ZeeKwat Union
21/12/2019
FYI 🗣️
ရန်ကုန်တိုင်းအတွင်းရှိ စီးတီးတက္ကစီအစီး ၂၀ဝ၀ ကျော် ပယ်ဖျက်ရမည်
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) နှင့် ကညန တိုက်ဆိုင်စစ်ဆေးသည့် စာရင်းများအရ ရန်ကုန်မြို့ရှိ တက္ကစီ အစီး ၂၀ဝ၀ ကျော်ပယ်ဖျက်ရ မည့် စာရင်း၌ ပါဝင်နေကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် YRTA မှ သိရသည်။
AA၊ BB၊ CC အစရှိသည့် ရာသက်ပန်အက္ခရာအပူး အငှားယာဉ် ၄၇၃ စီးနှင့် ရာသက်ပန်မဟုတ်သော အငှားယာဉ် ၁၇၀၂ စီး စုစုပေါင်း ၂၁၇၅ စီးမှာ ပယ်ဖျက်ရမည့်စာရင်း ထဲတွင် ပါရှိနေခြင်းဖြစ်သည်။
"YRTA မှာရှိတဲ့ စီးတီးတက္ကစီ မှတ်ပုံတင်ထားတဲ့ကားစီးရေနဲ့ ကညန မှာရှိတဲ့ တက္ကစီစာရင်းတွေကို ပြီးခဲ့တဲ့ လကတိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။ YRTA မှာမှတ်ပုံတင်ထားတဲ့ ယာဉ် စီးရေက ၆၇၇၈၈ စီးရှိတယ်။ ကညန စာရင်းမှာ တက္ကစီစီးရေစာရင်းက ၆၈၁၈၆ စီးရှိနေပါတယ်။ AA၊ BB၊ CC အစရှိတဲ့ရာသက်ပန်အက္ခရာ အပူးတက္ကစီ ၄၇၃ စီးနှင့် ရာသက်ပန် မဟုတ်တဲ့ အက္ခရာနဲ့ နံပါတ်ယာဉ် စီးရေ ၁၇၀၂ စီး စုစုပေါင်း ၂၁၇၅ စီးက ပယ်ဖျက်ရမယ့်စာရင်းထဲမှာပါနေပါတယ်။ ဒီကားတွေက ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းလိုက်တဲ့အထဲမှာ ပါနေတာလားဆိုတာ ထပ်ပြီးစစ်ဆေးရဦးမယ်"ဟု YRTA တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ရန်ကုန်လိုင်စင်ဖြင့် အငှားယာဉ်များကို စီးတီးတက္ကစီအဖြစ်မှတ်ပုံတင်လုပ်ဆောင်ရန် စက်တင်ဘာ ၃၀ ရက် နောက်ဆုံးသတ်မှတ် ခဲ့သော်လည်း စီးတီးမှတ်ပုံတင်လုပ်ဆောင်ပေးရန် နိုင်ငံပိုင်သတင်းစာ၌ အသိပေးကြေညာထားရှိပြီး လက်ရှိ YRTA တွင် မှတ်ပုံတင်ယာဉ်စီးရေ ၆၇၇၈၈ စီးရှိကာ ကညနရှိအငှားယာဉ် စာရင်း၌ ၆၈၁၈၆ စီးရှိနေခြင်းဖြစ် သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော အငှားယာဉ်များစီးတီး တက္ကစီမှတ်ပုံတင်ပြုလုပ်ခြင်းက အကျိုးမဲ့မည်မဟုတ်ဘဲ စီးတီးတက္ကစီနံပါတ်မှာခရီးသည်များ၏လုံခြုံရေးနှင့် ပစ္စည်း ပျောက်ဆုံးမှုများကို ကူညီရှာပေးနိုင်သည်ဟု ဆိုသည်။
ရန်ကုန်တိုင်းတွင် ရာသက်ပန် အငှားယာဉ်များဖြစ်သည့် AA၊ BB၊ CC စီးရေ ၃၀ဝဝဝ နှင့်ရာသက်ပန် မဟုတ်သော နံပါတ်အနက်မှ နံပါတ် အနီပြောင်းထားသည့် အငှားယာဉ်စီး ရေ ၃၀ဝဝဝ အပြင် နယ်လိုင်စင်ဖြင့် ဝင်ရောက်ပြေးဆွဲနေသော အငှားယာဉ်များလည်း ရှိနေသည်။
Myanmar Times
Photo: Google
လူကြီးမင်းတို့ရဲ့ ဘေဘီလေး အမြဲတမ်းသန့်နေဖို့ အတွက် Zest Car Spa က အသင့်ရှိနေမယ်ဆိုတာ လူကြီးမင်းတို့အတွက်ပြောပါရစေခင်ဗျာ 😁 စက်ပေါလစ်, လက်ပေါလစ်အပြင် အခြား Service တွေလည်း ရှိသေးတယ်ဗျ 👍🏻 ကားရေဆေးလို့ စောင့်နေရင်း နေပူလို့အအေးသောက်ချင်လို့ဖြစ်ဖြစ် Dim sum စားချင်လို့ဖြစ်ဖြစ် Aircon ခန်းလေးထဲမှာ ဘေဘီလေးစောင့်ရင်း သုံးဆောင်နိင်ပါတယ်.. ကျွှန်တော်တို့ ဇီးကွက်လေးတွေကတော့ ကျွှန်တော်တို့ရဲ့ ဘေဘီလေးတွေ အမြဲသန့်သန့်နေဖို့ Zest Car Spa ဆီဘဲ အပ်ထားလိုက်တယ်လေ.. Zeekwat မန်ဘာတွေအတွက်လည်း Discount % လည်းပေးထားသေးတယ်ဆိုတော့... ကဲ့ 😍
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Bothahtaung Township
Yangon