Birthday Anni Service

Birthday Anni Service

Share

27/08/2022

surprise food box

22/10/2019

ပန်းစည်းပေးခြင်းဓလေ့ ဘယ်ကစလဲလို့ မေးလာတဲ့အခါ တိတိကျကျပြောဖို့ ခက်ပါတယ်။ ရှေးယခင် ရောမအင်ပါယာခေတ်ကတည်းက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပန်းစည်းတွေ၊ ပန်းတွေနဲ့ ဖော်ထုတ်ပြသခဲ့ကြတာပါ။ အများအားဖြင့်တော့ ပန်းစည်းပေးတယ်ဆိုတာ ချစ်ခြင်းတွေကို ဖော်ထုတ်ပြသတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့် ပန်းစည်းတွေရဲ့ နောက်ကွယ်မှာလည်း သူ့အဓိပ္ပာယ်နဲ့သူ ရှိတတ်ကြပါတယ်။ ဘယ်လိုလဲဆိုတော့ …

နှင်းဆီပန်း

အများအားဖြင့် ချစ်သူသမီးရည်စားတွေကြားက ချစ်ခြင်းကို ကိုယ်စားပြုပါတယ်။ ဒါပေမယ့် သူ့ရဲ့အရောင်ပေါ်မူတည်ပြီး နှင်းဆီဖြူဆို ခွန်အားပေးချင်တဲ့အခါမျိုးမှာ သံုးပြီး နှင်းဆီဝါက သူငယ်ချင်း မိတ်ဆွေတွေအတွက်သံုးကာ ပန်းရောင်ဆိုရင်တော့ ဂုဏ်ပြုချင်တဲ့အခါမျိုးမှာ သံုးလေ့ရှိပါတယ်။

နေကြာပန်း

နေကြာပန်းတွေဟာ အပွင့်လည်းကြီးပြီး ရိုးတံလည်းထူသလို တခြားပန်းတွေထက် ကြာရှည်ပိုခံပါတယ်။ နေကြာပန်းတွေရဲ့ အဓိပ္ပာယ်ကတော့ ပျော်ရွှင်းခြင်းနဲ့ မှေျာ်လင့်ချက်တွေဆိုပြီး ဖွင့်ဆိုတတ်ကြပါတယ်။ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ပါစေဆိုတဲ့ နေရာမျိုးမှာ သံုးနိုင်ပါတယ်။

လီလီပန်း

လှပပြီး နူးညံ့တဲ့ ပန်းတွေထဲမှာ လီလီပန်းတွေဟာလည်း ပါဝင်ပါတယ်။ အပေါ်ခံရသူစိတ်ထဲ ကြည်နူးပီတီဖြစ်စေချင်တဲ့အခါ၊ စိတ်တက်ကြွသွားစေချင်တဲ့အခါမျိုးတွေမှာ လီလီပန်းတွေက သင့်တော်ပါတယ်။

ပန်းအရောင်

တစ်ခါတစ်လေမှာတော့ ဘယ်ပန်း၊ ဘယ်အရောင်ရယ်လို့ သီးသန့်မဟုတ်ပဲ ပံုစံမျိုးစံု၊ လိုက်ဖက်တဲ့ အရောင်မျိုးစံုနဲ့ ပန်းစည်းတွေဟာလည်း ပြီးပြည့်စံုတဲ့ အဓိပ္ပာယ်တွေရရှိဖို့ ကောင်းတာပါပဲ။

crd

Want your business to be the top-listed Event Planning Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Tamwe Township
Yangon