Learn Russian With Ramashka
18/01/2022
🔸🔸Русские Имена : Russian Names🔸🔸
ရုရှားဘာသာစကားကို စလေ့လာတုန်းက ကျွန်မအတွက်အခက်ခဲဆုံးအရာကတော့ ရုရှားလူမျိုးတွေရဲ့နာမည်တွေကို မှတ်ရတာပါပဲ။
ဘာလို့ခက်ခဲလဲဆိုတော့ ရုရှားနဲ့မြန်မာ နာမည်ပေးတဲ့စနစ်က မတူလို့ပါပဲ။
✅ရုရှားလူမျိုးတွေနာမည်ကို ဘယ်နှစ်လုံး ပေးလေ့ရှိကြလဲ။
ရုရှားလူမျိုးတွေရဲ့ နာမည်မှာ Фамилия, Имя, Отчество ဆိုပြီး (၃) မျိုး ပါ ပါတယ်။
Фамилия : family name
Имя : Name
Отчество : patronymic
မြန်မာလူမျိုးတွေကတော့ နာမည်ကို ၃လုံး၊ ၄လုံး စသည်ဖြင့် မိမိကြိုက်နှစ်သက်သလို၊ လှသလိုလေး ပေးလေ့ရှိကြတယ်။ တချို့တွေကတော့ အဖေနာမည်ကို နောက်ဆုံးမှာထည့်ပေးလေ့ရှိကြတယ်။ ဒါပေမယ့် ရုရှားတွေလိုတော့ မဖြစ်မနေထည့်ကြတာမျိုးတော့မဟုတ်ပါဘူး။
🤔ကဲ...အဲဒိတော့ ရုရှားလူမျိုးတွေရဲ့အမည်တွေကို Фамилия, Имя, Отчество ဘယ်လိုခွဲကြမလဲ။
🥰ဒါက လွယ်ပါတယ်။
စာလုံးလေးတွေရဲ့ နောက်ဆုံး Ending လေးတွေကို ကြည့်ပြီးခွဲလို့ရပါတယ်။
ယောကျာ်းလေးနာမည်တွေဆိုရင် фамилия (family name) က -ов, -ев နဲ့ဆုံးပြီး
မိန်းကလေးနာမည်ဆိုရင် family name က -ова, -ева နဲ့ဆုံးပါတယ်။
Отчество (patronymic) က ယောကျာ်းလေးနာမည်တွေမှာဆိုရင် -ович, -евич နဲ့ဆုံးပြီး မိန်းကလေးနာမည်တွေမှာတော့ -овна, евна နဲ့ဆုံးတဲ့ စကားလုံးတွေပါ။
Фамилия (family name) နဲ့ Отчество ( patronymic) ကို ခွဲပြီးတဲ့အခါ ကျန်တဲ့စာလုံးကတော့ Имя (Name) ပေါ့ 😉
အောက်ကနာမည်လေးနှစ်ခုကို Фамилия, Имя, Отчество ခွဲကြည့်လိုက်ကြရအောင်....🤗
ယောင်္ကျားလေးနာမည်-
Павел Владимирович Петров
Имя။ : Павел
Отчество: Владимирович
Фамилия : Петров
မိန်းကလေးနာမည်:
Татьяна Сергеевна Андреева
Имя။ : Татьяна
Отчество: Сергеевна
Фамилия : Андреева
👉ရုရှားလူမျိုးတွေက နာမည်တွေကို အမြဲတမ်း ၃ လုံးစမျိုး ခေါ်လေ့ရှိကြလား❓
သူတို့ရဲ့ ကိုယ်ရေး profile တို့ မှာတော့ နာမည်ကို ၃လုံးစလုံး ဖြည့်လေ့၊ မိတ်ဆက်လေ့ရှိကြပါတယ်။
❗ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် formally ဆက်သွယ်ပြောဆိုတဲ့အခါမှာတော့ Фамилия ကို ထည့်ခေါ်စရာမလိုပါဘူး။
✅Имя နဲ့ Отчество ဆိုရပါပြီ။
🚫Имя နဲ့ Фамилия, Фамилия နဲ့ Отчество ဆိုပြီးအဆင်ပြေသလိုတွဲပြီး ခေါ်လို့လည်းမရပါဘူး။ အဲ့လိုခေါ်ကြရင် တချို့က စိတ်ပါဆိုးတတ်ကြပါတယ်။ အဲ့တော့ ပြောဆိုဆက်ဆံတဲ့အခါမှာ အထူးသတိပြုဖို့တော့ လိုပါတယ်။
👉ဒါပေမယ့် သူငယ်ချင်းအချင်းချင်း၊ သက်တူရွယ်တူအချင်ချင်းဆိုရင်တော့ informally နဲ့ ချစ်စနိုးလေးတွေ ခေါ်လေ့ရှိကြပါတယ်။ အဲ့ဒိ nickname လေးတွေအကြောင်းကိုတော့ နောက်ရက်တွေမှာ ပြောပြပေးသွားပါမယ်။
အာလုံးပဲ အဆင်ပြေကြပါစေရှင်....🍀
🌼
#Русскиеимена
#фамилия #имя #отчество
14/01/2022
Привет Всем! Hello Everyone!🌼
ဒီနေ့မှာတော့ ရုရှားရိုရာပုံပြင်လေးကိုဖတ်ပြီး စကားလုံးအသစ်လေးတွေသင်ယူကြရအောင်နော်
ပုံပြင်လေးရဲ့ နာမည်က "Курочка Ряба" 🐔
The Hen Riaba (Riaba ဆိုတဲ့ကြက်မလေးအကြောင်းပါ)
စာကြောင်းလေးတွေရဲ့ဘေးမှာ translation လေးလည်း ပါပါတယ်။ 👇
ဖတ်ကြည့်လိုက်ကြရအောင်နော်......🥰
Жили-были дед да баба!
Once there lived an old man and an old woman.
И была у них курочка ряба.
And they had a hen Riaba.
Снесла курочка яичко, The hen laid an egg,
- не простое Not an ordinary one,
- а золотое. but a golden one.
- Дед бил, бил.... The old man hit it and hit it.
- не разбил. but couldn't break it.
- Баба била, била...The old woman hit it and hit it....
- не разбила. But couldn't break it.
- Мышка бежала, A mouse ran past🐁
- хвостиком задела,. Waved its tail,..
- яичко упало The egg fell
- и разбилось. And broke.
- Дед плачет,. The old man is crying,
-баба плачет,. The old woman is crying.
- а курочка кудахчет: and the hen cockles.
- Не плачь, дед! Don't cry old man!
- не плачь, баба! Don't cry old woman!
- снесу вам яичко! I will lay you another egg.
- не золотое - простое! Not a golden one, but an ordinary one.
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ပုံပြင်လေးရဲ့အစမှာဖတ်လိုက်ရတဲ့ Жили - были ဆိုတာလေးကို ရုရှားရိုးရာပုံပြင်လေးတွေရဲ့ အစမှာ အမြဲလိုလိုတွေ့ရလေ့ရှိပါတယ်။
Жили ဆိုတာ жить (to live) ဆိုတဲ့ verb ရဲ့ past tense ပုံစံဖြစ်ပြီး
Были ဆိုတာကတော့ быть (to be/exist) ဆိုတဲ့ verb ရဲ့ past tense form ပါ။
✅Жили-были
ရုရှားရိုးရာပုံပြင်တွေရဲ့အစမှာ ၎င်းverbနှစ်ခုရဲ့ past tense form ကို တွဲပြီးသုံးထားပါတယ်။
ဒီပုံပြင်လေးက အတိတ်ကဖြစ်ခဲ့တာဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ပါ။ မြန်မာပုံပြင်တွေမှာ အစချီလေ့ရှိတဲ့ "ဟိုးရှေးရှေးတုန်းကပေါ့ကွယ်....."ဆိုတဲ့ ပုံစံမျိုးပေါ့...
✅Дед да баба.....
да ရဲ့ အဓိပ္ပာယ်ကတော့ Yes! ပါ။
ဥပမာ ...Ты дома? မင်းအိမ်မှာလား..
Да! ဟုတ်ပါတယ်။
ဒီပုံပြင်လေးမှာတော့ Дед да баба ဆိုပြီး да ကို "and"( နှင့် )ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးထားပါတယ်။
Дед да баба= The old man and the old woman
✅Снести
Нести (to carry) ဆိုတဲ့ verb ကို အရှေ့က prefix с- နဲ့တွဲပြီး снести ဆိုပြီး သုံးထားတာပါ။
Russian verb တွေရဲ့ ထူးခြားချက်အရ prefix ဆက်လိုက်ပြီဆိုတာနဲ့ အဓိပ္ပာယ်ကလဲ တမျိုးပြောင်းသွားတတ်ပါတယ်။
ဒီပုံပြင်လေးထဲမှာတော့....
Снесла курочка яичко..The hen laid an egg! (ကြက်မလေးက ကြက်ဥ ဥခဲ့ တယ်) ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ သုံးထားပါတယ်)။
ကဲ ဒါဆို စကားလုံး အသစ်လေးတွေလဲ မှတ်မိသွားအောင် ပုံပြင်လေးကိုနောက်တစ်ခေါက်ပြန်ပြီးဖတ်ကြည့်လိုက်ကြမယ်နောိ....
အာလုံးအဆင်ပြေကြပါစေလို့ ဆန္ဒပြုလျက်......
🌼
#русскаянароднаясказка
22/01/2021
Какие первые три слова вы нашли? 🤗
Первые три слова, которые вы увидите, покажут, что вас ждёт в этом году!😉
ဘယ် စကားလုံး၃လုံးကို အရင်ဆုံးရှာတွေ့ပါသလဲ
ပထမဦးဆုံး ရှာတွေ့မယ့် စကားလုံး ၃ လုံးက ဒီနှစ်မှာ သင့်ကို စောင့်ကြိုနေမယ့် အရာတွေပါ။😇
ရှာကြည့်လိုက်ကြရအောင်နော်😉
Я нашла...
1) Любовь 💜 : Love
2) Счастье ☺️ : happiness
3) Богатство 😍: wealth
🧑🏫
Click here to claim your Sponsored Listing.
Category
Website
Address
Yangon