Excellent Fortune General Insurance
01/07/2026
မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(𝐌𝐇𝐅𝐓𝐒𝐀) နှင့် 𝐕𝐞𝐧𝐭𝐮𝐫𝐞 𝐒𝐲𝐧𝐞𝐫𝐠𝐲 𝐂𝐨.,𝐋𝐭𝐝 အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း စာချွန်လွှာလက်မှတ်ရေးထိုးပွဲ
၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် Excellent Fortune Insurance ရဲ့ မရမ်းကုန်းရုံးခွဲမှာ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MHFTSA) မှအသင်းဥက္ကဌ ဦးတင်ယု နှင့် Venture Synergy Co.,Ltd မှ ဦးထွန်းနိုင်ဦး (Managing Director) တို့အကြား အနာဂတ်လုပ်ငန်းကဏ္ဍများမှာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့အတွက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားသို့ EFI မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MHFTSA) နှင့် Venture Synergy Co.,Ltd မှ အမှုဆောင်အရာရှိများ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် အကျိုးပြုမဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။
နောင်အနာဂတ်မှာလည်း ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုတွေဆီကို အတူတကွ လက်တွဲလျှောက်လှမ်းသွားကြမှာဖြစ်ကြောင်း သတင်းကောင်းပါးရင်း အခမ်းအနားရဲ့ အမှတ်တရ ဂုဏ်ပြုပုံရိပ်အချို့ကိုလည်း မျှဝေပေးလိုက်ရပါတယ်ရှင်။
MOU Signing Ceremony between MHFTSA and Venture Synergy Co., Ltd.
We are pleased to announce that on June 30, 2026, Excellent Fortune Insurance (EFI) successfully hosted the Memorandum of Understanding (MOU) signing ceremony at our Mayangone Branch.
The agreement was signed by U Tin Yu, Chairman of the Myanmar Highway Freight Transportation Services Association (MHFTSA), and U Htun Naing Oo, Managing Director of Venture Synergy Co., Ltd., marking a significant milestone in our collaborative journey.
The ceremony was attended by senior executives from EFI, MHFTSA and Venture Synergy Co., Ltd. The meeting served as a platform for open and constructive dialogue, focusing on long-term, mutually beneficial cooperation and future strategic initiatives.
We look forward to a prosperous future as we work hand-in-hand to achieve greater heights. Please find the highlights of the ceremony below.
23/06/2026
တိုးတက်နေတဲ့ အာမခံလုပ်ငန်း နယ်ပယ်မှာ အလုပ် လုပ်ကိုင်ဖို့ အဆင်သင့် ဖြစ်ပြီလား⁉️
𝐄𝐅𝐈 𝐆𝐞𝐧𝐞𝐫𝐚𝐥 ဟာ ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်တစ်ခုဖြစ်ရန် အစဉ်အမြဲ ကြိုးစားလျက်ရှိပြီး EFD Group of Companies ၏ Business Unit တစ်ခုဖြစ်တဲ့အတွက် ငွေကြေးအရ တောင့်တင်းခိုင်မာမှု ရှိတာကြောင့် သင့်အနာဂတ်ကို ယုံကြည်စွာ လျှောက်လှမ်းနိုင်မှာဖြစ်လို့ လာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
✅ Agency Business Development Manager
✅ Marketing Manager
✅ Assistant Marketing Manager
✅ Corporate Sales Executive
✅ Motor Deputy Supervisor
✅ Agency Business Development Senior Assistant(Mandalay)
✅ Agency Business Development Deputy Supervisor(Mandalay)
✅ Claims Deputy Supervisor(Survey & Workshop Unit)
✅ Admin Senior Assistant
✅ Fire Senior Assistant(Underwriting - Risk Survey)
✅ Junior Assessor
✅ Marine Senior Assistant (Admin)
✅ Fire Assistant(Underwriting - Risk Survey)
✅ Fire Assistant(Underwriting - Data Analyst)
✅ Assistant/Senior Assistant(Mandalay)
✅ Training Senior Assistant
✅ Motor Assistant/ Senior Assistant - 2 posts
✅ Claims Assistant - 1 post(Survey & Workshop Unit)
📍Location : Yangon/Mandalay
🕒Working Hours : 8:30 AM to 5:00 PM
📆Off Days : Saturday, Sunday, and Public Holidays
🏢Industry : Insurance
သင့်အနာဂတ်အတွက် အခွင့်အလမ်းကောင်းများ ရယူနိုင်ဖို့ အခုပဲ လျှောက်ထားလိုက်တော့နော်။
Job Description နဲ့ Job Specification အသေးစိတ်အတွက် အောက်ပါ Link (https://efimm.com/about/careers/efi-g ) မှတစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
အလုပ် လျှောက်ထားလိုပါက [email protected] သို့ CV Form ပေးပို့ လျှောက်ထားနိုင်သလို အသေးစိတ်သိရှိလိုပါက Hotline Number 09 7777 8888 5 သို့မဟုတ် Page Messenger မှ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါတယ်။
𝐑𝐞𝐚𝐝𝐲 𝐭𝐨 𝐰𝐨𝐫𝐤 𝐢𝐧 𝐭𝐡𝐞 𝐠𝐫𝐨𝐰𝐢𝐧𝐠 𝐢𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲⁉️
EFI General is always striving to create a better workplace. As a business unit of EFD Group of Companies, it enjoys strong financial stability, allowing you to confidently build your future career. We invite you to apply and join us.
Open Positions:
✅ Agency Business Development Manager
✅ Marketing Manager
✅ Assistant Marketing Manager
✅ Corporate Sales Executive
✅ Motor Deputy Supervisor
✅ Agency Business Development Senior Assistant(Mandalay)
✅ Agency Business Development Deputy Supervisor(Mandalay)
✅ Claims Deputy Supervisor(Survey & Workshop Unit)
✅ Admin Senior Assistant
✅ Fire Senior Assistant(Underwriting - Risk Survey)
✅ Junior Assessor
✅ Marine Senior Assistant (Admin)
✅ Fire Assistant(Underwriting - Risk Survey)
✅ Fire Assistant(Underwriting - Data Analyst)
✅ Assistant/Senior Assistant(Mandalay)
✅ Training Senior Assistant
✅ Motor Assistant/ Senior Assistant - 2 posts
✅ Claims Assistant - 1 post(Survey & Workshop Unit)
📍 Location: Yangon / Mandalay
🕒 Working Hours: 8:30 AM – 5:00 PM
📆 Off Days: Saturday, Sunday, and Public Holidays
🏢 Industry: Insurance
Apply now to seize great opportunities for your future!
For detailed Job Descriptions and Job Specifications, please visit this link: https://efimm.com/about/careers/efi-g
To apply, send your CV form to [email protected].
For further inquiries, you can contact our hotline 09 7777 8888 5 or message us via Page Messenger during office hours.
18/06/2026
မိုးရာသီရဲ့ စိုစွတ်တဲ့ရာသီဥတုကြောင့် ကလေးငယ်တွေနဲ့ ဖိုးဖိုးဖွားဖွားတို့မှာ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေး ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ ချစ်ရတဲ့မိသားစုဝင်တွေကို ကျန်းမာဘေးကင်းစေဖို့ အိမ်မှာပဲ အလွယ်တကူ ဂရုစိုက်ပေးနိုင်မယ့် နည်းလမ်းကောင်းများကတော့
"အိမ်တွင်းအိမ်ပြင်" သန့်ရှင်းပြီး ခြင်အန္တရာယ်ကင်းဝေးစေရန်
- သွေးလွန်တုပ်ကွေးခြင်တွေက ရေကြည်မှာ ပေါက်ဖွားတတ်တာမို့ အိမ်ပတ်ဝန်းကျင်က ဘူး၊ ခွက်၊ ပန်းအိုးခွက်တွေကို (၃) ရက်တစ်ကြိမ် ပုံမှန်သွန်ပစ်/လဲလှယ် ပေးပါ။
- ကလေးနဲ့ လူကြီးတွေဟာ ခြင်ကိုက်ခံရလွယ်ပြီး ခုခံအားနည်းတာမို့ ဘယ်အချိန်အိပ်အိပ် ခြင်ထောင်နဲ့ အိပ်စက်တဲ့ အလေ့အထကို မပျက်မကွက် လုပ်ပေးပါ။
- ရာသီဥတုအေးစိမ့်လို့ အအေးပတ်ခြင်းနဲ့ ခြင်ကိုက်ခြင်းဒဏ်ကနေ ကာကွယ်ဖို့ လက်ရှည်၊ ဘောင်းဘီရှည် သို့မဟုတ် အနွေးထည်လေးတွေ ဝတ်ဆင်ပေးပါ။
- အိမ်တွင်းကို မှိုင်းမနေစေဘဲ လေဝင်လေထွက်ကောင်းအောင် ထားပါ။ အပြင်ကပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျဆေးကြောပါ။
"အာဟာရပြည့်ဝ" ပြီး ခုခံအား မြှင့်တင်ပေးရန်
- မိုးရာသီမှာ အစာခြေစနစ် နှေးကွေးတတ်လို့ ရေခဲသေတ္တာထဲက အစားအစာတွေထက် လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး ချက်ပြုတ်ထားတာကိုပဲ စားသောက်ပါ။
- ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားဒိုင်းလွှာကို မြှင့်တင်ဖို့ လိမ္မော်သီး၊ မာလကာသီးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးပေးပါ။
- ရေဓာတ်ပြည့်ဝပြီး လူလန်းဆန်းနေစေဖို့ ကျိုချက်ထားတဲ့ ရေနွေး၊ စွပ်ပြုတ်ရည်ပူပူလေးတွေနဲ့ ဓာတ်ဆားရည်ကို ပုံမှန်သောက်သုံးပေးပါ။
- ယင်နားစာနဲ့ လမ်းဘေးစာတွေတွေကို အတတ်နိုင်ရှောင်ကျဉ်ပြီး အသား၊ ငါး၊ ဥတွေကို သေချာကျက်အောင် ချက်ပြုတ်ပါ။
As the rainy season brings chilly, damp weather, our most vulnerable family members our "little ones" and "grandparents" face a higher risk of contracting Dengue Fever and the Seasonal Flu. To keep your loved ones safe and healthy, here are two key pillars of home care you can easily follow:
Keep Your Home Safe and Mosquito-Free (Environment & Living)
- Dengue-carrying mosquitoes breed in clean, stagnant water. Make it a habit to drain or replace water in tins, cups, and flower vases around the house every (3) days.
- Children and the elderly have weaker immune systems and are easy targets for mosquitoes. Ensure they always sleep under a mosquito net, no matter what time of day they nap.
- To shield them from both the chilly weather and mosquito bites, have them wear long-sleeved shirts, long pants, or light sweaters.
- Keep the house well-ventilated so it doesn't get damp and gloomy. Encourage everyone to wash their hands thoroughly with soap right after coming back from outside.
Boost Immunity with Proper Nutrition (Diet & Health)
- Digestion tends to slow down during the rainy season. Avoid leftovers straight from the fridge; instead, opt for freshly cooked, piping-hot meals.
- Strengthen their natural immune shield by adding Vitamin C-rich fruits like oranges, guavas, and green leafy vegetables to their daily diet.
- Keep their energy and hydration levels up by serving boiled warm water, hot soups, or oral rehydration salts (ORS) regularly.
- Stay away from street food, unhygienic snacks, and ice cream during this season. Make sure all meat, fish, and eggs are thoroughly and safely cooked.
#ကျန်းမာရေးအသိပညာ
#ရာသီတုပ်ကွေး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(106), University Avenue Road, 9 Ward, Kamayut Township
Yangon
11041
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |