NYKT SHOP
15/01/2022
တရော်ကင်ပွန်းရာဇဝင် (Google မှ....)
တရော်ကင်ပွန်းရဲ့ရာဇဝင်အကြာင်း
တရော်ကင်ပွန်းရာဇဝင် မြန်မာမှန်ရင်သိထားဖို့ပါ။မြန်မာလူမျိုးတွေဟာ တရော်ကင်ပွန်းကို အသုံးပြုလို့ခေါင်းလျှော်ရင် အညံ့တွေ ပျောက်ပြီး ကျက်သရေမင်္ဂလာတွေနဲ့ ထုံမွမ်းစေတယ်လို့ ယုံကြည်ကြပါတယ်။
အိပ်မက်ဆိုးတွေ ဘာတွေ မက်ရင်လည်း တရော်ကင်ပွန်းနဲ့ လျှော်ရင် နိမိတ်ဆိုးတွေ ကြေတယ်လို့ ဆိုပါတယ်တရော်ကင်ပွန်း ကို ဘယ်လိုစတင်တွေ့ရှိ အသုံးပြုခဲ့ကြတာလည်းဆိုတော့သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး စိုးစံစဉ်က ဖြစ်သည်။
ထိုမင်းကြီးကား နဖူးအလယ်တွင် မှဲ့ရှင်တော် တစ်ခုပါ၍ မျက်စိသုံးခု အတုမဲ့ပေါင် ဒွတ္တဘောင် ဟု နှောင်းလူများက မှတ်တမ်း တင်ခဲ့သည်။ထို့ပြင် မင်းကြီးသည် သိကြားမင်းဆက်သော လက်နက်ငါးပါး၊ နာဠာဂီရိဆင်၊ ဝလာဟက နတ်မြင်းတို့ကိုလဲ ပိုင်ဆိုင်သည်ဆို၏။
တစ်ခါသော် သရေခေတ္တရာပြည်အနီးရှိ ဗိဿ နိုးကိုသွားရောက်တိုက်ခိုက်ရာ ဗိဿ နိုး ပန်ထွာဘုရင်မက ရန်ပယ်ချောင်းရေ ကိုစနစ်တကျ အသုံးချကာ ခုခံခဲ့သည်။သို့ရာတွင် မင်းကြီးက သူလျှိုစေလွှတ်ကာ ဗိဿ နိုး၏ကာကွယ်ရေးစနစ်ကို ချေဖျက်ခဲ့ပြီး ဘုရင်မနှင့်တကွ ဗိဿ နိုးကိုသိမ်းပိုက် ခဲ့သည်။
ပန်ထွာမိဖုရားသည် အတင်းအဓမ္မ သိမ်းပိုက်ခံရခြင်းကို မကျေနပ်ပါ။ ထို့ကြောင့် မင်းကြီးကို လက်စားချေရန်ကြံလေ၏ကြံပုံမှာ- သူမ၏ ထဘီအောက်နားစ ကို ဖြတ်ကာ နံ့သာအမွှေးအကြိုင်များ ထုံမွှမ်းစေပြီး မင်းကြီး ထံ
မျက်နှာသုတ်ပဝါအဖြစ် ဆက်ကပ်ခြင်းဖြစ်သည်။ မူကွဲများတွင် သုဿာ န်မှ အဝတ်ဟုလည်းဆိုသည်မင်းကြီးလည်း ထိုမျက်နှာသုတ်ပဝါကို သုံးမိလျှင် ဘုန်းနိမ့်ကာ မှဲ့ရှင်တော်ကွယ်လေ၏။လှံများ ဓါးများလည်း အရောင်မထွက်တော့ပေ။
ပန်ထွာလည်း မိမိအကြံဖြစ်ကြောင်း။ ယခုလောက်ဖြင့် မကျေနပ်သေးဘဲ နောက်ဘဝများတွင်လဲ မင်းကြီး၏ ပျက်စီးကြောင်းကို ကြံစည်လိုသေးကြောင်း။နောက်ထပ် လက်စားမချေရမခြင်း သရေခေတ္တရာ အနီးရှိ ပေပင် တို့သည် ယခုအရွယ်မှ မတက်ပါစေကြောင်း ဆုတောင်းကာ လက်ထဲမှ အဆိပ်ခွက်ကို မော့ချကာ သေလေ၏။
ထိုပေပင် တို့သည် ယနေ့တိုင် သရေခေတ္တရာမြို့ရိုးအနီးရှိပြီး အပင်ပု အရွယ်မှ မတက်ကြသေးချေ။ အံ့ဖွယ်ပင် မင်းကြီးတွင် ဘုန်းကံ နိမ့်ပါးကြောင်း သိလျှင်ကမ်းယံပြည် အပါအဝင် အခြား လက်အောက်ခံ မင်းများ လည်း ထကြွ ပုန်ကန်ကြလေ၏။
မင်းကြီးကိုယ်တိုင် ပုန်ကန်မှုများကို နှိမ်နင်းသော်လဲ အရှုံးနှင့်ရင်ဆိုင်ရကာ ကမ်းယံပြည်မှ လက်လွတ်ပြေးရလေ၏ထိုသို့ပြေးစဉ် မိုးရွာလာသဖြင့် ကင်ပွန်းနွယ်များ တက်နေသော တရော်ပင်ကြီး တစ်ပင် အောက်တွင် မိုးခိုရာ ထိုတရော်ကင်ပွန်း အရည်များ
မင်းကြီး၏ ဆံပေါ်ကျလျှင် ကျခြင်း လက်ထဲမှ လှံသည် ချက်ချင်း အရောင်ထွက် လေ၏။နဖူးပေါ်မှ မှဲ့သည်လည်း ပြန်ပေါ်လာ တော့သည်။ မင်းကြီးလည်း အံ့ သြ ဝမ်း သာ ဖြစ်ကာ တ ရော်ကင်ပွန်း အ ပင်များ ကို မှတ်သားပြီး
မိ မိ ၏ တပ်သား များ ကို စိတ်ဓာတ် ရွှင်လန်း စေ ကာ ရန်သူ များ ကို တိုက်လေ ၏။များ မ ကြာမီ ရန်သူ အား လုံး ကို နှိမ်နင်း အောင်မြင်ကာ သရေခေတ္တရာထီး နန်း ကို ပြန်လည် စိုးစံလေတော့သတည်း။ဤသည်ပင် တရော်ကင်ပွန်း၏ ရာဇဝင်ဖြစ်တော့သည်။
#©®D
10/01/2022
Edit - All Sold Out
Edit - အိတ် Sold Out
အရုပ်မက တပိုင်းတည်းဆိုတော့လည်း တပိုင်းထဲ Showထုတ်တာပေါ့ 😁
#ရိုးရာဆင်အိတ်
#လွယ်အိတ်
#အလှအိတ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |