TYD Design & Build
31/10/2024
နှစ်သစ်ကူးအမှီ လူကြီးမင်းတို့ရဲ့နေအိမ်လေးကိုပြန်လည်ပြုပြင်ဖို့အတွက်စဉ်းစားနေပြီဆိုရင်တော့ TYD Design & Buildရဲ့ Special Promotion လေးနဲ့မိတ်ဆက်ပေးပါရစေ။
လာမယ့် November လအတွင်း Design or Decoration service အပ်နှံမယ့် Customer များအတွက် Special Promotion အနေနဲ့ 5% Discount ပေးမယ့် အစီအစဉ်လေးလည်းရှိတာကြောင့် အခုပဲအမြန်ဆုံးလာရောက်ဆက်သွယ်လိုက်တော့နော်။
𝑻𝒓𝒂𝒄𝒆 𝒀𝒐𝒖𝒓 𝑫𝒓𝒆𝒂𝒎 𝒘𝒊𝒕𝒉 𝑼𝒔
Ph : 09 880 814413
Email : [email protected]
Address : Pyinma Street, Kyemyindine, Yangon, Myanmar
02/10/2024
ကုန်ကျစရိတ်သက်သာအောင် အိမ် ဘယ်လိုပြင်မလဲ?
တိုက်ခန်း (သို့မဟုတ်) လုံးချင်း ကွန်ဒို လေးကို Renovation လုပ်ဖို့စဥ်းစားနေပြီဆိုရင်တော့ ဒီ Postလေးကိုအဆုံးထိဖတ်သွားသင့်တယ်နော် ။
အရင်ဆုံး Budget သတ်မှတ်ပါ ။
အိမ်ပြင်တော့မယ်ဆိုရင် မိမိအသုံးပြုမယ့် ပမာဏကို စိတ်ပိုင်းဖြတ်ထားဖို့လိုပါတယ်။ Budget မသတ်မှတ်ထားဘူးဆိုရင်တော့ အိမ်ပြင်ပြီး စာရင်းချုပ်ကြည့်မှ ခန့်မှန်းထားတာထက်အများကြီးပိုမိုကုန်ကျနေတတ်ပါတယ်။
Contractor ရွေးချယ်ပါ ။
Company တွေက အများကြီးရှိပါတယ်။ ဒါကြောင့် အနည်းဆုံး Company 3ခုလောက်ကို ဆက်သွယ်ပြီးတော့ မိမိသုံးမယ့်ငွေပမာဏနဲ့ လိုချင်တဲ့ Quality ကိုပြောပြီး Quotation တောင်းကြည့်သင့်ပါတယ် ။ အဲ့ထဲကမှ After sales service နဲ့ warrantyပိုင်းကို သေချာပေးနိုင်တဲ့ company ကိုစိတ်ကြိုက်ရွေးချယ်သင့်ပါတယ်။
အလှအပတွေထက် လက်တွေ့အသုံးပြုလို့ရမယ့် အရာကိုဦးစားပေးပါ ။
အိမ်အတွင်းပိုင်းအပြင်အဆင်တွေထက် တကယ်တမ်း နေ့စဥ်ဘဝမှာ အသုံးပြုလို့ရမယ့် အရာတွေကိုဦးစားပေးရွေးချယ်ဖို့လိုပါတယ် ။ ဥပမာပြောရရင် နံရံမှာကပ်မဲ့ Decorative wall panels တွေထက် Kitchen Cabinet ကဦးစားပေးပြုလုပ်သင့်တာမျိုးဖြစ်ပါတယ်။
အရေးကြီးတဲ့အရာတွေကို ဦးစားပေးပါ ။
Electrical components တွေနဲ့ Wiring တွေဟာ အရည်အသွေးပြည့်မှီတဲ့ အမှတ်တံဆိပ်တွေကိုအသုံးပြုတာအကောင်းဆုံးပါ။အသုံးပြုမယ့် budgetကျော်နေရင်တောင်မှ Circuit Breaker တွေနဲ့ wire ကြိုးတွေကိုအရည်အသွေးကောင်းတာအသုံးပြုပြီးတော့ ကျန်တဲ့ နေရာတွေမှာပဲကုန်ကျစရိတ်လျော့ချသင့်ပါတယ်။ ပစ္စည်းလျော့သုံးလိုက်မိလို့ ပြန်လည်ပြင်ဆင်ရမယ့် ကုန်ကျစရိတ်က မိမိလျော့သုံးလိုက်တဲ့ပမာဏထက်ပိုမိုကုန်ကျနေတတ်ပါတယ်။
အသုံးစရိတ်ချိန်ညှိပါ ။
အိမ်တစ်အိမ်မှာ ကြမ်းခင်း ၊နံရံဆေး နဲ့ မျက်နှာကျက် ပြီးရင် မီးဖိုချောင်ကိုဦးစားပေးပြင်ကြတာပဲဖြစ်ပါတယ်။ ဒီနေရာမှာကြမ်းခင်းရွေးချယ်တဲ့အခါ ကျွန်းပါကေးကကုန်ကျစရိတ်များနေရင် Spc Flooring ကိုရွေးချယ်တာမျိုး ၊ အိမ်သုတ်ဆေးကိုလည်း အလယ်လတ်အတန်းအစားထဲကအသုံးပြုတာမျိုးတို့ကို Budgetအပေါ်မူတည်ပြီး ချိန်ညှိလို့ရပါတယ်။ အရေးကြီးတဲ့အချက်ကတော့ Contractor နဲ့ မိမိအသုံးပြုမယ့် ငွေပမာဏကိုသေချာတိုင်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒါမှသာ Contractor က Budgetနဲ့ အသင့်တော်ဆုံးဖြစ်ပြီး အရည်အသွေးပိုင်းလည်း စိတ်ချရတဲ့ Material တွေကိုစီစစ်ရွေးချယ် ပြီး ကုန်ကျစရိတ် တွက်ချက်လို့ရမှာဖြစ်ပါတယ်။
အရိုးရှင်းဆုံးကအကောင်းဆုံးပါ ။
တစ်ချို့နေရာတွေမှာ ရိုးရိုးရှင်းရှင်းနဲ့ သပ်ရပ်နေတာကလည်း နေ့စဥ်နေထိုင်မယ့်နေအိမ်အတွက် ပိုသင့်တော်ပါတယ် ။ Design ပိုင်းအရ ခေတ်စားနေတဲ့ အချို့ Material တွေနဲ့ အလှဆင် ပစ္စည်းတွေက အချိန်ကြာလာရင်ရိုးအီသွားတတ်ပါတယ်။ ဒါကြောင့်ရိုးရိုးရှင်းရှင်းနဲ့ Minimalist ဖြစ်တာလေးက ကုန်ကျစရိတ်ကိုလျော့ချပေးနိုင်ပါသေးတယ်။
အခုဖော်ပြထားတဲ့အချက်လေးတွေက အိမ်ပြင်မယ့်လူကြီးမင်းတို့အတွက် အိမ်ပြင်တဲ့အခါ ကြိုတင်စဥ်းစားလို့ရအောင် လိုအပ်တဲ့အချက်လေးတွေဖော်ပြပေးထားပဲဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ နေအိမ် ဆိုင်ခန်း နဲ့ ရုံးခန်းလေးတွေပြင်ဆင်ဖို့စဥ်းစားနေပြီဆို TYD Design & Buildမှာ အခမဲ့ Site surveyနဲ့ အကြံပြုချက်များရယူလို့ရပါတယ်။
𝑻𝒓𝒂𝒄𝒆 𝒀𝒐𝒖𝒓 𝑫𝒓𝒆𝒂𝒎 𝒘𝒊𝒕𝒉 𝑼𝒔
Ph : 09 880 814413
Email : [email protected]
Address : 19/3 Pyinma Street, Kyemyindine, Yangon, Myanmar
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Pyinma Street, Kyemyindine
Yangon
11101