Master Excel
⭐ Excel Online Free Class Day-4 ⭐
၅ မိနစ် ကျော်ကြည့်ပေးပါ
Recording ဖမ်းပြီး ၅ မိနစ်မှ အတန်းစထားလို့ပါ
ကြိုက်နှစ်သက်တယ် ဆိုရင်တော့ Like & Share လေး လုပ်ပေးပါ
ကြည့်ပြိးလို့ ကြိုက်နှစ်သက်တယ် ဆိုရင်တော့ Like လေးပေးသွားပေးကြပါ ခင်ဗျ
Formulas
LEFT
RIGHT
MID
LEN
FIND
ဒီနေ့တော့ ကျွန်တော် VBA အကြောင်းလေးနည်းနည်း ရှင်းပြချင်ပါတယ်
"VBA (Visual Basic Application)"
VBA ဆိုတာက Excel မှာ Built-in ပါတဲ့ Programming Language တစ်ခုပါပဲ။ Visual Basic Application ဆိုတဲ့ နာမည်အတိုင်း Excel ကို application တစ်ခုလို ဖန်တီးပြီး အသုံးပြုလို့ရပါတယ်။ Excel ကို ကျွန်တာ်တို့က Macro လို့ခေါ်တဲ့ Coding တွေ ရေးပြီး ကိုယ်လိုချင်တဲ့ပုံစံအတိုင်း Excel Limitation ကိုကျော်လွန်ပြီးတော့ ခိုင်းလို့ရပါတယ်။ Survey Form, Template, Staff Recording, Tools, etc. စတဲ့ အရာတွေကို Excel window ကြီး မပေါ်လာစေဘဲနဲ့ Application တစ်ခုလို မျိုးအသုံးပြုလို့ရပါတယ်။ ကိုယ်လိုချင်တဲ့ Report ကို Button လေး Click တစ်ချက်နှိပ်ယုံနဲ့ အလုပ်အားလုံးပြီးမြောက်အောင်လုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒီလိုမျိုးအရာတွေကို ဖန်တီးနိုင်ဖို့အတွက် စိတ်ရှည်ပြီး လေ့လာချင်စိတ် ရှိဖို့တော့လိုပါတယ်။ ဘာလို့လဲဆိုတော့ coding ရေးတဲ့အခါမှာ . လေးတစ်ခု " လေးတစ်ခု မှားသွားရင်တောင် error တက်လို့ပါ။ တစ်ခါတလေဆို ဘာကြောင့် error တက်မှန်းတောင်မသိဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ပြီဆို error ရှာဖို့ စိတ်ရှည်ဖို့လိုပါတယ်။ error တက်မှာကိုလည်း မကြောက်ပါနဲ့ error တွေတက်လို့ တစ်ခုပြီးတစ်ခုဖြေရှင်းရင်းနဲ့ ဒီလို error တွေဘာကြောင့် ဖြစ်တာလဲဆိုတာ သိလာပါများလာရင် နောက်ပိုင်း coding ရေးတဲ့အခါ အဲ့ဒီ error တွေကို ရှောင်ပြီးရေးတတ်သွားပါတယ်။ ဒါကြောင့် Coding ရေးတဲ့အခါ error တက်မှ မကြောက်ပါနဲ့ ရအောင်ဖြေရှင်းပါ။
ကဲ စာလည်း အရမ်းရှည်သွားရင် မဖတ်ချင်ကြမှာစိုးလို့ ဒီလောက်နဲ့ ရပ်လိုက်ပါမယ် ကျန်တာ ကျွန်တော်တို့အတူတူ တဖြည်းဖြည်း လက်တွေ့ လုပ်ကြည့်သွားရအောင်👊💪
စာအဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် 😍
Shine
Click here to claim your Sponsored Listing.
Category
Website
Address
Yangon