VICTORYHealthCare

VICTORYHealthCare

Share

19/07/2021

Covid အ​ကြောင်းသိ​ကောင်းစရာ

🔴ဘယ်အချိန်မှာ Covid လို့ထင်မလဲ?

Covidရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
-အဖျားတက်ခြင်း ​
-နှာ​စေးချောင်းဆိုးခြင်း
-လည်​ချောင်းနာခြင်း
-ပင်ပန်းနွမ်းနွယ်ခြင်း(အဆစ်အမြစ်နှင့်ကြွက်သားများနာကျင်ကိုက်ခဲခြင်း) စတာတွေပဲဖြစ်ပါတယ်။

နောက်ထပ်အဖြစ်များတဲ့လက္ခဏာတွေအနေနဲ့
-အနံ့ အရသာ​ပျောက်ဆုံးခြင်း
-ဝမ်းပျက်ဝမ်း​​လျှောခြင်း
- ​ခေါင်းကိုက်ခြင်း
-မျက်စိနီရဲခြင်း
-အ​ရေပြားတွင် အနီကွက် အနီစက်များ​ပေါ်လာခြင်း​ စတာတွေကိုလည်းတွေ့ရတတ်ပါတယ်။

အဆိုးဆုံးလက္ခဏာတွေကတော့

-မောကြပ်ခြင်း
-အသက်ရှူရခက်ခဲခြင်း
-ရင်ဘတ်အောင့်ခြင်း စတာတွေပါပဲ။

​ကိုယ့်ကိုယ်ကိုယ် ဒီလိုcovid​ရောဂါလက္ခဏာတွေ စဖြစ်ပြီထင်တာနဲ့ စပြီးလက္ခဏာပြတဲ့ရက်ကို​သေသေချာချာမှတ်ထားပါ။ (ဒီရက်ကိုDay1 စဖြစ်တဲ့ရက်ဟုသတ်မှတ်နိုင်ပါတယ်။)


ဒီလိုရောဂါလက္ခဏာတွေစပြတဲ့ရက်ကနေစပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဖျားတိုင်းခြင်း၊ ​​oxygen တိုင်းခြင်း၊ နှလုံးခုန်နှုန်းနှင့်​သွေး​ပေါင်တိုင်းခြင်းစတာတွေကို အနည်းဆုံး တ​နေ့ ၂ ကြိမ်လောက်လုပ်သင့်ပါတယ်။ ကြားထဲမှာလည်း လိုအပ်ရင်လိုအပ်သလို၊ ဆရာဝန်ဆရာမတွေညွှန်ကြားသလို တိုင်းတာနိုင်ပါတယ်။

လူနာကို ဘယ်လိုစောင့်ကြည့်မှတ်သားရမလဲဆိုတာကို အောက်ကဇယားမှာ နမူနာပြထားပါတယ်။ (Crd Dr. NO)

⭕️အထူးသဖြင့် ​​ရောဂါအခံရှိသူတွေ ( ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ပန်းနာရင်ကြပ်​၊ ကင်ဆာ​ရောဂါ၊ ခုခံအားနည်း​နေသူများ) အနေနဲ့ ကိုယ့်ရောဂါ အလိုက် လိုအပ်တဲ့စစ်​ဆေးမှုတွေကို သက်ဆိုင်ရာဆရာဝန်တွေနဲ့ ဆက်သွယ်တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။ တိုင်ပင်ကုသမှုများပြုလုပ်ရာမှာလည်း မိမိရဲ့ရောဂါရာဇဝင်အပြည့်အစုံ နဲ့ ဆွဲ​သောက်​နေ​ရတဲ့ဆေးဝါးတွေကို ပြည့်စုံမှန်ကန်စွာ ​ပြောပြပြီးကုသမှုခံယူဖို့အရေးကြီးပါတယ်နော်❗️


အများစုမှာတော့ အပေါ်မှာဖော်ပြထားတဲ့ အဖြစ်များ​တဲ့လက္ခဏာတွေလောက်သာပြပြီးတော့ ပြန်လည်သက်သာသွားကြတာများပါတယ်။
ဒါပေမယ့် ဒီလက္ခဏာတွေအပြင် အသက်ရှူမောကြပ်ပြီး ​oxygen ကျတတ်တဲ့လူနာတွေကိုလည်း အခုချိန်မှာ အတော်များများတွေ့ရပါတယ်။
ဒီလို​မောကြပ်ပြီး oxygenရှူ​နေရ​တဲ့လူနာတွေအနေနဲ့တော့ စောင့်ကြည့်​ပေးဖို့လူနာရှင်တ​စ်​ယောက်အနည်းဆုံးရှိသင့်ပါတယ်။ လူနာကိုယ်တိုင်မလှုပ်နိုင် ​မော​နေတဲ့အချိန်မှာ လူနာစောင့်က ​​ဘေးကနေ oxygenတိုင်းကိရိယာနဲ့ လူနာရဲ့သွေးတွင်း oxygen ပမာဏကို လူနာအိပ်​ပျော်​နေစဉ်အချိန်မျိုးမှာပါ အမြဲတ​စေ​စောင့်ကြည့်​နေရပါမယ်နော်‼️

💪အရေးအကြီးဆုံးကတော့ ရောဂါဖြစ်ပြီဆိုပြီး စိတ်ညစ်မနေဘဲ ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝစွာစားပေးပါ​။ အိပ်ရေးဝဝအိပ်ပေးပါ။ အသက်ရှူလေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။ ကိုယ့်အခြေအနေကို အမြဲတစ်စေစောင့်ကြည့်နေပေးပါ။ တစ်ခုခုစိုးရိမ်စရာကောင်းပြီလို့ထင်တာနဲ့ နီးစပ်ရာဆရာဝန်၊ဆရာမနဲ့တိုင်ပင်ပြီးတော့ ကုသမှုကိုခံယူပါ​။ လူတိုင်းလူတိုင်း မှန်ကန်တဲ့ကျန်းမာရေးအသိ၊သတိတွေနဲ့ ဒီကပ်ရောဂါဆိုးကြီးကို အတူတူကျော်လွှားကြရအောင်ပါနော်!

Admin C&K

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00