AGAPE - The Infinity Pharmacy
08/09/2022
AGAPE ဆေးဆိုင်တွင်USA supplements များကိုတိုက်ရိုက်ဝယ်ယူရောင်းချပေးနေပါသည်
ရန်ကုန်မြို့တွင်း COD ဖြင့်လဲ ပို့ဆောင်ပေးနေပါတယ်ရှင့်🙂🙂
13/02/2022
AGAPE ဆေးဆိုင်ကို လှိုင်မြို့နယ် ၁၆ရပ်ကွက်,အမှတ်(၆၁)နေရာတွင်ပြောင်းလဲ ဖွင့်လှစ်ထားပြီး ရန်ကုန်မြို့အတွင်း Cash on deli အနေနဲ့လဲ ဆက်လက် ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်😍😍
အားလုံးပဲ မဂ်လာပါ💁😊
အခုလို ဒေါ်လာဈေးတွေ
တခြားကုန်ပစ္စည်းဈေးနှုန်းတွေ
ဆေးတွေ အပါအဝင်
% တွေနဲ့ တဟုန်ထိုး တက်လာကြတဲ့ အချိန်မှာ
မင်မင်တို့ AGAPE မှ
ဆေးတွေကို မူရင်းပုံမှန် ဈေးနှုန်း အတိုင်း ရောင်းချပေးသွားမှာ ဖြစ်တဲ့ အကြောင်း သတင်းကောင်းလေးပါးပါရစေ...🥰💯
🌟ရည်ရွယ်ချက်လေးကတော့...
"ဆေးတွေကို
အမှန်တကယ်လိုအပ်နေသူတွေ အတွက်
မင်မင်တို့ တတ်နိုင်တဲ့ဘက်က
ကူညီတဲ့ ကုသိုလ်ယူတဲ့ သဘောအနေနဲ့ပါပဲ "
🌟အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြည့်စုံကြပါစေရှင့် 🙏
🌟အားပေးကြတဲ့ မိဘပြည်သူ တစ်ဦးချငိးဆီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🥰🙏
☘️အောက်က Video လေးကတော့
လူကြီး လူငယ်တိုင်း အတွက်
မရှိမဖြစ်လိုအပိတဲ့ သက်စောင့်ဓါတ်တွေပါဝင်တဲ့
VitaCap အားဆေးလေး
အကြောင်းပါ ☘️
Credit ပါ
Face Shield လေးတွေက ရောဂါကာကွယ်ဖို့အပြင် တခြားနေရာတွေမှာလည်း အရမ်းအသုံးဝင်ပုံလေးပါ..
😍😍
🥽အဓိက ကတော့..
စက်ရုံ အလုပ်ရုံတွေမှာ မျက်စိနဲ့ နှာခေါင်းအတွက် အန္တရာယ်ရှိနိုင်တာတွေကနေ ကာကွယ်ဖို့အတွက်
အသုံးပြုကြပါတယ်.. 😍😍
🥽အိမ်မှာ ဆီပူနဲ့ကြော်ရ လှော်ရတဲ့ သူတွေလည်း သုံးလို့ရတယ်နော်
(ဒါကတော့ မင်မင် စ တာနော် 😂)
Video လေးကို Credit ပေးပါတယ်နော် ..😊
07/09/2021
ကြိုတင်ပြင်ဆင်လို့ရအောင်
တစ်ကိုယ်စာ အရေးပေါ်အိတ်အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ
အသိပညာပေးထားတာကို
ပြန်လည်မျှဝေပေးထားတာပါ ..
🥰🙏🥰
ဒီကာလအတွင်း ..
🛑ကလေးတွေ အတွက် emergency ဆေး သေတ္တာလေးတခု ဆောငိထားစေချင်တယ် ။
ကိုယ်လည်း ဆောင်ထားတယ် ။
အသင့်တင့်ထည့်နိုင်တဲ့ ပလပ်စတစ်ဘူး တစ်ဘူးထဲမှာ ထည့်ဖို့ဆေးတွေက
🛑၁ ။ ညအချိန်မတော် ဖျားနာခဲ့ ရင် တိုက်ဖို့
📌paracetamol 250 mg/ml အရည် တဘူး
paracetamol 100mg/ml အရည် (တနှစ်အောက်ကလေးများအတွက် )
📌Biogesic အခဲ တကဒ် ဆောင်ထားပါ ။
ဆေးကို 15 mg/kg နဲ့တိုက်ပါ ။ရေပါတ်တိုက်လို့ရပါတယ် ။
🛑၂။ ည အချိန်မတော် အန်ခဲ့ရင် တိုက်ဖို့
📌Domperidome syrup အရည် 5mg/5ml ပါတာ
-Domperidome တစ်ကဒ် ဆောင်ပါ
-Pharolit ဓါတ်ဆားထုတ် ( ၅ ) ထုတ် ထည့်ထားပါ
အန်ခဲ့ရင် 0.3 mg/kg တိုက်ပါ ။
ဥပမာ - 10 kg ကလေးဆိုရင် 3mg / 3 ml တိုက်ပါ ။
Ps - အအန်ပျောက်ဆေးတိုက်ပြီး နာရီဝက်ထိ ဘာဆေး ဘာအစာ အရည်မတိုက်ရ
📌ဓါတ်ဆားကို ဖျော်
Pharolit ဆို ရေ ၂၀၀ စီစီဖျော်ပါ ။
BPI ဓါတ်ဆား ရေတလီတာဖျော်ပါ ။
နည်းနည်း ခနခန ဝင်အောင်တိုက်ပါ ။
🛑၃။ ည အချိန်မတော် ဗိုက်အောင့် ဗိုက်နာ ခဲ့ရင်
📌colimix တစ်ဘူး (၁နှစ် အထက်)
-colicaid တစ်ဘူး ( တနှစ်အောက်ကလေးရှိသူ )
-kremil -S (၁) ကဒ်
colicaid ရှိလျှင်
6 လ အောက် ၅ စက်မှ ၁၀ စက်
၆ လအထက် ၁၀ စက်မှ ၁၅ စက်
colimix ရှိလျှင်
၆ လအထက် ၂.၅ ml
တနှစ် အထက် ၅ ml
ကလေးကြီးများ ရုတ်တရက် ဗိုက်နာခဲ့သော်
Kremil -S တလုံး တိုက်ပါ ။
ဆေးများကို အစာမစားခင် ၁၅ မိနစ် ကြိုတိုက်ပါ
တနေ့ (၄) ကြိမ်ထက်ပိုမတိုက်ရ ။
🛑၄ ။ ညအချိန်မတော် ဝမ်းလျှောခဲ့သော် တိုက်ရန်
-BPI ဓါတ်ဆား (၂) ထုတ်
-pharolit ( အပေါ်က ပါပြီးသားမို့ ထပ်မထည့်ပါနဲ့ )
-zinc syrup တစ်ဘူး
-Bioflor ( 5 ) ထုတ် ထည့်ထားပါ ။
ဓါတ်ဆားကို ဖျော်
Pharolit ဆို ရေ ၂၀၀ စီစီဖျော်ပါ ။
- BPI ဓါတ်ဆား ရေတလီတာဖျော်ပါ ။
- ဝမ်းသွားသလောက် ၅၀-၁၀၀ စီစီ တိုက်ပါ။
📌zinc syrup
၁ နှစ်အောက် 2.5 ml မနက် ၁ ည ၁
၁ နှစ်အထက် ၅ ml မနက် ၁ ည ၁
Bioflor တစ်ထုတ် ဖျော်တိုက်ပါ။
🛑နှာစီး ၊ ချောင်းဆိုးခဲ့သော် တိုက်ရန်
- baby cough သို့ flemex kid , သို့ attusin တစ်ဘူး ဆောင်ရန်
- Cetrizine တစ်ဘူး
- cetrizine တစ်ကဒ်
- Chlopheniramine syrup ( ၂ နှစ်အောက် ကလေးရှိပါက ) ဘူးထဲထည့်ထားပါ ။
တနှစ်အောက် ချောင်းဆိုးပျောက်ဆေး baby cough ကို
2.5 ml တနေ့ ၃ ကြိမ်
တနှစ် အထက် တခြားချောင်းဆိုးအရည် ၅ ml တနေ့ ၃ ကြိမ် တိုက်ပါ
နှာစီး ပါက
✅chlopheniramine syrup (၂ နှစ် အောက် )
-၁ နှစ် အောက် ၂.၅ ml မနက် ၁ ည၁
-၁ နှစ် အထက် ၅ ml မနက် ၁ ည၁
✅cetrizine (၀.3mg/kg ) တိုက်ရန်
၂ နှစ် အထက် 2.5 ml မနက် ၁ ည ၁
5 နှစ် အထက် ၅ ml မနက် ၁ ည၁
ကလေးကြီး တလုံး တိုက်ရပါတယ် ။
✅ပန်းနာသမား ကလေးများအတွက်
Ventolin အပြာဘူးဆောင်ထားပါ။
ရင်ကြပ် ၆ ချက် ရှူပါ။ မိနစ် ၂၀ ခြားထပ်ထပ်ရှူပါ။
ဒီလိုကလေး pulse oxymeter ခေါ် သွေးတွင်းoxygen စက်ဆောင်ထားပါ ။
🛑ည အင်ပြင်ထ ဓါတ်မတည့်တာ ဖြစ်ရင်
- calamine တစ်ဘူး ပုံးထဲထည့်ထားပါ
နှာစီး ဖို့သောက်တဲ့ cetrizine ကို အဲ့ဒီ ပြထားတဲ့ ပမာဏ အတိုင်းတိုက်ပါ ။
🛑 emergency ပုံးထဲတွင် ထပ်ထည့်ရန်
ထိခိုက်မိပါက သုံးရန်
- ပလပ်စတာ
- Betadine အရည် (၁)
- ပါတ်တီး (၁)
- bioplacenta တစ်ဘူး
- အရက်ပြန် (၁)
ထိခိုက်မိပါက ရေဆေးပြီး ဘီတာဒင်းလိမ်း အပေါ်မှာ bioplacenta လိမ်းပါ ။
မီးလောင် ဒါဏ်ရာပါ လိမ်းလို့ရပါတယ် ။
နောက်ထပ် ထည့်ရမှာက
အဖျားတိုင်းတဲ့ စက်
ကတ်ကြေးအသေး
🛑အရေးပေါ် Emergency ဘူးသာ ဖြစ်ပြီး
မသက်သာပါက ဆေးရုံ၊ ဆေးခန်းပြရန်ပါ ။
Crd to
ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
**ကလေးတွေ အတွက် သာမက
လူကြီးတွေ အတွက်လည်း ဒီကာလမှာ အရမ်းကို အသုံးဝင်ပါတယ်နောိ
👋👋 အနည်းဆုံးတော့
ဖျားတာ ၊ ပျို့အန်တာ ၊
ဝမ်းလျှော့တာ၊ ထိခိုက်ဒဏ်ရာရတာသွေးထွက်တာ အစရှိသဖြင့် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားတဲ့ အရည်ဓါတ်တွေ ပြန်လည်ဖြည့်တင်းဖို့
ဆေးရုံ၊ဆေးခန်း မရောက်ခင်
သွားဖို့ပြင်နေတဲ့ အချိန်မှာ
သောက်လို့ ရအောင် BPI ဓါတ်ဆားကို အိမ်တိုင်းဆောင်ထားသင့်ပါတယ်နော်..
Let us be your Pharmacy,
AGAPE - The Infinity Pharmacy.
Be Safe All. 🥰🙏🥰
06/09/2021
⚠️မျိုးဗီဇပြောင်း Covid-19 ဗိုင်းရပ်စ် Mu အမျိုးအစား ဂျပန်တွင် တွေ့ရှိ
🦠🧬🦠🧬🦠🧬🦠🧬🦠🧬🦠
⚠️ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ သတိထား စောင့်ကြည့်ရမယ့် စာရင်းမှာပါဝင်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Mu အမျိုးအစားကူးစက်မှု ဂျပန်တွင် ပထမဦးဆုံး အတည်ပြုခဲ့ပါတယ်။
⚠️လေဆိပ် ၂ ခုက ရောဂါပိုးစစ်ဆေးရေးဌာနတွေမှာ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ် ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ ခရီးသွား ၂ ဦးဟာ မျိုးဗီဇပြောင်း Mu အမျိုးအစား ကူးစက်ခံရတာဖြစ်ကြောင်း တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
⚠️🦠ဒီအမျိုးအစားဟာ တောင်အမေရိကနဲ့ ဥရောပတွေမှာ တွေ့နေရပါတယ်။
⚠️WHO က အဲဒီ Mu အမျိုးအစားကို သတိထားစောင့်ကြည့်ရမယ့် ဗိုင်းရပ်စ်စာရင်းမှာ တနင်္လာနေ့က ထည့်သွင်းခဲ့ပါတယ်။
⚠️ဂျပန် ကျန်းမာရေးဝန်ကြီးဌာနဟာ အစောပိုင်းတုန်းက စုဆောင်းထားတဲ့ ဗိုင်းရပ်စ်နမူနာတွေရဲ့ မျိုးရိုးဗီဇ တည်ဆောက်ပုံတွေကို လေ့လာခဲ့ပါတယ်။
⚠️ဇွန်လ နှောင်းပိုင်းတုန်းက အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကနေ နာရီတာလေဆိပ်ကို ရောက်လာတဲ့ အသက် ၄၀ တန်း အမျိုးသမီးတစ်ဦးနဲ့ ဇူလိုင်လ အစောပိုင်းတုန်းက ဗြိတိန်ကနေ ဟာနဲဒလေဆိပ်ကို ရောက်လာခဲ့တဲ့ အသက် ၅၀ တန်း အမျိုးသမီးတစ်ဦးတို့မှာ အဲဒီ Mu အမျိုးအစား ကူးစက်ခံထားရတာကို သူတို့က တွေ့ရှိခဲ့ကြပါတယ်။
⚠️ဂျပန်နိုင်ငံ ကူးစက်ရောဂါဆိုင်ရာ သုတေသနဌာန ညွှန်ကြားရေးမှူးချုပ် Wakita Takaji က အချက်အလက်တွေ စုဆောင်းသွားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ မျိုးဗီဇပြောင်း အမျိုးအစားတွေ အမျိုးမျိုး အတည်ပြုထားပေမဲ့ တခြားအမျိုးအစားတွေထက် ကူးစက်လွယ်တဲ့ အမျိုးအစားတစ်မျိုးအပေါ် အာရုံစိုက်သင့်တယ်လို့ သူက ဆိုပါတယ်။
⚠️🦠Mu အမျိုးအစားဟာ ကာကွယ်ဆေးတွေရဲ့ ခုခံစွမ်းအားကို ရှောင်တိမ်းနိုင်ခြေရှိတယ်လို့ WHO က ဆိုပါတယ်။ ဒီ မျိုးဗီဇပြောင်း အမျိုးအစားသစ်ကို ကိုလံဘီယာနိုင်ငံမှာ ဇန်နဝါရီလက ပထမဦးဆုံး ဖော်ထုတ်နိုင်ခဲ့တယ်လို့ WHO က ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာ အနည်းဆုံး ၃၉ နိုင်ငံမှာ အတည်ပြုခဲ့ပါတယ်။
Ref ; NHK World
🇯🇵 WeNews Japanese
https://www.facebook.com/WeNews-Japanese-105217244456683/
Hello , Obimin မေမေတို့ရေ…🥰🥰
ကိုယ်၀န်ဆောင်မိခင်တွေမှာ
သံဓာတ်နဲ့ ဖော်လစ်အက်စစ်ဓာတ်
ပြည့်ဝနေမယ်ဆိုရင်
ကိုယ်၀န်ပျက်ကျခြင်း၊
ကလေးအသေမွေးခြင်းတို့ကို ဟန့်တားစေနိုင်တဲ့အပြင်
သန္ဓေသားရဲ့အာရုံကြော အဖွဲ့အစည်းကို ကောင်းစွာဖွံ့ဖြိုးစေပြီး မွေးရာပါနှလုံးရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
**အိုဘီမင်မှာ ကိုယ်၀န်ဆောင်မိခင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်များစွာအပြင် သံဓာတ်နဲ့ ဖောလစ်အက်စစ်ဓာတ် ကြွယ်၀စွာပါ၀င်လို့ မေမေတို့အတွက် အသင့်တော်ဆုံးပါပဲရှင်..။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11031