Python Master_Race
29/03/2021
Show a donation receipt and get the Python Course for FREE!
Receipt ရယ် gmail ရယ် chatbox မှာပို့ထားပေးရင်း course ကို ဂုန်းဆင်းလိုက်ပါ။
22/01/2021
ဒါကျနော်တို့ Python Master_Race ရဲ့ Complete Python Course Learning Road Map ပါ။
ဒါ video lecture တွေပဲရှိပါသေးတယ်။
Exercises and projects guided video တွေ၊ library exploration video တွေကျန်ပါသေးတယ်။ အဲ့အပြင် လူကြီးမင်းတို့ကိုယ်တိုင် notes ထုတ်စရာမလိုအောင် internet archives တွေကနေလည်း Python Cheat sheet တွေစုဆောင်းပြီးထည့်ပေးဦးမှာပါ။
ဆိုတော့ တစ်ချိန် lecture တွေနဲ့ဝေးသွားရင်တောင် cheat sheet and notes တွေကို ဘက်ခနဲ ကြည့်လိုက်ရင် လေ့လာထားသမျှအကုန်ပြန်မှတ်မိ အောင်ပါ။
အဲ့အပြင်ကိုမှ Python Course တစ်ခုလုံးခြုံငုံထားပေးတဲ့ pdf ebooks တွေလည်းထည့်ပေးပါဦးမယ်။
ဆက်ပြီးလေ့လာလို့ရမဲ့ website တွေပါညွှန်းပေးဦးမှာ။
အခုမှ coding စမယ်ဆိုသူတွေ ဟိုသင်တန်းတက် ဒီသင်တန်းတက်မဖြစ်ရအောင် တတ်နိုင်သမျှ လုံလောက်နေအောင် course ထဲထည့်ထားပေးပါတယ်။
အဲ့အပြင်ကိုမှ course ကိုလိုအပ်တဲ့ complementary lesson video လေးတွေ ထွက်တိုင်း ပေါင်းထည့်ပေးနေဦးမှာပါ။
📒Jupyter notebook ဆိုတာ python developer တစ်ယောက်အတွက်တော့ မရှိမဖြစ်ပါပဲ။ ဒါဆို အဲ့တာဘာကြီးလဲ။?
#ဖတ်စရာအတိုအထွာ #၃
Jupyter notebook ဆိုတာကတော့ open source project တစ်ခုပေါ့နော်။ Free Free 😉...ကျနော်တို့အရင်ကဆို python code တွေ execute ချင်ရင် command တွေ ၊console တွေမှာ python mypy.py စသည်ဖြင့် run ရပါတယ်။
📑Jupyter notebook ရှိလာပြီးနောက်မှာတော့ python code အပိုင်းအစ တစ်ခုချင်းဆီကို real-time မှာ execute လုပ်လို့ရသွားပါတယ်။ ဆိုတော့ကာ error တွေတက်လာရင် ချက်ချင်းဖြေရှင်းလို့ရတယ်။
ကိုယ့်ရှေ့က code ကို တစ်ဆင့်ချင်းဆီ step by step တည်ဆောက်လို့ရတယ်။ ပြောရရင် အာရုံမနောက်ဘူးပေါ့ဗျာ။ ပြီးရင် ကိုယ့် code ကိုကိုယ် သေချာ မြင်ရတယ်။ အသွားအလာတွေ သတိထားလို့ရတယ်ပေါ့။
📚အဲ့ notebook ထဲပဲ matplotlib က plot တွေဆွဲ။
Camera access ယူတာကအစ၊ python library တွေသုံးပြီး local file system ကိုလည်း access ရပါတယ်။ python widget တွေ, sliders တွေ, buttons တွေလည်း notebook ထဲပဲ ဒဲ့သုံးလို့ရပါတယ်။
အဲ့အပြင် python virtual environment kernel တွေပါ လှမ်းယူလို့ရတဲ့အတွက် organised ဖြစ်တဲ့ python coder တွေ၊ ပရောဂျက်အကြီးကြီးလုပ်နေရတဲ့သူတွေအတွက်ဆို ရှယ်ပေါ့ဗျာ။
❗Data scientists တို့လက်ဆွဲလို့ပြောလို့တောင်ရပါတယ်။
သူကဘယ်လိုအလုပ်လုပ်လဲဆိုရင်၊ ကျနော်တို့ သာမာန် web browser (chrome, firefox, etc.) တွေမှာပဲ run ပြီး local python computing kernel တွေကို access လုပ်ပြီး code execute တာပါ။ brower မှာလုပ်တယ်ဆိုလို့ အက်တာနက်မလိုပါဘူး နော်၊ offline ပါ။ သူ့ interface က browser based ဖြစ်နေလို့သက်သက်ပါ။
GOOGLE COLAB ကလည်း ဒီ jupyter notebook based လုပ်ထားပေးတာပါပဲ။ machine learning, data science စတဲ့ အလုပ်တွေအတွက်ဆို မရှိမဖြစ်နီးပါးပါ။
Jupyter Notebook မသုံးဖူးသေးရင်၊ ပြောင်းလဲဖို့အချိန်တန်ပြီဖြစ်ကြောင်းပြောကြားရင်း....
Click here to claim your Sponsored Listing.
Contact the business
Website
Address
Insein
Yangon