Trading With MZ

Trading With MZ

Share

02/02/2026

2026 အကုန်မှာ ကမ္ဘာ့ရွှေစျေး $6000 ကျော်မယ်လို့ JPMorgan က ဟောကိန်းထုတ်
——————————————————————————
February 2 ၊ 2026

ဗဟိုဘဏ်တွေ နဲ့ စျေးကွက်ရဲ့ ဝယ်လိုအားကြောင့် 2026 ခုနှစ်အကုန်မှာ ကမ္ဘာ့ရွှေစျေးဟာ တစ်အောင်စ $6,300 အထိ ရောက်ရှိသွားနိုင်ကြောင်း JPMorgan ကုမ္မဏီကြီးက ခန့်မှန်းလိုက်ပါတယ်။ ရွှေရဲ့ ရေရှည် အတက်စျေးဟာ လက်ရှိမှာတော့ ပုံစံကောင်းတွေ ရရှိနေဆဲဖြစ်တယ်လို့လဲ JPMorgan ကပြောပါတယ်။

ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်တွေအနေနဲ့ 2025 ခုနှစ် စတုတ္ထလေးလပတ် မှာ ရွှေတန်ချိန်ပေါင်း 230 ဝယ်ယူခဲ့ပြီး၊ 2025 ခုနှစ်တစ်ခုလုံးမှာ ရွှေတန်ချိန်စုစုပေါင်း 863 တန် ဝယ်ယူခဲ့ကြောင်းသိရပါတယ်။ 2026 ခုနှစ်အတွက်တော့ ရွှေတန်ချိန်စုစုပေါင်း 800 လောက် ထပ်မံဝယ်ယူသွားဖို့ ရှိတယ်လို့လဲ JPMorgan ရဲ့ ခန့်မှန်းချက်ထဲမှာ ပါဝင်ပါတယ်။

စီးပွါးရေး မတည်ငြိမ်မှုတွေ နဲ့ နိုင်ငံရေးပြဿနာတွေကြောင့် ရွှေဟာ ရင်းနှီးမြှုပ်နှံသူတွေအကြိုက်ဖြစ်ခဲ့ပြီး၊ အွန်လိုင်း assets အနေနဲ့ရော Physical Gold အနေနဲ့ပါ ဝယ်ယူစုဆောင်းသူတွေ များပြားနေတာကို မြင်တွေ့ခဲ့ရပါတယ်။

သုတေသီတွေရဲ့ အဆိုအရ ရွှေဝယ်လိုအားဟာ သမိုင်းတစ်လျှောက် အမြင့်မားဆုံး အခြေအနေမှာရှိနေခဲ့လို့ စျေးကွက်ကို ဒီထပ်ပိုပြီး အကြပ်အတည်း ဆိုက်စေနိုင်မယ်လို့လဲ ခန့်မှန်းနေကြပါတယ်။

တစ်ခြားသော တန်ဖိုးကြီး သတ္ထုတစ်ခုဖြစ်တဲ့ ငွေရဲ့ တန်ဖိုးဟာလဲ အတက်အကျ မြန်ဆန်နေပြီးတော့၊ ဗဟိုဘဏ်တွေရဲ့ အထောက်အပံ့သာ မရှိဘူးဆိုရင် ငွေစျေးကွက်ဟာ အထိန်းအကွပ်မဲ့သလို ဖြစ်သွားနိုင်မဲ့ အန္တရာယ်ရှိနေကြောင်းကိုလဲ သုတေသီတွေက ဟောကိန်းထုတ်သွားခဲ့ပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

20/01/2026

ပိုက်ဆံက အရာရာမဟုတ်ပေမဲ့ အရာရာတိုင်းအတွက် ပိုက်ဆံလိုပါတယ်။ ပိုက်ဆံဆိုတာ မင်းကို "လွတ်လပ်ခွင့်" ပေးရုံတင်မကဘူး၊ ဘဝရဲ့ အခက်အခဲတွေ၊ မုန်တိုင်းတွေကြားမှာ မင်းကို ကာကွယ်ပေးမယ့် "ဒိုင်းလွှတ်" လည်း ဖြစ်ပါတယ်။

မင်းတို့က "ပိုက်ဆံဆိုတာ အပြင်ပန်းပစ္စည်းပါကွာ၊ စိတ်ချမ်းသာဖို့က အဓိကပါ" လို့ ပြောနေသလား။ အဲဒါ ဗိုက်ဝနေတဲ့အချိန်မှာ ပြောရတာ သိပ်လွယ်တာပေါ့။ ဗိုက်ဆာလာတဲ့အခါ၊ မိဘနေမကောင်းလို့ ဆေးရုံတင်ရတဲ့အခါ၊ အိမ်လခမပေးနိုင်လို့ အိမ်ကဆင်းပေးရတဲ့အခါကျရင်တော့ အဲဒီ "စိတ်ချမ်းသာမှု" ဆိုတာ ဘယ်ရောက်သွားလဲ ရှာကြည့်လိုက်ဦး။

"မင်းက စစ်မြေပြင်ထဲ ရောက်နေတဲ့ စစ်သားတစ်ယောက်ပဲ ဆိုပါစို့။ ပိုက်ဆံဆိုတာ မင်းကို ကာကွယ်ပေးထားတဲ့ 'ဗုံးခိုကျင်း' နဲ့ တူတယ်။ ဗုံးတွေ ဝိုင်းကြဲနေတဲ့အချိန်မှာ 'ဗုံးခိုကျင်းက အဓိကမဟုတ်ပါဘူး၊ ငါ့ရဲ့ စိတ်ဓာတ်ကသာ အဓိကပါ' လို့ ပြောနေရင် မင်းကတော့ အလောင်းတောင် ရှာရမှာ မဟုတ်ဘူး။ ပိုက်ဆံရှိမှ မင်းရဲ့ သိက္ခာကို ကာကွယ်နိုင်မှာ၊ မင်းရဲ့ မိသားစုကို စောင့်ရှောက်နိုင်မှာ"။

တကယ်တမ်းက ပိုက်ဆံဆိုတာ "ရွေးချယ်ခွင့်" ပဲ။ ပိုက်ဆံရှိတဲ့သူက အလုပ်ထွက်ချင်ရင် ထွက်လို့ရတယ်၊ ခရီးသွားချင်ရင် သွားလို့ရတယ်၊ ဆေးကုချင်ရင် အကောင်းဆုံးနေရာမှာ ကုလို့ရတယ်။

ပိုက်ဆံမရှိတဲ့သူမှာတော့ "ရွေးချယ်ခွင့်" မရှိဘူး။ "ရတာနဲ့ တင်းတိမ်" ရတယ်။ သူများခိုင်းတာ လုပ်ရမယ်၊ သူများကျွေးတာ စားရမယ်၊ သူများပေးတဲ့ မျက်နှာငယ်မှုကို ခံရမယ်။ မင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို သေချာမကိုင်တွယ်တာဟာ မင်းရဲ့ "လွတ်လပ်ခွင့်" ကို သူများလက်ထဲ အပ်ထားတာနဲ့ အတူတူပဲ။

လောကမှာ အခက်အခဲဆိုတာ ခွင့်တောင်းပြီး လာတာမဟုတ်ဘူး။ ကားပျက်မယ်၊ အလုပ်ပြုတ်မယ်၊ ရောဂါရမယ်။ အဲဒီအချိန်မှာ ပိုက်ဆံရှိရင် အဲဒီဒုက္ခကို အမြန်ဆုံး ဖြေရှင်းလို့ရတယ်။

ပိုက်ဆံမရှိရင်တော့ အဲဒီဒုက္ခက မင်းကို တရွတ်တိုက် ဆွဲခေါ်သွားလိမ့်မယ်။ ပိုက်ဆံက ပြဿနာအားလုံးကို မဖြေရှင်းနိုင်ပေမဲ့၊ ပြဿနာတော်တော်များများကိုတော့ "ငွေနဲ့ ပေါက်" ပြီး ရှင်းပစ်လို့ ရတာ အမှန်တရားပဲ။

ပိုက်ဆံမရှိတဲ့အခါ လူတွေက မင်းကို နှိမ်မယ်၊ မင်းရဲ့ စကားကို နားမထောင်ဘူး၊ မင်းကို အထင်သေးမယ်။ အဲဒါကို "လောကကြီးက ရက်စက်လိုက်တာ" လို့ သွားမပြောနဲ့။ အဲဒါ လောကရဲ့ သဘာဝပဲ။

မင်းမှာ စီးပွားဥစ္စာ ခိုင်မာနေရင် ဘယ်သူမှ မင်းကို လာပြီး အလကား မစော်ကားရဲဘူး။ ပိုက်ဆံဆိုတာ မင်းရဲ့ "သိက္ခာ" ကို အပြင်ကနေ ရံထားပေးတဲ့ တံတိုင်းကြီးပဲ။

ဒါ့ကြောင့် ရှာနိုင်တုန်းမှာ ကြိုးစားရှာပါ။ ပျင်းနေရမယ့် အချိန်မဟုတ်တော့ဘူး ။ပီးရင် ရသမျှ အကုန်မသုံးနဲ့၊ "အရေးပေါ်ရန်ပုံငွေ" အမြဲထားပါ။ အဲဒါ မင်းရဲ့ အသက်ကယ်အင်္ကျီပဲ။ နောက်ဆုံးအနေနဲ့ကတော့ ပိုက်ဆံကို တန်ဖိုးထားပါ။ မင်းက တန်ဖိုးထားမှ၊ ပိုက်ဆံကလည်း မင်းဆီမှာ မြဲမှာ။

ပိုက်ဆံကို ဘုရားသခင်လို ကိုးကွယ်စရာ မလိုပါဘူး။ ဒါပေမဲ့ မင်းဘဝရဲ့ "ဒိုင်းလွှတ်" အဖြစ်တော့ သေချာပေါက် တည်ဆောက်ထားဖို့ လိုပါတယ်။

ပိုက်ဆံရှိရင် ဒုက္ခက မင်းကို လာပုတ်ခတ်ရုံပဲ ရှိမယ်။ ပိုက်ဆံမရှိရင်တော့ ဒုက္ခက မင်းကို "ဝါးမျို" သွားပါလိမ့်မယ် မိတ်ဆွေ။

13/01/2026

အီရန်ပြဿနာ နဲ့ အတူ Fed ရဲ့ အကြပ်အတည်းတွေကြောင့် ကမ္ဘာ့ရွှေစျေး စံချိန်တင် မြင့်တက်လျှက်ရှိနေ
——————————————————————————
January 13 ၊ 2026

ယနေ့ ကမ္ဘာကြီးမှာ အီရန်ပြဿနာ နဲ့ အတူ Federal Reserve အပေါ်မှာ နိုင်ငံရေးဖိအားတွေ ပိုမိုများပြားလာတယ်ဆိုတဲ့ အချက်တွေကြောင့် ယနေ့မနက်ခင်းစျေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရွှေစျေးဟာ စမိုင်းတစ်လျှောက်အမြင့်ဆုံးစျေးတန်းနားမှာ ရှိနေတာကို တွေ့ရပါတယ်။

အီရန်နိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပြင်းထန်လာတာကြောင့် နိုင်ငံနှင့်အဝှမ်း မငြိမ်မသက်ဖြစ်နေပြီး စျေးကွက်ကိုလဲ ကြီးမားစွာသက်ရောက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။

အမေရိကန်ကလဲ အခြေအနေတွေ ပိုမိုဆိုးရွားလာပါက အီရန်အစိုးရကို ဝင်ရောက်တိုက်ခိုက်မယ်လို့ သတိပေးထားတဲ့အတွက် Safe-haven assets ဖြစ်တဲ့ ရွှေကို စျေးကွက်အတွင်း ပိုမို ဝယ်ယူလာကြပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာလဲ နိုင်ငံရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ကာ Fed ဥက္ကဌ Powell ကို ဦးတည်တိုက်ခိုက်မှုတွေပြုလုပ်လာခဲ့ကြတာဟာလဲ ရွှေစျေးမြင့်တက်လာခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာကို တွေ့ရပါတယ်။

လွှတ်တော်အတွင်း Powell ရဲ့ လျှောက်လဲချက်ကို ကြားနာလို့ အပြီးမှာတော့ Federal Reserve ရဲ့ အမှီအခိုကင်းလွတ်မှုကို မေးခွန်းထုတ်လာကြပြီး၊ ဒေါ်နယ်ထရမ့်တို့ အုပ်စုရဲ့ Federal Reserve အပေါ်မှာ လက်ဝါးကြီးအုပ်မဲ့ အကြံအစည်ကို Fed အဖွဲ့ဝင်အတော်များများက ဆန့်ကျင်လျှက်ရှိနေကြပါတယ်။

အဆိုပါ ဖြစ်ရပ်များဖြစ်ပွါးနေစဉ် စျေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရွှေတန်ဖိုးဟာ ပြီးခဲ့တဲ့ စျေးကွက်အချိန်တုံးက တစ်အောင်စကို $4,629 အထိ စံချိန်တင်မြင့်တက်သွားခဲ့ပြီး၊ ယနေ့ မနက်မှာတော့ တစ်အောင်စကို $4,588 ဝန်းကျင်မှာ ရှိနေတာကို တွေ့ရပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကတော့ လက်ရှိမှာ ထွက်လာဖို့ရှိတဲ့ US CPI အညွှန်းကိန်း နဲ့ ငွေကြေးဖောင်းပွမှု အညွှန်းကိန်းတွေကို စောင့်မျှော်လျှက်ရှ်ိပြီး၊ ဒီအညွှန်းကိန်းတွေကနေတစ်ဆင့် နောက်လာမဲ့ Fed ရဲ့ ပေါ်လစီ ဆုံးဖြတ်ချက်ကို ခန့်မှန်းနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon