Shortcut Learner

Shortcut Learner

Share

10/10/2025

Excel Shortcut မှတ်စု (၁)
=====================
ဒီတခါတော့ Excel မှာ လူသုံးနည်းတဲ့ Shortcut လေးတခုကို မျှဝေပေးချင်ပါတယ်။
Excel file ထဲဝင်လိုက်ပြီဆိုရင် စာလုံးအရွယ်အစား၊ သုံးတဲ့ဖောင့်ပြောင်းတာ၊ စာကြောင်းညှိတာ စတာတွေလုပ်လို့ရတဲ့ အပေါ်ဆုံးအတန်းက Home, Insert, Page Layout စတဲ့ Tab လေးတွေရှိတဲ့နေရာတတန်းလုံးကို Ribbon Bar လို့ခေါ်ပါတယ်။

အဲ့ဒီ Ribbon Bar လေးကို ဖော်လိုက်/ဖျောက်လိုက် လုပ်လို့ရတဲ့ Shortcut လေးပါ။ ထွေထွေထူးထူးတော့မဟုတ်ပေမယ့် အဲ့ဒါလေးဖျောက်လိုက်ရင် Excel Workbook ကို ပိုကျယ်ကျယ်နဲ့ရှင်းရှင်းကြည့်လို့ရသွားပါပြီ။ (ကွန်ပြူတာ Screen Size သေးတဲ့သူတွေနဲ့မျက်စိအားနည်းတဲ့သူတွေအတွက် တကယ်ကိုအသုံးဝင်ပါတယ်)

Ctrl + F1 ကို နှိပ်ပြီး သုံးရုံပါပဲ။

Ribbon Bar အကြောင်းသိချင်တယ်ဆိုရင် Comment မှာ ဆန္ဒပြုသွားလို့ရပါတယ်။ နောက်ရက်ကျ Ribbon Bar အကြောင်းပို့စ်တခုတင်ပေးသွားပါမယ်။
အခုလိုမျိုး လိုတိုရှင်း ရုံးလုပ်ငန်းအသုံးဝင် ကွန်ပျူတာ Shortcut လေးတွေကို စိတ်ဝင်စားရင် Shortcut Learner Page ကို စောင့်ကြည့်ပေးပါဦး။
ကျေးဇူးတင်ပါတယ်။

04/09/2025

Browser မှာပိတ်လိုက်မိတဲ့ Tab တွေအကုန်ပြန်ခေါ်နည်း
======================================

တကယ်လို့ ဒီနည်းလမ်းလေးကိုသိထားရင် Chrome Browser သုံးနေရင်း exit မှားနှိပ်မိလိုက်တဲ့အခါ ကိုယ်ဖွင့်ထားတဲ့ Tab တွေကို တခုချင်းပြန်ဖွင့်စရာမလိုတော့ပါဘူး။

Browser ရဲ့ အပေါ်ဘက်ထောင့်က အစက်လေး ၃ စက်ကိုနှိပ် >> History ပေါ်ကို Mouse Pointer တင်လိုက်ရင် >> ကိုယ်အရင်ဖွင့်သုံးထားတဲ့ဟာတွေကို Recent Tab ဆိုပြီး တန်းစီတွေ့ရမှာပါ >> Recent Tab အောက်ထဲက Tab တွေထဲ 5 Tab, 6 Tab အဲ့လိုတွေ့နေရတဲ့အထဲက ကိုယ်ပြန်ဖွင့်ချင်တဲ့ဟာကို Mouse Pointer တင်လိုက်ရင် Tab တခုထပ်ပေါ်လာပြီး အပေါ်ဆုံးမှာ Restore Tab ကို နှိပ်လိုက်ရင် ပိတ်လိုက်မိတဲ့ Tab တွေအကုန်ပြန်ပေါ်လာပါပြီ။

စမ်းကြည့်ကြပါကိုယ့်လူတို့ Let's go guys...

နောက်ထပ် Knowledge Sharing တွေတင်ပေးဦးမှာမို့ စောင့်ကြည့်ပေးကြပါဦး။ ။

26/08/2025

Laptop တွေ၊ Computer တွေ ပုံမှန်ပိတ်နေကျအတိုင်း Shutdown လုပ်ပြီး ပိတ်မရရင် ဘယ်လိုပိတ်ရမလဲ?
=========================================================================

ဒီပြဿနာက များသောအားဖြင့် Laptop တွေမှာ အဖြစ်များတတ်ကြပါတယ်။
ပြောရရင် စက်ပိတ်ချင်ပေမယ့် စက်ကပိတ်လို့မရတာမျိုးပါ...
အဲ့အခါကျ command သုံးပြီးပိတ်မှရပါတယ်။ သုံးလို့ရတဲ့ Command လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Windows Key + R တွဲနှိပ်လိုက်ရင် Command Box ကျလာမှာပါ။ Command Box ထဲမှာ အောက်ကပေးထားတဲ့ Command တွေရိုက်ပြီး ပိတ်လို့ရပါတယ်။

Windows Key +R >> Command Box >> shutdown /s /f /t 0

shutdown /s /f /t 0 → ချက်ချင်း Shuts down လုပ်မှာဖြစ်ပြီး ဒါပေမယ့် သုံးလက်စ Software တွေကိုတော့ သေချာပိတ်ပေးပါလိမ့်မယ်။

Windows Key +R >> Command Box >> shutdown /p

shutdown /p → ချက်ချင်း Shuts down လုပ်မှာဖြစ်ပြီး သုံးလက်စ Software တွေကိုလည်း မ Save ဘဲ အကုန်ပိတ်ပစ်လိုက်မှာဖြစ်လို့ ဒီ Command ကိုမသုံးခင် သုံးလက်စ Software တွေကို အရင်ပိတ်ရမှာပါ ( ဒီ Command ကိုတော့ လိုအပ်မှ သုံးဖို့ အကြံပေးချင်ပါတယ် )

ဒီနေ့တော့ ဒီလေက်ပါပဲ... အခုလို ကွန်ပျူတာဗဟုသုတလေးတွေ စိတ်ဝင်စားရင် Shortcut Learner Page လေးကို Like & Follow လုပ်ထားပြီး စောင့်ကြည့်လို့ရပါတယ်နော်။

ကျေးဇူးတင်ပါတယ်။ ။

13/04/2025

အလုပ်လုပ်ခါနီးမှ Excel, Word တို့ သုံးမရဖြစ်ဖူးလား?
===============================

အရေးတကြီးလုပ်စရာရှိချိန်ကျမှ Microsoft Activation Fail ဖြစ်လို့ Word တို့ Excel တို့သုံးမရဖြစ်တာမျိုး ကွန်ပြူတာသုံးသူအနည်းနဲ့အများကြုံဖူးကြမယ်ထင်ပါတယ်။
ဖြစ်တဲ့အချိန်က ညမိုးချုပ်မှဆိုရင်ပိုဆိုးပါတယ် အရေးပေါ်ဆိုင်လည်းပြေးမရနဲ့ တော်တော်တိုင်ပတ်ပါတယ်။
အဲ့ဒီပြဿနာအတွက် အရေးပေါ်ဖြေရှင်းနည်းအမျိုးမျိူးရှိနိုင်ပေမယ့် အလွယ်ကူဆုံးနည်းလမ်း ၂ မျိုးကို မျှဝေပေးလိုက်ပါတယ်။

၁။ WPS Office Software နှင့် အစားထိုးအသုံးပြုနည်း

ဒီနည်းက အင်တာနက်မရှိလည်းသုံးလို့ရပါတယ်။ WPS Office Software ကိုဒေါင်းပြီး ဝင်သုံးရုံပါပဲ။ Excel နဲ့ Google Sheet ကွဲပြားသလို မသိမသာလေးကွဲပြားပေမယ့် နည်းနည်းမှတ်လိုက်ရင်ရပါပြီ။
သုံးတာကတော့ WPS Software ထဲဝင် Edit လုပ်ချင်တဲ့ဖိုင်ကိုဖွင့်ပြီးသုံး ပြီးရင် Save လိုက်ရုံပါပဲ။
ကိုယ်ပြင်ထားတဲ့ဖိုင်ကို WPS Office က Excel, Word, PDF, Photo ကြိုက်တဲ့ဟာကို Convert လုပ်လို့လည်းရပါတယ်။

၂။ Google မှတဆင့်အစားထိုးအသုံးပြုနည်း

ဒီနည်းကတော့ အင်တာနက်လိုပါတယ်။ ကိုပြင်ချင်တဲ့ဖိုင်က Excel ဆိုရင် Google Sheet Word ဆိုရင် Google Dos နဲ့အစားထိုးသုံးပြီး ပြင်ပြီးတဲ့ဖိုင်ကို ကိုယ့်ကွန်ပြူတာထဲပြန်ဒေါင်းလုပ်ဆွဲရင်ရပါပြီ။

Google Sheet, Goolge Dos အသုံးပြုနည်းစိတ်ဝင်စားရင် OK လို့မန့်ပေးပါ သီးသန့်ပို့စ်တင်ပေးပါ့မယ်။

အခုလို ကွန်ပြူတာစပ်ဆက်အကြောင်းအရာတွေစိတ်ဝင်စားရင် Shortcut Learner Page ကိုဝင်ကြည့်ဖို့မမေ့ပါနဲ့။

04/10/2024

ကိုယ့်ရဲ့ Chrome Browser မှာ ပိတ်လိုက်မိတဲ့ Tab တွေပြန်ဖွင့်နည်း 😊

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon