 10:00 - 16:00 |
| Thursday | 10:00 - 16:00 |
| Friday | 10:00 - 16:00 |