CiCe DiGi

CiCe DiGi

Share

28/08/2020

ချစ်စရာဘေဘီလေး

28/08/2020

တော်တော်လှတဲ့လက်‌ကလေး

05/07/2020

#အမေပြောဖူးတဲ့ ခွေးသေပုတ်ကို
ခြေထောက်နဲ့မကန်မိစေနဲ့ စကားလေးပါ။

တစ်ခုခုဆို
ဆတ်ဆတ်ထိမခံတတ်တဲ့အကျင့်
ကျွန်‌ေတာ့်မှာရှိခဲ့တယ်။

ကိုယ်မှန်တယ်ထင်ရင်ပြောဆိုရဲသလို
မှားတယ်ထင်ရင်လည်းတောင်းပန်ရဲတာ
ကျွန်‌ေတာ့်အကျင့်။

ကိုယ်မှန်လို့ပြောပြီဆိုရင်
ဘယ်သူ့မျက်နှာမှမကြည့်တတ်ခဲ့ဘူး
အရိုင်းစိုင်းတစ်ယောက်လိုပဲ ဖြစ်ခဲ့ဘူးတယ်။

မဟုတ်မခံတဲ့ အာ့စိတ်လေးကိုမသိစိတ်က
သဘောကျမိလေ
ကျွန်‌ေတာ်စိတ်မောက်မာလာလေပဲ။

သွားမလုပ်နဲ့ သူကဆတ်ဆတ်ကြဲ
စိတ်လည်းကြီးတယ်
မဟုတ်မခံပြန်ပြောတတ်တယ်တဲ့
သူတွေတို့အပြောမှာ
ကျွန်‌ေတာ်ကို ကျွန်‌ေတာ်အဟုတ်ကြီးမှတ်ခဲ့ဘူးတယ်။

မဟုတ်တဲ့ကိစ္စတစ်ခုကို ရှင်းရမှ
စိတ်ကျေနပ်တာ
ကျွန်‌ေတာ်အကျင့်ဆိုးကြီးလိုဖြစ်နေခဲ့တာ။

တစ်နေ့အမေနဲ့အပြင်သွားတော့
လမ်းဘေးအမှိုက်ပုံတစ်ခုမှာ
ခွေးသေပုတ်ကောင်ကြီးအနံတထောင်းထောင်း
မြင်တွေ့ရတာစိတ်ပျက်စရာပါ။

ကျွန်တော် နှာခေါင်းရှုံ့လက်နဲ့ကာလို့
မျက်နှာမဲ့သွားတာ အမေမြင်တော့
အမေကပြောတယ်
သားခွေးသေပုတ်ကိုခြေထောက်နဲ့ကန်ရဲလားတဲ့။

ကန်စရာလား အမေရယ်
ဒီလောက်ပုတ်စော်နံနေတဲ့ဟာကို
ဆိုတော့အမေကပြုံးတယ်။

ဟုတ်တာပေါ့ သားရဲ့
ကိုယ်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ
သူတစ်ပါးပြောတဲ့စကား
ကိုယ့်ကောင်းကျိုးပါလားတွေးစဉ်းစားတဲ့။

မဟုတ်တာ ပြောတယ်
ကိုယ်ကအာ့လူနဲ့ဘက်ဖြစ်တော့
ဘာပြန်ရလဲတဲ့
ကျွန်‌ေတာ့်နှုတ်ဆိတ်နေမိတယ်
အမေ့ရဲ့မေးခွန်းကြောင့်။

တစ်ဖက်လူကဆဲတယ် ရိုင်းတယ်
ကိုယ့်လည်းပါးစပ်ပါတယ်ပြန်ပြောလို့ရတာပဲ

ဒါပေမယ့် မတူဘူးတဲ့
အရိုင်းအစိုင်းနဲ့ဘက်ဖြစ်ရင်
ကိုယ်လည်းသူနဲ့အဆင့်တူတူပဲဖြစ်သွားရောတဲ့။

ဟုတ်ပါတယ် ကျွန်‌ေတာ်မေ့နေခဲ့တာ
ကျွန်‌ေတာ့်ရှေ့မှာမဟုတ်မခံပြောတဲ့
လူတစ်ချို့ကလည်း
ကျွန်‌ေတာ့်နောက်ကွယ်အရိုင်းစိုင်းလေးလို့
ပြောနိုင်သားပဲ။

ကိုယ်မဟုတ်တဲ့ကိစ္စအတွက်
လေကုန်ခံပြောမနေတော့ဘူး
အာ့အတွက် ကိုယ်လည်းဒေါသမဖြစ်ရသလို
မထွက်ရတော့ဘူး။

ကိုယ်အနည်းဆုံးတော့အမှားကင်းလာတယ်
လျစ်လျူရှု တတ်တာတစ်ခုက
အကျင့်ဖြစ်လာတယ်
လူကြီးလူငယ်ဖြစ်ဖြစ်
သူရိုင်းရင်သူ့အကုသိုလ်နဲ့သူသွားလိမ့်မယ်။

ဘာဆိုဘာမှမပြောနေတော့ဘူး
ခွေးဟောင်တိုင်းသာ လိုက်ကြည့်ရင်
နေစရာနေရာမရှိတော့သလိုပေါ့။

အာ့နောက်ပိုင်း ခွေးသေပုတ်ကိုလည်း
ခြေထောက်အပေခံပြီးမကန်တော့သလို
အရာအားလုံး
လျစ်လျူရှုတတ်အောင်နေခဲ့တယ်။

(ဂျူး)

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 9, Thumatar 9, North Okkalapa
Yangon
11031