Myanmar Magic Community - MMC

Myanmar Magic Community - MMC

Share

21/05/2020

😍 ကဲ ကျနော်တို့ Myanmar Magic Community မှ ပထမဆုံး ကျင်းပ တဲ့ "1st Magic Competition " မှာ ဖဲချပ်များ အသုံးပြု၍ ယှဉ်ပြိုင်ခြင်းခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံမှ လူငယ်မျက်လှည့်ဆရာ ၁၂ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင် video များအားလုံး ကြိုးစားထားသည်ကိုတွေ့ရှိရပီး ယခုလို ပါဝင်ခဲ့သည်ကို ကျွန်တော်တို့ MMC မှ အထူးပင် ဝမ်းသာဂုဏ်ယူမိပါသည်။
နောက်နောင်ကျင်းပမည့် ပြိုင်ပွဲများတွင် Prizepool များ ပိုမို တိုးမြင့်သွားမည်ဖြစ်ပီး ပိုမိုစိတ်လှုပ်ရှားစေမည်မှာ အာမခံသဖြင့် ယခု ယှဉ်ပြိုင်သူများသာမက ကျန်သော မျက်လှည့်ဆရာများအား ပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
ယခု ပြိုင်ပွဲတွင်
👍 1. ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်ပုံ
😯 2. ပြိုင်ပွဲဝင်ပြကွက်များ ချောမွတ်သေသပ်ပုံ နှင့်
😎 3. အပြင်အဆင် နေရာရွေးချယ်မှုနှင့် စိတ်ဝင်စားနိုင်ပုံ
တို့ကို အဓိက ထား၍ အကဲဖြတ်ခဲ့ပါသည်။
အမှတ်အများဆုံး ပြိုင်ပွဲဝင်နှစ်ယောက်မှာ ပြိုင်ပွဲဝင် Bro Yagami နှင့် ပြိုင်ပွဲဝင် Bro Toshiba တို့ ဖြစ်ပီး အမှတ် အနည်းငယ် ဆိုရုံမျှလေးသာ ကွာခြားခဲ့ပါသည်။ (အနည်းငယ်ဆိုရုံမျှသာ)
ရွေးချယ်ဆုံးဖြတ်ရာတွင် အမှန်တကယ်ပင် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပီး ကြေငြာရန်ပင် အနည်းငယ် နှောင့်နှေးခဲ့ရသည်အထိ ဖြစ်ခဲ့ပါသည်။
ကျန်ရှိသော ပြိုင်ပွဲဝင်များသည်လဲ အထူးကြိုးစားခဲ့သည်ဖြစ်သောကြောင့် ပြိုင်ပွဲဝင်အားလုံးအား လှိုက်လှဲစွာကျေးဇူးတင်ပါသည်။
အထက်ပါ Top two ပြိုင်ပွဲဝင်အနက် Winner ကတော့..........
Bro Yagami ဖြစ်ပါတယ်ခင်ဗျား ။ 👏👏👏
ပြိုင်ပွဲဝင် Yagami Congratulations ပါခင်ဗျာ။
ဆုအနေဖြင့်
* $60.Penguin Live Lectures
* ပထမဆုံး Page အတွက် ပြိုင်ပွဲဝင်၏ ပြိုင်ပွဲvideo upload record နှင့်အတူ
* နောက်ပြိုင်ပွဲ result မထွက်ခင်အထိ ယခု cover photo အား MMC Team မှ ဂုဏ်ယူစွာ ထားရှိထားပါမယ်ခင်ဗျာ။
ဆုမရသွားသော သူများလဲ အတွေ့အကြုံပေါ့ဗျာ။ နောက်ပြိုင်ပွဲတွေ မကြာမီ လာပါမယ်။
အားလုံးပထမဆုရဖို့နောက်ထပ်အခွင့်အရေးတွေရှိသေးလို့ လက်မလျှော့ကြပါနဲ့ဦးလို့ ပြောချင်ပါတယ်။
နောက်ပြိုင်ပွဲများတွင် ယခုထပ် ပိုကောင်းမွန်စေရန် အာမခံသဖြင့် နောက်ပြိုင်ပွဲများမှာလဲ ဝင်ပြိုင်ကြပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်ခင်ဗျာ ။

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon