HTY Information
07/09/2022
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ တစ်ခုတည်းသောလွတ်လပ်စွာ သွားခွင့်ရနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံကို စက်တင်ဘာလ ၄ ရက်နေ့က ရောက်ရှိခဲ့ပြီး အရှေ့ဖျားစီးပွါးရေးဖိုရမ် (EEF) ကိုတက်ရောက်ခဲ့ကာ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာတော့ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတွေ့ဆုံမှု၏ ဆွေးနွေးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
(စက်တင်ဘာလ ၇ ရက်)
#စစ်ခေါင်းဆောင်
#ဗလာဒီမာပူတင်
06/09/2022
ကုန်ဈေးနှုန်းမြင့်တက်မှုတွေအတွက် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့လိုက်ပီဖြစ်တယ်လို့ဆိုသော်လည်း မည်သည့်ဈေးနှုန်းမျှမကျ
HTY Information (စက်တင်ဘာလ ၆ ရက်)
ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး တာဝန်ခံ ဇော်မင်းထွန်းက ဆိုပါတယ်။
အဆိုပါ ထောက်ပံ့ငွေတွေကို အဓိကလိုအပ်တဲ့ စက်သုံးဆီ နဲ့ စားသုံးဆီ ကဏ္ဍတွေအပြင် လိုအပ်နေတဲ့ လုပ်ငန်းတွေကို ထောက်ပံ့ခဲ့တာလို့ ၎င်းကဆိုထားသော်လည်း မည်သိုမည်ပုံ ထောက်ပံ့လိုက်သည်မသိတာကြောင့် မည်သည့်ဈေးနှုန်းမျှသိသိသာသာကျဆင်းလာတာ မတွေ့ရတဲ့အပြင် ရန်ကုန်စက်သုံးဆီဈေးမှာတင် ၂,၅၀၀ ဝန်းကျင် ရှိနေတာတွေ့ရပါတယ်။
သို့သော် စစ်ကောင်စီရဲ့ပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းကတော့ ကုန်ဈေးနှုန်းမြင့်တက်နေတာ သက်သာစေဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ဗဟိုဘဏ်ကတစ်ဆင့် အဓိကလိုအပ်လုပ်ငန်းတွေကို ထောက်ပံ့ပေးခဲ့ပြီး ဝယ်ယူတင်သွင်းသူတွေအနေနဲ့ ထိုက်သင့်တဲ့အမြတ်ကိုသာယူပြီး ပြန်လည်းရောင်းချရမှာဖြစ်တယ်လို့တော့ ဆိုထားပါသည်။
#စစ်ကောင်စီ
#ဒေါ်လာသန်း၂၀၀ပလုံ
ပရဟိတအမည်ခံ အလှူငွေဝင်ရောက်ကောက်ခံပြီး ဆိုင်အတွင်းမှ ပိုက်ဆံအိတ်ခိုးယူမှုဖြစ်ပွား
HTY Information (စက်တင်ဘာလ ၆ ရက်)
ပိတောက်မြိုင်ပရဟိတဂေဟာဟုခေါ်ဆိုသော အမည်ခံပရဟိတအဖွဲ့အစည်းတစ်ခုဟာ ယမန်နေ့ နေလည် (၁:၅၀) ဝန်းကျင်အချိန်ခန့်က ဈေးဆိုင်တစ်ခုအတွင်း အလှူငွေဝင်ရောက်ကောက်ခံပြီး ဆိုင်တွင်းရှိ ပိုက်ဆံအိတ်ခိုးယူသွားကြောင်း CCTV မှတ်တမ်းနဲ့ ဆိုင်တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။
"မနေ့က ၅ ရက်နေ့ဆိုတော့ ဆိုင်မှာဝန်ထမ်းတွေလစာထုတ်ရက်ပေါ့ အဲ့ဒါ နေ့လည်လောက် ပိတောက်မြိုင်ပရဟိတဂေဟာကပါ အလှူငွေလေးထည့်ပေးပါဦးဆိုပြီး အင်္ကျီအဖြူနဲ့ ယောက်ျား (၂)ရောက်ဝင်လာတယ် ဆိုင်ကလည်း အလုပ်တွေရှုပ်နေတဲ့ကြားက ပရဟိတဂေဟာဆိုတော့ အလှူငွေထည့်ပေးတယ်ပေါ့နော် နောက်ပြီး ကို့ဆိုင်ကိုလာတာဆိုတော့ ထိုင်ခုံတောင် သေချာလိုက်ချပေးနေတာ အဲ့အချိန် ဆိုင်ကပိုက်ဆံအိတ်ကို ခိုးသွားတယ်။ အဓိက က ပိုက်ဆံအိတ်ပြန်ရဖို့ထက် အခုလိုပရဟိတအဖွဲ့အစည်းခေါင်းစဉ်တက်ပြီး အခုလိုလုပ်တာတော့မကောင်းဖူးပေါ့ ဒါကြောင့် ပြည်သူတွေ သတိထားရအောင်လို့ပါ" ဟုတာဝန်ရှိသူကဆိုပါတယ်။
ယခုကာလ နိုင်ငံရေးနဲ့ရောထွေးပြီး အကျင့်ပျက်ချစားမှုတွေနဲ့ မသမာသူတွေဟာ ပုံစံမျိုးစုံနဲ့ လိမ်လည် လုယက် ခိုးယူမှုတွေပုံစံမျိုးစုံနဲ့ရှိနေခဲ့တဲ့အပြင် ဥပဒေစိုးမိုးမှုမရှိ ဖမ်းဆီးအရေးယူမှုတွေ မရှိတော့တာကြောင့် သွားလာနေထိုင် သတိရှိစေဖို့ တိုက်တွန်းလိုက်ရပါသည်။
#ပိတောက်မြိုင်ပရဟိတဂေဟာအမည်ခံ
#ပိုက်ဆံအိတ်ခိုးယူမှု
27/08/2022
ကန်ဒေါ်လာ ၁ သန်းကျော် သုံးစွဲထားပြီး နိုင်ငံအနှံ Drone ဖြင့်တိုက်ခိုက်မှုရာနဲ့ချီပြုလုပ်ပြီးကြောင်း Federal Wings ထုတ်ပြန်
HTY Information (ဩဂုတ်လ ၂၇ ရက်)
Drone Project နှင့် Sniper Project တွေအားလုံးအတွက် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ကုန်ကျခဲ့ပြီ ဖြစ်တယ်လို့ Federal Wings က ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါပြင် ဒရုန်းတပ်ဖွဲ့တွေ နိုင်ငံအနှံ့ဖြန့်ကျက်ထားပြီးဖြစ်သလို တိုက်ခိုက်မှု အကြိမ်ရေ ရာနဲ့ချီပြီး ပြုလုပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။
နောက်ပိုင်း စစ်ဆင်ရေးတွေဆက် လုပ်ဆောင်ဖို့အတွက် ဒရုန်းတပ်ဖွဲ့တွေ ထိုက်သင့်သလောက် အင်အားရှိသော် လည်း နေ့စဥ် ဗုံးကြဲချနိုင်ဖို့ ငွေကြေး အကူအညီ လိုအပ်နေတယ်လို့ Federal Wings က ဆိုထားပါတယ်။
#ဓာတ်ပုံ_FederalWings
Click here to claim your Sponsored Listing.
Category
Contact the business
Address
Yangon
14/03/2024