T.T.S Accountancy Training Centre

T.T.S Accountancy Training Centre

Share

18/08/2023

LCCI Diploma နဲ့certificateတွေဒီနေ့ ရောက်ပြီမို့☺မနက်ဖြန်နယ်ကိုပို့ပေးပါမယ်ရှင့်
Thank you all!

01/08/2023

🙏ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့🙏

မြန်မာသက္ကရာဇ် ၁၃၈၅၊ ဝါဆိုလပြည့်နေ့

August (1) ရက် (အင်္ဂါနေ့) ဗုဒ္ဓဘာသာဝင်တို့
အထွဋ်မြတ်ထားရာ ဓမ္မစကြာ အခါတော်နေ့ ဒုတိယဝါဆိုလပြည့်နေ့ အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေ TTS Accountancy မိသားစု မှ တောင်းဆုမေတ္တာပို့သလိုက်ရပါတယ်ရှင့် 🙏🙏🙏

#ဝါဆိုလပြည့်နေ့

Photos from T.T.S Accountancy Training Centre's post 25/02/2023

Congratulations Nyi Ma Lay Kham Htoo San😍
Thanks for your effort!

08/05/2022

"အမြင့်ကို ပျံတက်လိုက်စမ်းပါ"
*********************
တစ်ရက်မှာ ဘုရင်ကြီးတစ်ပါးကို သူ့လက်အောက်ခံ နယ်ပယ်
တစ်ခုရဲ့ နယ်စားကြီးက လက်ဆောင်ပေးလာပါတယ်။ လက်ဆောင်က
အလွန်လှပတဲ့ သိမ်းငှက်နှစ်ကောင်ပါ။ ဘုရင်ကြီးဟာ ဒီလောက်လှတဲ့
သိမ်းငှက်မျိုးကို တစ်ခါမှ မမြင်ဖူးလို့ အလွန်သဘောကျနေတယ်။ ဘုရင်ကြီး
ဟာ သိမ်းငှက်နှစ်ကောင်ကို ငှက်တွေကို လေ့ကျင့်ပေးသူဆီ လေ့ကျင့်ပေးဖို့
အပ်လိုက်တယ်။

လေ့ကျင့်သူဟာ သိမ်းငှက်နှစ်ကောင်ကို နေ့စဉ် လေ့ကျင့်ပေးနေ
တာ လပေါင်း အတော်ကြာသွားပြီးတစ်ရက်မှာ သူဟာ ဘုရင်ကြီးဆီကို
အခစားဝင်ပြီးလျှောက်တင်လိုက်တယ်။ သိမ်းငှက်နှစ်ကောင်ထဲက တစ်ကောင်
ကို ကောင်းကင်အမြင့်ကြီးမှာ ပျံဝဲအောင် လေ့ကျင့်လို့ရပေမယ့် နောက်
တစ်ကောင်ကတော့ သစ်ပင်ရဲ့ အကိုင်းမှာ အမြဲတမ်း ခိုနားနေပြီးဘယ်မှ
မသွားဘူး။ အမြင့်ကိုလည်း ပျံမတက်ဘူး။ ပျံတက်အောင်လုပ်လို့လည်း
မရဘူးတဲ့။
“ကျွန်တော်မျိုး တသက်မှာ ဒီလောက် ခေါင်းမာတဲ့
ငှက်မျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။ ကျွန်တော်မျိုး သူ့ကို အစာ
ပြပြီးမျှားခေါ်တယ်။ ရိုက်မယ့်ဟန်ပြပြီးခြောက်လှန့်တယ်။ ဒါပေမဲ့
သစ်ကိုင်းပေါ် နားနေရာကနေ လုံးဝမရွေ့ဘူး။ ကျွန်တော်မျိုး
လည်းဘာဆက်လုပ်ရမှန်းမသိတော့လို့ အရှင်မင်းကြီးပေးတဲ့

အပြစ်ကို ခံယူရုံပါပဲဘုရား”
လို့ ငှက်လေ့ကျင့်သူက လျှောက်တင်တယ်။

ဘုရင်ကြီးက ငှက်လေ့ကျင့်သူဟာ သူ့နိုင်ငံမှာ အတော်ဆုံး
တစ်ယောက်ဖြစ်နေလို့ သူ့ကို အပြစ်မယူဘဲ သိမ်းငှက်ကို နောက်ထပ်
လေ့ကျင့်ပေးဖို့ အချိန်ထပ်ပေးလိုက်တယ်။

လပေါင်းများစွာ ကုန်လွန်သွားပြန်ပြီ။ ဒါပေမဲ့ သိမ်းငှက်ဟာ
အရင်အတိုင်းပဲ သစ်ကိုင်းပေါ်က လုံးဝမရွေ့ပါဘူး။ ငှက်လေ့ကျင့်သူလည်း
ဒီတစ်ခါတော့ လုံးဝလက်လျော့လိုက်ပြီ။ ဘုရင်ကြီးလည်း ပရောဟိတ်
ပုဏ္ဏားတွေ၊ ဗေဒင်ဆရာတွေကို ခေါ်ပြီးအဲဒီသိမ်းငှက်ကို သစ်ကိုင်းပေါ်က
ရွေ့အောင် လုပ်ခိုင်းတယ်။ သူတို့လည်း ဂါထာမန္တာန်တွေ ရွတ်ဆိုပြီး
သိမ်းငှက်ကို သစ်ကိုင်းပေါ်ကနေ ပျံတက်အောင် ကြိုးစားလုပ်ကြတယ်။
ဒါလည်း သိမ်းငှက်ဟာ အရင်အတိုင်းပါပဲ။ သစ်ကိုင်းပေါ်က လုံးဝမရွေ့
ပါဘူး။ ဘုရင်ကြီးလည်း အတော်စိတ်ပျက်နေပြီ။ အဲဒီသိမ်းငှက်ကို သတ်ပစ်
ချင်လာနေတယ်။ ဒါပေမဲ့ လှပတဲ့သိမ်းငှက်မို့ မသတ်ရက်ဘူး။

တစ်ရက်မှာ လယ်သမားတစ်ယောက်ဟာ နန်းတော်အနားဖြတ်
သွားရင်း အဲဒီသိမ်းငှက်အကြောင်း လူတွေ ပြောနေကြတာကို ကြားလိုက်
မိတယ်။ သူက မှူးမတ်တွေကို သွားတွေ့ပြီး သိမ်းငှက်ကို သစ်ကိုင်းပေါ်ကနေ

ကောင်းကင်ကို ပျံတက်အောင် စမ်းလုပ်ကြည့်ချင်ကြောင်း ပြောပြတယ်။
မှူးမတ်တွေလည်း ဘုရင်ကြီးကို အဲဒီအကြောင်းကို လျှောက်တင်ကြတယ်။
ဘုရင်ကြီးလည်း သူ့မှာ လုပ်ပေးနိုင်သူမရှိလို့ လယ်သမားကို စမ်းလုပ်
ကြည့်ခွင့်ပေးလိုက်တယ်။

နောက်နေ့မှာ မှူးမတ်တွေက လျှောက်တင်ကြလို့ ဘုရင်ကြီး
လည်း နန်းတော်ရဲ့ လေသာဆောင်ကိုသွားပြီး ကောင်းကင်ယံကို မော့ကြည့်
လိုက်တယ်။ ကောင်းကင်အမြင့်မှာ သူ့သိမ်းငှက်နှစ်ကောင်ဟာ အတူ ပျံဝဲ
နေကြတာကို တွေ့လိုက်ရတယ်။ ဘုရင်ကြီးလည်း အလွန်အားရကျေနပ်လို့
လယ်သမားကို ရှေ့တော်မှောက် ဆင့်ခေါ်ပြီး သစ်ကိုင်းပေါ်ကနေ ဘယ်မှ
မသွားတဲ့ သိမ်းငှက်ကို ဘယ်လို လေ့ကျင့်ပေးသလဲလို့ မေးလိုက်တယ်။
လယ်သမားက ရိုးသားစွာပဲ ဖြေလိုက်ပါတယ်။ “သူနားနေကျ သစ်ကိုင်းကို
ကျွန်တော်မျိုး ဓားနဲ့ ခုတ်ဖြတ်လိုက်ပါတယ် အရှင်မင်းကြီး” တဲ့။

ကျွန်တော်တို့ လောကမှာ လူလာဖြစ်လာကြတာ အောက်ခြေ
အဆင့်မှာပဲ ကျေနပ်ပြီး နေနေကြဖို့ မဟုတ်ပါဘူး။ အမြင့်ကို ပျံတက်နိုင်
ကြဖို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့လည်း မိဘ၊ ဆွေမျိုးစတဲ့ သစ်ကိုင်းတွေပေါ်မှာ
နားနေရင်း သာယာနေကြတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး အပေါ်ကို
ပျံမတက်ချင်ကြဘူး။ အဲဒီလိုနေရတဲ့ ဘဝမှာ ပျော်နေကြလို့ အပြောင်းအလဲ
မလုပ်ချင်ကြဘူး။ အပြောင်းအလဲမလုပ်ရင် ဘဝဟာ တိုးတက်မှုရှိမှာ
မဟုတ်ဘူး။ ဒါကြောင့် သင် မှီခိုအားထားနေတာတွေကို ဖြတ်တောက်
စွန့်လွှတ်ပြီး အခုပဲ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားလိုက်စမ်းပါ။ အမြင့်ကို ရဲရဲကြီး
ပျံတက်လိုက်စမ်းပါ။ အမြင့်ရောက်မှ ကမ္ဘာကြီးကို အပေါ်စီးက မြင်ရတဲ့
အရသာဟာ ဘယ်လောက်ကောင်းသလဲဆိုတာကို အမြင့်ရောက်ဖူးသူတွေ
သိကြပါတယ်။

Credit Original Writer

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No30, 1st Floor, 157 Street, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00