Smile Kitty
14/07/2020
သစ်ကြံပိုးခေါက်မှုန့်အကြောင်း သိကောင်းစရာ
သစ်ကြံပိုးခေါက်မှုန့်ကို အသက်ရှူလမ်းကြောင်းနဲ့ အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ပေါင်းရာနဲ့ချီပြီး အသုံးပြုလာကြပါတယ်။
သစ်ကြံပိုုးခေါက်မှုန့်ဟာ လူကြိုက်အများဆုံး ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို latte ကော်ဖီတွေပေါ်မှာဖြူးတယ်။ မုန့်တွေမှာထည့်တယ်။ ဟင်းတွေချက်ရင်လည်း ဟင်းခတ် အမွှေးအကြိုင်အဖြစ် ထည့်ချက်ကြတယ်။ သူမပါရင် ဟင်းတွေဟာလည်း အရသာတစ်မျိုးလိုနေမှာပါပဲ။
အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အမြဲစိမ်းအပင်တစ်ပင်ရဲ့သစ်ခေါက်ကနေထုတ်လုပ်တဲ့ သစ်ကြံပိုးခေါက်မှုန့်ကို အသက်ရှူလမ်းကြောင်းနဲ့ အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ပေါင်းရာနဲ့ချီပြီး အသုံးပြုလာကြပါတယ်။ ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာဆိုရင် သူတို့ရဲ့လူသေအလောင်းကို မမ်မီကျပ်ထုတ်စည်းတဲ့ရိုးရာဓလေ့မှာ သစ်ကြံံပိုးခေါက်မှုန့်ကို ရေမွှေးတစ်မျိုးသဖွယ် ထည့်သွင်းအသုံးချခဲ့ကြသလို ရောမတွေကလည်း သူတို့ရဲ့ဈာပနအခမ်းအနားတွေမှာ သစ်ကြံပိုးခေါက်မှုန့်တွေထည့်ပြီး လူသေမီးလောင်လို့ထွက်တဲ့ညှော်နံ့ကို ဖုံးအုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
သစ်ကြံပိုးခေါက်မှုန့် (၂) မျိုး
အခြေခံအားဖြင့် သစ်ကြံပိုးခေါက်မှုန့် (၂) မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ ceylon ဖြစ်ပြီး သီရိလင်္ကာနိုင်ငံမှာ အများဆုံး ပေါက်ရောက်ပါတယ်။ ဒုတိယတစ်ခုဖြစ်တဲ့ cassia ကတော့ တရုပ်နဲ့ အင်ဒိုနီးရှားမှာ အပေါက်များပါတယ်။ Cassia ကတော့ ceylon ထက် အနံ့ကော၊ အရသာပါ ပိုပြင်းတဲ့အပြင် ဈေးလည်းပိုသက်သာလို့ စတိုးဆိုင်တွေမှာ စားစရာတွေကိုဖြူးဖို့အတွက် ကျွန်တော်တို့ ဝယ်ယူကြပါတယ်။ ဒါပေမယ့် ဈေးပိုကြီးတဲ့ ceylon သစ်ကြံပိုးခေါက်မှုန့်ကတော့ အရသာခပ်ပျော့ပျော့လေးနဲ့ ကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါတယ်။
ဆီးချိုရောဂါနဲ့ ကိုလက်စထရော
သစ်ကြံံပိုးခေါက်မှုန့်ဟာ သွေးတွင်းသကြားဓာတ်တွေကို ထိန်းချုပ်နိုင်တဲ့အတွက် ဆီးချိုရောဂါသည်တွေအတွက် သင့်တော်တယ်လို့ သက်သေတွေကဆိုထားပါတယ်။ သိပ္ပံနည်းကျစမ်းသပ် စစ်ဆေးမှုတွေမှာလည်း သစ်ကြံပိုးခေါက်မှုန့်ဟာ အင်ဆူလင်တုံ့ပြန်မှုနဲ့ ဂလူးကို့စ်ပို့ဆောင်မှုတို့ကို ထောက်ကူပေးနိုင်တာတွေ့ရှိရပြီး ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။ ဒါတင်မကသေးပါဘူး။ ဓမ္မတာလာပြီးကာစ အမျိုးသမီးတွေမှာ နာကျင်မှုဝေဒနာသက်သာအောင်လည်း သစ်ကြံပိုးခေါက်မှုန့်က ကူညီပေးနိုင်ပါတယ်။
လူ (၁၈) ဦးပါဝင်တဲ့ Type 2 ဆီးချိုရောဂါလေ့လာမှုတစ်ခုမှာလည်း သွေးတွင်းဂလူးကို့စ်ပမာဏကို လျှော့ချဖို့အတွက် အစားအသောက် ရှောင်တာတစ်ခုတည်းထက် cassia သစ်ကြံပိုးခေါက်မှုန့်နဲ့သာ တွဲစားရင် ပိုမိုထိရောက်မှုရှိကြောင်း ဖော်ပြထားပါတယ်။ ခြုံကြည့်လိုက်မယ်ဆိုရင် လေ့လာမှုတွေက ညွှန်ပြနေတာက သစ်ကြံပိုးခေါက်မှုန့်ဟာ ဆီးချိုရောဂါနဲ့ ကိုလက်စထရောကျဆင်းခြင်းအတွက် အထောက်အကူပြုနေနိုင်တယ် ဆိုတာပါပဲ။
ဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တဲ့ရောဂါတွေ
သစ်ကြံပိုးခေါက်မှုန့်ထဲမှာပါတဲ့ antioxidant ဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ တခြားဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တဲ့ ရောဂါတွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှုန့်ရဲ့ ချိုမြတဲ့အနံ့၊ အရသာကိုဖြစ်စေတဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်တဲ့ cinnamaldehyde နဲ့ ဘလူးဘယ်ရီသီး၊ ဝိုင်နီ၊ ချောကလက်တွေထဲမှာပါ အမြောက်အများတွေ့ရတဲ့ epocatechin တို့ဟာ ဦးနှောက်ကိုဒဏ်ဖြစ်စေတဲ့ ရောဂါတွေရဲ့အစဖြစ်တဲ့ အောက်ဆီဂျင်ဓာတ်ပြုရာက စိတ်ဖိစီးခြင်းကို အကာအကွယ်ပေးနိုင်ပုံ ပေါ်ပါတယ်။
နောက်ထပ် သိပ္ပံနည်းကျလေ့လာမှုတစ်ခုကလည်း ceylon သစ်ကြံပိုးခေါက်မှုန့်မှာလည်း အလားတူသက်ရောက်မှုတွေ ရှိနေပါတယ်တဲ့။ ဒါပေမယ့် အခုရလဒ်တွေဟာ ဓာတ်ခွဲခန်းထဲမှာပဲ တွေ့ရှိနိုင်ပါသေးတယ်။ သစ်ကြံပိုးခေါက်မှုန့်ဟာ အညစ်အကြေးတွေကို စွန့်ထုတ်ပေးပြီး ဆဲလ်တွေကို ကျန်းမာအောင်ထိန်းထားခြင်းဖြင့် ခန္ဓာကိုယ်ကို ဆဲလ်တစ်လုံးချင်းစီအထိ အကာအကွယ်ပေးနိုင်တဲ့ပုံပေါ်ပါတယ်။
HIV ရောဂါပိုး
သစ်ကြံပိုးခေါက်မှုန့်နဲ့ တခြားအိန္ဒိယရိုးရာဆေးပင်တွေကို HIV ရောဂါပိုးကို တိုက်ဖျက်ရာမှာလည်း စမ်းသပ်ခဲ့ကြပါသေးတယ်။ လေ့လာမှုတစ်ခုမှာဆိုရင် လက်ဖက်စိမ်းရေနွေးကြမ်း၊ elderberry သီးနဲ့ သစ်ကြံပိုးခေါက်မှုန့် extract အရည်တို့မှာ တချို့ဆဲလ်တွေရှိရာကိုု HIV ရောဂါပိုးဝင်ရောက်မလာအောင်နဲ့ ကူးစက်ခြင်းမရှိအောင် တားမြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
သူ့ရဲ့လုပ်ဆောင်မှုက အစောပိုင်း HIV ကုသဆေးတစ်မျိုးဖြစ်တဲ့ AZT ရဲ့လုပ်ဆောင်မှုနဲ့ ဆင်တူပါတယ်လို့ တောင်အရီဇိုးနား တက္ကသိုလ်က ကူးစက်ရောဂါနဲ့ဆိုင်တဲ့ အာဟာရဗေဒပညာရှင် Wright က ဆိုပါတယ်။ ဒါပေမယ့် တိုင်းရင်းဆေးကိုပဲ မှီခိုမနေသင့်ဘဲ သိပ္ပံနည်းကျဆေးဝါးကုသမှုခံယူတာက ပိုကောင်းပါတယ်လို့လည်း အကြံပြုသွားပါတယ်။
ကင်ဆာရောဂါတိုက်ဖျက်နိုင်
သစ်ကြံပိုးခေါက်မှုန့်နဲ့ ပတ်သက်တဲ့ သုတေသနတွေက ဒီမှာတင်ရပ်မသွားသေးပါဘူး။ Ceylon သစ်ကြံပိုးခေါက်မှုန့်ဟာဆိုရင် ရှဉ့်တွေမှာစမ်းသပ်ပြုလုပ်ခဲ့တဲ့ ဓာတ်ခွဲခန်းသုတေသနမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တာ တွေ့ရှိရပါတယ်။ ဒါတင်မကသေးပါဘူး။ ကပ်ပါးပိုးမွှားတိုက်ဖျက်နိုင်ခြင်း၊ သွေးတိုးကျစေခြင်းနဲ့ ဒဏ်ရာမြန်မြန်ပျောက်ကင်းစေခြင်း အစရှိတဲ့အချက်တွေနဲ့လည်း ဆက်နွယ်နေပါသေးတယ်။ နောက်ပြီး လေ့လာမှုအများအပြားက ဖော်ပြနေတာက သစ်ကြံပိုးခေါက်ဆီက တုပ်ပြားကောင်၊ သံကောင်တို့ကို ကပ်ပါးကောင်တွေ၊ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်တယ်လို့ သိရပါတယ်။
13/07/2020
Snail Wish နဲ့ New Skin 100% တူတူပါပဲနော်
ပထမဦးဆုံး စစမ်းသုံးချင်
သူတွေအတွက် New Skin အထုတ်သေးလေးကို လုပ်ပေးထားတာပါ
ဘာလို့လိမ်းသင့်လဲ
-Skin ရဲ့ အတွင်းပိုင်းထဲထိ
24hours ရေဓာတ်အစိုဓာတ်ကို ဖြည့်ထိန်းပေးလို့ အသားအရေပျက်စီးမယ့် အချိန်ကို မရှိဘူး
ဘာလို့
မျက်နှာအသားအရေ ခြောက်နေပီဆို
ယူတို့ သတိသာကြီးကြီးထားတော့😳😳
အသားအရေ ပျက်စီးတော့မှာ
အရေး အကြောင်းတွေ တင်းတိတ်မှဲ့ခြောက် တွေထွက်လာတော့မှာ
အရှင်းဆုံးနဲ့အတိုဆုံး ပြောရရင်
- ရေဓာတ်ဖြည့်ပီးတင်းရင်းတဲ့အသားအရေကိုရစေမယ်
- ဆဲလ်သေတွေကိုဖယ်ရှားပီးအားပြည့်တဲ့
ဆဲလ်တွေကိုပြန်ဖြည့်ပေးတဲ့ ဓာတ်တွေပါတယ်
- အစွမ်းထက် Antioxidants တွေက မျက်နှာအသားအရေ အိုမင်းရင့်ရော်မှု့ကို မဖြစ်စေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးလိမ့်မယ်
မှာယူချင်ပီး အသေးစိတ်သိချင်ရင်
cb မှာ ဆက်သွယ်ပါ
13/07/2020
ကိုယ်ရှာနေတာ ဒါမျိူးလေး 🐌🐌🐌
Snail Wish & New Skin
Whitening Cream 🐌🐌
တစ်ခါတလေကျလေ ဟိုနားသည်နား
သွားတာလောက်နဲ့ မိတ်ကပ်ကြီး
မလိမ်းချင်ဘူးလေ.....
အဲ့တော့ New Skin 🐌🐌
လေးလိမ်းတယ်
အပေါ်က Cream Puff လေး
ရိုက်တယ်.....
နှုတ်ခမ်းနီလေးဆိုးတယ်
လုံးဝ Perfect ပဲ 💯💯
လိမ်းလိုက်ရင်ပြာပြာကြီးမနေဘူး ✔✔
ကြည်ကြည်တင်းတင်းလေးဖြစ်နေတာ အားသာချက် ✔✔
မျက်နှာပေါ်အစက်လေးတွေချ
အသာလေးဆွဲလိုက်ယုံပဲ
လုံးဝမကွက် မပြာလို့ အရမ်းကြိုက်တယ် 😍😍
မျက်နှာပေါ်က အမဲစက် တင်းတိပ် နေလောင်ကွက် မှဲ့ခြောက်တွေကို သိသိသာသာ ဖယ်ရှားပေးပြီး Whitening ပါလို့ အသားအရေကို ပိုမိုဖြူဝင်းစေမှာပါ ✔✔✔
New Skin တစ်ထုပ် = 3500
Snail Wish တစ်ဘူး = 29500
ဘူးမသုံးချင်သေးဘူး အထုပ်လေး
စမ်းသုံးမယ်ဆိုသူများက
New Skin အထုပ်လေး
အရင်ဝယ်သုံးကြည့်ပါ.....
FDAရပြီးသားမို့ လူတိုင်းကြိုက်လိမ့်မယ်လို့ လုံးဝပြောရဲ
လောက်အောင်ကောင်းတာ ဒါကြောင့်
သုံးကြည့်ဖို့ လက်မတွန့်ပါနဲ့နော် 😍😍😍
မှာယူလိုပါက cb သို့မဟုတ်
09791769561
Crd
10/07/2020
ကြိုက်တဲ့လူကကြိုက်နေကြပီ ခုထိတွေဝေနေတုန်းပဲလား ??
စျေးကြီးတဲ့မိတ်ကပ်တွေပဲ ဝယ်နေတော့မှာလား??
ဘယ်လောက် မိတ်ကပ် ကောင်းကောင်း skin ကောင်းမှ အဆင်ပြေတာ ဒါကြောင့် Skin Care လုပ်ဖို့ကလည်း အရေးကြီးတယ်နော်
Super essence လေးဖစ်တဲ့အတွက် မျက်နှာကို အမဲစက်တွေ ဝက်ခြံတွေကနေ အထိရောက်ဆုံးသက်သာစေပြီး Glow စေမှာနော်
လက်လီလက်ကား ဝယ်ယူနိုင်ပါတယ်ရှင့်
09791769561
မဂ်လာပါ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Thunandar Street
Yangon