SAI - Home Kitchen

SAI - Home Kitchen

Share

Photos from SAI - Home Kitchen's post 09/06/2026

💥 အခုလာမယ့် စနေနေ့ ၁၃ ရက်နေ့ ရပါမယ်ရှင့် 💥

Milk Rasmali
(နွားနို့ခဲလေးကို နို့မလိုင်ရည်စိမ်ထားတာပါ)

၁၀ ပြား ပါ ဘူးကြီး …..၂၀၀၀၀ ကျပ်
၅ပြား ပါ ဘူးသေး…….၁၁၀၀၀ ကျပ်

💛 အရသာရှိတဲ့အပြင် အာဟာရပြည့်စုံလို့
👶 ကလေးတွေနဲ့
👵 အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားထိ
အားလုံးအတွက် သင့်လျော်ပါတယ်ရှင့်။

ပျစ်နှစ်စိမ့်တက်နေလို့ အရမ်းစားကောင်းပါတယ်

မင်မင်တို့သုံးတဲ့ နွားနို့က Grade A ရှယ် qualityကို သုံးတာမို့
မလိုင်လုံးလေးတွေက စားလိုက်တာနဲ့ နူးညံ့ပီး
စားပီးရင် စားချင်ပါပဲနော် ..
အချိုမကဲ ပါဘူးနော်..အားလုံးအဆင်ပြေအောင် အချိုလျော့ထားပါတယ်..

မင်မင်ကိုယ်တိုင်လည်း Quality ကောင်းတဲ့ အစားအသောက်ပဲ ကြိုက်တတ်သူမို့
တပါတ်တရက် အားတဲ့နေ့လေးပဲ အချိန်ယူပီး သေချာရောင်းပါတယ်..

ဘူး ၁၀၀ ပဲ လုပ်မှာမို့ ကြိုမှာပေးပါနော်

ပါဝင်ပစ္စည်းက နွားနို့စစ်စစ် ၊ သကြား နဲ့ Almond seed ပဲ ပါလို့ လူမျိုးမရွေး ၊ ဘာသာမရွေး စားလို့ရပါတယ်ရှင်..
(Almond အစေ့ မကြိုက်/မတည့်သူများ ကြိုပြောပေးပါနော်🙏)

နွားနို့စသောက်လို့ရတဲ့ ကလေးအရွယ်ကပီး အသက်ကြီးဖိုးဖွားအထိ စားလို့ရပါတယ်ရှင်..

📦 အအေးထဲထားရတာကြိုက်ပါတယ်ရှင့်
ရေခဲသေတ္တာထဲသိမ်းပြီး ဇွန်းသန့်နဲ့ ခပ်စားမယ်ဆိုရင် ၂ရက်လောက်အောင်ခံပါတယ်။ (အအေးဓာတ်ပေါ်မူတည်ပါတယ်)

🚚 Deli သမားတွေကလည်း အအေးထိန်းပုံးနဲ့ သန့်ရှင်းလတ်ဆတ်စွာ ပို့ဆောင်ပေးပါတယ်။

⚠️ သတိပြုပါ။
Rasmali သည် နို့ထွက်ပစ္စည်းဖြစ်သောကြောင့် အနံ့ပြင်းသောအစားအစာများနှင့် တွဲမထားပေးပါရန်။
လတ်ဆတ်ပြီး သန့်ရှင်းမှုအပြည့်နဲ့သာ သုံးဆောင်ဖို့အကြံပြုပါတယ်ရှင့်။

🎁 ကိုယ်ချစ်သူတွေကိုလည်း လက်ဆောင်အဖြစ် ပေးဖို့ အလွန်အဆင်ပြေတဲ့ Dessert လေးပါ။

Photos from SAI - Home Kitchen's post 01/06/2026

June လကစပြီး တစ်ယောက်တည်း အေးဆေး အချိုတည်းချင်တဲ့ customer တွေနဲ့ အများကြီးဆို စားမကုန်မှာ စိုးရိမ်တဲ့သူတွေပါ အားလုံး အဆင်ပြေသွားအောင် မင်မင်တို့က ဘူးသေး/ဘူးကြီး ဆိုပြီး ခွဲရောင်းပေးတော့မှာပါရှင်။

၅ ခုပါ ဘူးသေး — 11,000 Ks (တစ်ယောက်အတွက် ကွက်တိပဲနော်)
၁၀ ခုပါ ဘူးကြီး — 20,000 Ks (မိသားစု စုစားဖို့ အတန်ဆုံး Size)

လက်ရှိမှာ နွားနို့စျေး၊ Gas စျေး၊ ဆီနဲ့ အခြားကုန်ကြမ်းစျေးတွေ အဆမတန် တက်လာတာကြောင့် စျေးနှုန်းလေး အနည်းငယ် ပြောင်းလဲသွားရတာကိုတော့ အားနာမိပါတယ်ရှင်။

ဒါပေမယ့် မင်မင်တို့မုန့်က ဘယ်ပါဝင်ပစ္စည်းကိုမှ လုံးဝ (လုံးဝ) မခိုထားဘူး ဆိုတာ စားဖူးသူတိုင်း အသိပါနော်။ သန့်ရှင်းလတ်ဆတ်မှုကို အမြဲတန်ဖိုးထားတာကြောင့် ကလေး၊ လူကြီး အားလုံး စိတ်ချလက်ချ စားနိုင်ဖို့ တာရှည်ခံပစ္စည်း လုံးဝမပါဝင်ကြောင်းလည်း ရာနှုန်းပြည့် အာမခံပါတယ်ရှင်။

စျေးနှုန်းလေး အနည်းငယ် တိုးသွားပေမယ့် customer တွေ သက်သက်သာသာနဲ့ အဝစားနိုင်အောင်... ဒီ June တစ်လလုံးမှာ ၅၀,၀၀၀ Ks ဖိုး ပြည့်အောင် မှာယူတာနဲ့ ရန်ကုန်မြို့တွင်း အိမ်အရောက် Deli Free (ပို့ခ အခမဲ့) နဲ့ ပို့ဆောင်ပေးသွားမှာပါရှင်။ 🛵💨

အရည်အသွေး ရှယ်၊ အရသာ ဆိမ့်အိနေတဲ့ Milk Rasmalai စစ်စစ်ကို Deli Free အခွင့်အရေးရှိတုန်း အခုပဲ စုပြီး အော်ဒါတင်လိုက်တော့နော် ချစ်တို့ရေ... 🥰

30/05/2026

မနက်ဖန် Sunday 31 ရက်နေ့ မုန့််ပို့မှာပါရှင့်။ မှာလို့ရသေးတယ်နော်

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Tamwe
Yangon
11211