Kyi Thar
30/01/2025
လူရွေးပေါင်းတယ်ဆိုတာ
*င်ခေါင်းကျယ် တာမဟုတ်ဘူးဗျ
ခင်ဗျားပေါင်းတဲ့သူတွေရဲ့
အတွေးအခေါ်တွေက ကူးစက်မြန်တယ်
ဝတ်တဲ့ fashion
ပြောတဲ့စကားလုံးကစလို့
တန်ဖိုးထားတဲ့အရာတွေကအစ
အကုန်ကူးစက်နိုင်တာမို့
အလာကားနေ လောကကြီးက
ငါ့ကိုတစ်ခုခုပေးမှာ
ငါသာမှန်တယ်
တလောကလုံးမှားတာ
ငါထမလုပ်သေးလို့
လုပ်ရင် ထိပ်ဆုံးရောက်မှာ
တစ်ခုခုရလာမှ (အမွေ)
တစ်ခုခုစမယ်လို့ဆုံးဖြတ်ထားတဲ့သူတွေ
ကိုယ့်အနားမှာရှိနေပြီဆိုရင်
ဟိုး...... အဝေးကြီးပြေးတော့
အဲ့လို ဘူတွင်းနက်နေတဲ့သူတွေနဲ့
ဘယ်နည်းနဲ့မှ ရှေ့ဆက်လို့မရဘူး
တကယ်ဖြစ်ချင်တဲ့သူ
ပြောင်းလဲချင်တဲ့သူ
ရုန်းထွက်ချင်တဲ့သူတွေက
လေမကျယ်ဘူး အာမချောင်ဘူး
အသံမထွက်ဘူး ကိုယ်လုပ်စရာရှိတာကိုပဲလုပ်တယ်
လိုတာထက်ပိုမပြောဘူး
ရှိတာထက် ပိုမကြွားဘူး
ရတာထက်ပိုမသုံးဘူး
ကိုယ်တိုင်က ဘူတဲ့သူဖြစ်နေရင်
အဲ့ ၃ ခုကိုသာအရင်ပြင်လိုက်
လောကကြီးကို အသစ်မြင်သွားလိမ့်မယ်
ကိုယ်နားမှာရှိတဲ့သူတွေက
အဲ့လိုလူတွေလားဆိုတာကို ကြည့်တတ်ဖို့
လူကြောနပ်ဖို့ ( လူကဲခတ်တတ်ဖို့ ) လိုတယ်
လူကြောမနပ်ရင်ဘူတောထဲက
ထွက်မှာမဟုတ်ဘူးမိတ်ဆွေ🙏
#မူရင်းရေးသားသူအားလေးစားစွာဖြင့်creditပေးပါသည်
စာပေလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် Page လေးကို Like & Follow နိုပ်ပေးသွားကြပါဦး နော်🙏🙏🙏
အားလုံးဘဲရွှင်လန်း ချမ်းမြေ့ကြပါစေ။
19/01/2025
ကိုယ့်အတွက်မဟုတ်ရင်
မသိမသာလေးတောင်မကြည့်နဲ့...။
ပိတ်ထားတဲ့တံခါးတွေကိုလည်း
လက်အနာခံပြီးမခေါက်နဲ့....။
စိတ်လည်းမဝင်စားနဲ့...။
မချိုတဲ့မျက်နှာတွေကိုမပြုံးပြနဲ့
မလိုတဲ့တံခါးရှေ့လည်းမရပ်နဲ့
လူတချို့ပြတ်တယ်ဆိုတာထက်
ပိုပြတ်နိုင်တဲ့လုပ်ရပ်မျိုးကို
ပိုလုပ်နိုင်တဲ့သူဖြစ်ရင်
ပိုကောင်းတယ်...။
စိတ်တိုင်းမကျရင်
စိတ်အမောမခံနဲ့
သဘောမကျရင်မရောနဲ့....။
အပေါစားဆန်စရာ
ဘာအကြောင်းမှမရှိဘူး..။
အေးအေးလေးပဲနေ..
ရိုးရိုးရှင်းရှင်းလေးပဲစိတ်ကိုထား
မာနထားတတ်အောင်လည်းကြိုးစား..။
တစ်ခါတစ်ရံမှာ..
မာနထားလိုက်ခြင်းက
ကိုယ့်အတွက်..
အဆိုးတွေကိုဖယ်ရှားပေးပါတယ်။
#အသိပညာ #ဗဟုသုတ #စာပေ #အလွမ်း #အဆွေး #ခံစားချက်
15/01/2025
ဒီပုံထဲကလူကြီးကို ကျေးဇူးတင်တယ်ဗျာ
သွေးတိုးတာ ၁၆၀ ဆိုရင်မခံနိုင်တော့ဘူးလည်ပင်းတွေအစ်ထလာပြီးစုံးဖမ်းသလိုနတ်မမ်းသလိုလိုနဲ့ ဂေါင်းတွေကိုက် မျက်စိတွေမှုန်ဝါးလာပြီး ခေိထောက်တေလက်တေ လေးလံထိုင်းမှိုင်းလာပြီး လေငန်းဖြတ်ဖို့ချည်လုပ်နေတယ်
အရင် ၂ ခါလဲ လေငန်းဖြတ်ဖို့လုပ်လို ဆေးရုံ ပြေးရသေးတယ်
သူပြောတဲ့အတိုင်းလုပ်ထား
အခု သွေးမတိုးတော့ဘူး သူပြောတာတော့ ၃ ရက် ဆက်တိုက် မနက်တကြိမ် နေ့လယ်တကြိမ် ညတကြိမ် ၃ ရက် ဆက်သောက်ရင် အနဲဆုံး ၆လ လောက်ကတော့ အေးဆေးပဲတဲ့ စားချင်တာစားလို့ရတယ်ဆိုပဲ
ကျနော်ကတော့အခုမှသောက်ထာဆိုတော့ သွေးတိုးကျတာပဲသ်ိသေးတယ်
ဓါတ်ပြောင်းတာဖြစ်မယ်
ဘဲဥတလုံး သံပုရာသီတလုံးအရည်အကုန်နဲ့ ဖျော်
အမယ်နည်းရှိသဗျ
သံပုရာသီးကို တချမ်းခွဲ ဖန်ခွက်ထဲအရင်ထည့် အစေ့တွေဆယ်ပစ်လိုက်
ဘဲဥ ကို ခွဲထည့်လိုက် အဲဒါကို နာနာခေါက်ဖျော်လိုက်ဗျာ
သောက်တော့မယ်ဆိုရင် ရေအဆင်သင့်ယူထား
အသက်ကို ဝအောင်ရှူပြီအောင့်ထားလိုက် ချိုက်ခနဲနေအောင်သောက်ချလိုက် အသက်မရှူနဲ့အုံးနော် သောက်ပီး ပလုပ်ကျင်းလိုက် ပီးမှအသက်ရှူ အနဲငယ်လောက်ပဲညှီနံ့ရပါတယ်
ဘဲဥဘာအရသာမှမရှိဘူး နဲနဲချင်တာပဲရှိတယ်
တနေ့့၃ ချိန်ပေါ့နော် ၃ ရက်ဆက်သောက်ထာ သွေးတိုး ပြေးတော့တာပဲဗျို့
အဲ သံပုရာသီးပါတဲ့အတွက် ဖျားနေသူများမတည့်သေးပါ အဖျားပြတ်တော့ဆက်သောက်ပေါ့ အကိုက်အခဲပျော်ဆေးတွေနဲ့တော့ နီးနီးစပ်စပ်မသောက်ထာကောင်းတယ်
သွေးတိုးသမားတွေသောက်ကြစမ်းပါလို့
တိုက်တွန်းလိုက်ရပါတယ်
ဖတ်မိတဲ့သူများ ရှယ်ပေးပါရန် မေတ္တာ ရပ်ခံပါတယ်ခင်ဗျား
ဒီလူကြီးပဲကျေးဇူးတင်နေတော့တယ်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon