Peer Educator

Peer Educator

Share

29/01/2026

Hi Peers!
ဒီနေ့တော့
HR တွေ မျက်စိကျပြီး အင်တာဗျူးခေါ်ချင်လာစေမယ့် CV တစ်စောင် ဘယ်လိုဖန်တီးမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

သင့်ရဲ့ CV ဟာ သင့်ကိုယ်စား အလုပ်ရှင်နဲ့ အရင်ဆုံး စတွေ့ရမယ့် "ကိုယ်စားလှယ်" ပါ။ HR တစ်ယောက်ဟာ CV တစ်စောင်ကို ပျမ်းမျှ ၆ စက္ကန့် ပဲ ကြည့်တယ်လို့ လေ့လာချက်တွေက ပြောပြထားပါတယ်။
အဲဒီ ၆ စက္ကန့်အတွင်းမှာတင် သင့်ကို အင်တာဗျူးခေါ်ဖို့ ဆုံးဖြတ်သွားအောင် CV ကို ဒီလိုမျိုး ပြင်ဆင်ကြည့်ရအောင်။

၁။ ရိုးရှင်းသေသပ်သော Layout ကိုသုံးပါ (Keep it Professional)

အရောင်အသွေး စုံလင်လွန်းတာ၊ ဖောင့် (Font) အဆန်းတွေ သုံးတာထက် ဖတ်ရလွယ်ကူတဲ့ Professional ဆန်တဲ့ Design ကို ရွေးချယ်ပါ။
• Tip: PDF Format နဲ့ပဲ အမြဲပို့ပါ။ (Word file ဆိုရင် ဖောင့်တွေ လွဲသွားနိုင်လို့ပါ)

၂။ "Experience" မှာ ရလဒ်ကို အလေးပေးပါ (Results over Duties)

"ငါ ဘာတွေလုပ်ခဲ့လဲ" ဆိုတာထက် "ငါလုပ်ခဲ့လို့ ဘာအကျိုးကျေးဇူးတွေ ရခဲ့လဲ" ဆိုတာကို HR တွေက ပိုသိချင်တာပါ။
• မှားယွင်းတဲ့ပုံစံ: "စာရင်းများ မှတ်တမ်းတင်ခဲ့သည်။"
• မှန်ကန်တဲ့ပုံစံ: "စာရင်းဇယားများကို စနစ်တကျ မှတ်တမ်းတင်ခဲ့သဖြင့် လစဉ်အစီရင်ခံစာ ထုတ်ပြန်ချိန်ကို ၂၀% ပိုမိုမြန်ဆန်စေခဲ့သည်။"

၃။ Keywords များ ထည့်သွင်းပါ (Tailor your CV)

အလုပ်ခေါ်စာ (Job Description) ထဲမှာပါတဲ့ အဓိကအရည်အချင်းတွေကို သင့် CV ထဲမှာ ပြန်လည်ထည့်သွင်းပါ။ ဥပမာ - သူတို့က "QuickBooks" တတ်သူ လိုချင်တယ်ဆိုရင် သင့် CV ထဲမှာ အဲဒီစာလုံးကို ထင်ထင်ရှားရှား ထည့်ထားပါ။

၄။ မလိုအပ်တာတွေ ဖြုတ်ပစ်ပါ (Less is More)

မူလတန်းအောင်တဲ့အထိ အောင်လက်မှတ်တွေ၊ ဝါသနာ (Hobbies) တွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်အသေးစိတ် (ဘာသာရေး၊ လူမျိုး) တွေကို ထည့်စရာမလိုပါဘူး။ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ Skills တွေကိုပဲ ဦးစားပေး ဖော်ပြပါ။

၅။ ဆက်သွယ်ရမည့် အချက်အလက်များ တိကျပါစေ

ဖုန်းနံပါတ်၊ Professional ဖြစ်တဲ့ Email လိပ်စာ (ဥပမာ - [email protected]) နဲ့ LinkedIn Profile တို့ကို မှန်ကန်အောင် စစ်ဆေးပါ။

တစ်ခုသတိပေးချင်တာက "CV တစ်စောင်တည်းနဲ့ အလုပ်တိုင်းကို လျှောက်လို့မရပါဘူး။" အလုပ်တစ်ခုချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး သင့် CV ကို အနည်းငယ်စီ ပြုပြင်ပြောင်းလဲ (Customize) ဖို့ မပျင်းပါနဲ့။

ချစ်ခင်စွာဖြင့်
Peer Educator

19/01/2026

📌 Understanding Fixed Assets & Depreciation

လုပ်ငန်းတစ်ခုမှာ ရေရှည်အသုံးပြုဖို ဝယ်ယူထားတဲ့ ပစ္စည်းတွေ (ဥပမာ - ကား၊ စက်ယန္တရား၊ အဆောက်အအုံ) ကို စာရင်းဘယ်လိုသွင်းမလဲ? အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးလျော့သွားတာကို ဘယ်လိုခေါ်သလဲ? ဒီနေ့မှာတော့ Fixed Assets နဲ့ Depreciation အကြောင်းကို လေ့လာကြရအောင်။

1. What are Fixed Assets? (အသေပိုင်ပစ္စည်းများ)

ဒါတွေကို Property, Plant, and Equipment (PP&E) လိုလည်း ခေါ်ပါတယ်။ တစ်နှစ်ထက်ကျော်လွန်ပြီး အသုံးပြုမယ့် ပိုင်ဆိုင်မှုတွေ ဖြစ်ပါတယ်။
• Tangible Assets: လက်ဆုပ်လက်ကိုင်ပြလိုရတဲ့ ပစ္စည်းများ (e.g., Machinery, Vehicles, Furniture)
• Intangible Assets: လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ ပစ္စည်းများ (e.g., Software, Patents, Goodwill)
________________________________________
2. What is Depreciation? (တန်ဖိုးလျော့ခြင်း)

Fixed Asset တစ်ခုကို အသုံးပြုရင်း အချိန်ကြာလာတဲ့အခါ တန်ဖိုးကျဆင်းသွားတာကို တွက်ချက်တာ ဖြစ်ပါတယ်။ ဒါဟာ "ငွေသားထွက်မသွားတဲ့ ကုန်ကျစရိတ်" (Non-cash expense) တစ်မျိုးပါ။
Popular Methods (တွက်ချက်ပုံ နည်းလမ်းများ):
• Straight-Line Method: နှစ်စဉ် တန်ဖိုးလျော့ပမာဏ တူညီစွာ နှုတ်ခြင်း။
• Reducing Balance Method: ကျန်ရှိတဲ့ တန်ဖိုးအပေါ်မှာ ရာခိုင်နှုန်းနဲ့ တွက်ချက်ခြင်း။
________________________________________

💡 Key Vocabulary & Terms:
• Accumulated Depreciation: စုပေါင်းတန်ဖိုးလျော့ငွေ (Asset ဝယ်ကတည်းက ယနေ့အထိ လျော့သွားသမျှ စုစုပေါင်း)
• Book Value: စာရင်းပေါက်တန်ဖိုး (Original Cost ထဲက Accumulated Depreciation နှုတ်ပြီးကျန်တဲ့ တန်ဖိုး)
• Useful Life: အသုံးပြုနိုင်မည့် သက်တမ်း (ဥပမာ- ကားတစ်စီးကို ၅ နှစ် သုံးနိုင်သည်)
• Salvage Value (Residual Value): အသုံးပြုပြီးနောက် ကျန်ရှိမည့် တန်ဖိုး (အဟောင်းပြန်ရောင်းရမည့်ဈေး)
• Disposal: စာရင်းမှ ပယ်ဖျက်ခြင်း/ရောင်းထုတ်ခြင်း
________________________________________
💬 Practical English for Communication:

• "We need to calculate the annual depreciation for the new machinery."
(စက်ယန္တရားအသစ်အတွက် နှစ်စဉ်တန်ဖိုးလျော့မှုကို တွက်ချက်ဖို လိုပါတယ်။)
• "The book value of this vehicle is lower than its market price."
(ဒီကားရဲ့ စာရင်းပေါက်တန်ဖိုးက ပြင်ပပေါက်ဈေးထက် နည်းနေပါတယ်။)
• "What is the estimated useful life of this equipment?"
(ဒီစက်ကိရိယာရဲ့ ခန့်မှန်းအသုံးပြုနိုင်မယ့် သက်တမ်းက ဘယ်လောက်လဲ?)
________________________________________
📝 Challenge of the Day:
Land (မြေယာ) သည် Depreciation တွက်ချက်ရသော Asset လား?
(A) Yes, land depreciates.
(B) No, land does not depreciate.
အဖြေမှန်ကို Comment မှာ ရေးပေးခဲ့ပါဦး! 👇

ချစ်ခင်စွာဖြင့်
Peer Educator

Send a message to learn more

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00