Auto One Plus

Auto One Plus

Share

Photos from Auto One Plus's post 26/03/2026

⚠️ မနက်ဖြန်မှစပြီး နေ့စဉ်ဆီတန်းစီစရာမလိုပဲ အကြိမ်ရေဖြင့် ဝယ်ယူရမည် စနစ်သစ်အကြောင်းသိထားသင့်သည့် အချက်အလက်များ

● စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ မှစတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ကြီးများတွင် စက်သုံးဆီများကို QR Code စနစ်ဖြင့်သာ စတင်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ယာဉ်မောင်းများအနေဖြင့် မိမိတို့ယာဉ်၏ Wheel Tax (ဝီးလ်တက်) စတစ်ကာတွင်ပါရှိသည့် Hologram (ဟိုလိုဂရမ်) ကို ဆီဆိုင်တွင် Scan ဖတ်၍ သတ်မှတ်ထားသည့် ပမာဏနှင့် အကြိမ်ရေအတိုင်း ဝယ်ယူရမှာ ဖြစ်ပါတယ်။

⛽ ယာဉ်အမျိုးအစားအလိုက် တစ်ပတ်စာ ဝယ်ယူခွင့် Quota များနှင့် အကြိမ်ရေများမှာ -

👉 ဆိုင်ကယ်များ: တစ်ပတ်လျှင် စုစုပေါင်း ၈ လီတာ ကို အများဆုံး (၂) ကြိမ် ခွဲ၍ ဝယ်ယူနိုင်ပါတယ်။

👉 သုံးဘီးယာဉ်များ: တစ်ပတ်လျှင် စုစုပေါင်း ၂၅ လီတာ ကို အများဆုံး (၃) ကြိမ် ခွဲ၍ ဝယ်ယူနိုင်ပါတယ်။

👉 အိမ်စီးကားများ (Saloon/Station Wagon/Jeep): အင်ဂျင်ပါဝါ ၂၀၀၀ စီစီ အောက် ဆိုလျှင် တစ်ပတ် ၃၅ လီတာ၊ ၂၀၀၀ စီစီ အထက် ဆိုလျှင် ၄၀ မှ ၄၅ လီတာ အထိကို အများဆုံး (၂) ကြိမ် ခွဲ၍ ဝယ်ယူနိုင်ပါတယ်။

👉 အငှားယာဉ်များ (Taxi): အင်ဂျင်ပါဝါအလိုက် တစ်ပတ်လျှင် ၉၀ လီတာမှ ၁၁၀ လီတာ အထိကို အများဆုံး (၃) ကြိမ် ခွဲ၍ ဝယ်ယူနိုင်ပါတယ်။

👉 ကုန်တင်ယာဉ်နှင့် ဘတ်စ်ကားများ: ယာဉ်အမျိုးအစားနှင့် အင်ဂျင်ပါဝါအလိုက် တစ်ပတ်လျှင် ၇၀ လီတာမှ ၁၅၀ လီတာ အထိ (အချို့သော Dump Truck နှင့် Tractor Head များမှာ ၂၅၀ လီတာအထိ) ကို အများဆုံး (၂) ကြိမ်မှ (၃) ကြိမ် အတွင်း ခွဲဝယ်နိုင်ပါတယ်။

● ယခင်က ကျင့်သုံးခဲ့သည့် စုံမ ခွဲခြားဝယ်ယူရသည့်စနစ် နှင့် ပတ်သက်၍မူ ယခုထုတ်ပြန်ချက်အသစ်တွင် အတိအလင်း ဖော်ပြထားခြင်း မရှိသေးပါ ။ ထို့ကြောင့် စုံမစနစ် ဆက်လက်ရှိနေမလား သို့မဟုတ် အကြိမ်ရေကန့်သတ်ချက်ဖြင့်သာ အစားထိုးသွားမလားဆိုသည်မှာ လက်ရှိတွင် မသေချာသေးသည့် အခြေအနေ တွင် ရှိနေပါသဖြင့် နောက်ထပ်ထုတ်ပြန်ချက်များကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

⛽ အခြားအရေးကြီး သတိပေးချက်များအနေဖြင့် -

👉 ၁။ သတ်မှတ်ထားသော တစ်ပတ်စာ Quota ကို ထိုအပတ်အတွင်းသာ ဝယ်ယူရမှာဖြစ်ပြီး နောက်အပတ်သို့ လွှဲပြောင်း၍ မရနိုင်ပါ။

👉 ၂။ Gas (CNG) ကားများ သည် Gas ဆိုင်များတွင်သာ ဝယ်ယူခွင့်ရှိမည်ဖြစ်ပြီး၊ ဆီဆိုင်များတွင် Scan ဖတ်ပါက ဝယ်ယူခွင့်ရှိမည်မဟုတ်ပါ ။

👉 ၃။ လူမှုကူညီရေးနှင့် နိဗ္ဗာန်ယာဉ်များအတွက်မူ Quota ကန့်သတ်ချက်မရှိဘဲ လိုအပ်သလောက် စိစစ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

● အနှစ်ချုပ်ရရင်တော့ မနက်ဖြန်မှစတင်မည့် စနစ်သစ်သည် နေ့စဉ်တန်းစီစရာမလိုဘဲ အကြိမ်ရေနှင့် ပမာဏကိုသာ ကန့်သတ်လိုက်သည့် စနစ်ဖြစ်ပါတယ်။ စနစ်သစ်၏ နောက်ဆက်တွဲ အပြောင်းအလဲများကိုလည်း အမြဲမပြတ် ဆက်လက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #စက်သုံးဆီစနစ်သစ် #စုံမစနစ် #စွမ်းအင်ဝန်ကြီးဌာန

Photos from Auto One Plus's post 09/02/2024

𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 🧧❤️

မင်္ဂလာရှိသော တရုတ်နှစ်ကူးအချိန်ကာလမှာ Auto One Plus Car Service Center ရဲ့ကျေးဇူးရှင် ကားချစ်သူ မိတ်ဆွေများ အားလုံး ကျန်းမာခြင်း၊ ကံကောင်းခြင်းတို့နဲ့ပြည့်စုံပြီး စီးပွားလာဘ်လာဘတွေတိုးပွားနိုင်ပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ....❤️

𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫!

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 261/A WaibarGi Street
Yangon
11031